Subscribe to our RSS Feed

တပ်မတော်မှ ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ တို့၏ အဓိက စခန်းထောက် တစ်ခုအား သိမ်းပိုက် ရရှိခြင်း

From :မြဝတီ 


နေပြည်တော် ဇန်နဝါရီ ၁
နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက် အရ တပ်မတော်သည် ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့နှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိစေရန် ရည်မှန်းချက် ထားပြီး အလွတ် သဘော တွေ့ဆုံ ဆွေးနွေးမှု ၄ ကြိမ်၊ ပြည်နယ် အဆင့် တွေ့ဆုံ ဆွေးနွေးမှု ၃ ကြိမ်၊ ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးမှု ၄ ကြိမ်၊ စုစုပေါင်း ၁၁ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်။
၃၀-၁၀-၂၀၁၂ ရက်နေ့ ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ ရာတွင် နှစ်ဖက်တပ်များ နေရာချ ထားရေးအတွက် ထိရောက်စွာ ညှိနှိုင်း ဆောင်ရွက်နိုင်ရန် တောင်းဆိုချက် အရ တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး ၁ဦး အဖွဲ့ဝင် အဖြစ် စေလွှတ် ပေးခဲ့သော်လည်း တစ်ဖက်မှ စစ်ဘက် ခေါင်းဆောင်ပိုင်း တက်ရောက်ရန် ပျက်ကွက် ခဲ့ခြင်းကြောင့် အရေးကြီးသည့် ဆွေးနွေးမှုများ ဆောင်ရွက်နိုင်မှု မရှိခဲ့ပါ။
ဆွေးနွေးပွဲ ပြုလုပ်စဉ် အတွင်း၌လည်း ၂၉-၈-၂၀၁၂ရက်နေ့တွင် ဖားကန့်မြို့နယ် ဝေအောင် ကမ္ဘာ ကုမ္ပဏီ အခြေစိုက်ရာ တောင်ကုန်းရှိ ကျောက်ထုတ်လုပ်မှု လုပ်ငန်းနှင့် စက်ယန္တရား များအား ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများမှ ဝင်ရောက် နှောင့်ယှက် ဖျက်ဆီး နေကြောင်း သတင်းအရ တပ်မတော်မှ ဝင်ရောက် ရှင်းလင်းရာတွင် ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ များမှ ထောင်ချောက်မိုင်းများ ဖောက်ခွဲ တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်သားများ ထိခိုက်ကျဆုံး မှုများ ရှိခဲ့ပါသည်။ ၁၈- ၁၂- ၂၀၁၂ရက်နေ့တွင် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ရဲစခန်းအား ကေအိုအေ အကြမ်းဖက် သောင်းကျန်းသူ များမှ ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ ဝင် များနှင့် မိသားစု ဝင်များ ထိခိုက် ကျဆုံးလျက် လက်နက်များ ဆုံးရှုံးခဲ့ပါသည်။
၂၁- ၁၂- ၂၀၁၂ ရက်နေ့တွင် ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများသည် မန္တလေး-မြစ်ကြီးနား ကုန်ရထားအား အကြောင်းမဲ့ မိုင်းခွဲ တိုက်ခိုက် ခဲ့သဖြင့် ရထားသံလမ်း ပျက်စီး၊ ကုန်တွဲများ တိမ်းမှောက်၍ ဝန်ထမ်းများ ဒဏ်ရာ ရရှိခဲ့ပါသည်။ ၃၀- ၁၂- ၂၀၁၂ ရက်နေ့တွင် မီးရထားလမ်း လုံခြုံရေး ဆောင်ရွက်လျက် ရှိသော မိုးကောင်းမြို့နယ်၊ တောင်နီကျေးရွာ အုပ်စု တောင်နီ ပြည်သူ့စစ် စခန်းအား ကေအိုင်ကေ အကြမ်းဖက် သောင်းကျန်းသူများမှ ဝင်ရောက် တိုက်ခိုက် ခဲ့ရာ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ ဒဏ်ရာရ ဖမ်းဆီးခံရကာ လက်နက်များ သိမ်းယူ သွားပြီး ရထားလမ်း တံတား မိုင်းခွဲဖျက်ဆီး ခံခဲ့ရပါသည်။ ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ များသည် ၂၀၁၁ ခုနှစ် ဇွန်လမှစတင်၍ ရထားလမ်း မိုင်းခွဲမှု အကြိမ် ၅၀ ကျော်၊ လမ်းတံတား ဖောက်လုပ်ရေး ယန္တရားများ တိုက်ခိုက်ဖျက်စီးမှု အကြိမ် ၁၀၀ကျော် ဆောင်ရွက်ခဲ့ ကြပါသည်။
တပ်မတော် အနေဖြင့် နိုင်ငံတော် သမ္မတ၏ ညွှန်ကြားချက်အရ မြစ်ကြီးနား- ဗန်းမော် ကားလမ်း လုံခြုံချောမွေ့စွာ သွားလာရေးအတွက် ဆောင်ရွက်လျက်ရှိရာ ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများမှ ဝင်ရောက် တိုက်ခိုက်ခြင်း၊ လမ်းတံတား များအား ဖောက်ခွဲ ဖျက်ဆီးခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက် ဖျက်ဆီးမှုများ ဆောင်ရွက် ခဲ့ပါသည်။
မိမိတပ်များ အနေဖြင့် မြစ်ကြီးနား- ဗန်းမော် လမ်းကြောင်း အနီးတွင် လုံခြုံရေးအရ တပ်စွဲ ထားသည့် လဂျားယန် စခန်းသို့ ရိက္ခာ ပို့ဆောင်ရေး ဆောင်ရွက်ရန် ကိစ္စရှိ လာတိုင်း သက်ဆိုင်ရာမှ တစ်ဆင့် ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများထံ ကြိုတင် အသိပေး ခဲ့သော်လည်း ရိက္ခာ ပို့ခဲ့သည့် ၃ ကြိမ်လုံးတွင် မိမိရိက္ခာပို့ စစ်ကြောင်းများအား ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းခွဲတိုက်ခိုက် ခြင်းများ ဆောင်ရွက်ခဲ့သဖြင့် မိမိ အရာရှိ/ စစ်သည်များ ထိခိုက်ကျဆုံး ခဲ့ရပါသည်။ အလားတူ ရိက္ခာ ပို့ဆောင်ရန် ရှိကြောင်း ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများထံ ၂၃- ၁၂- ၂၀၁၂ ရက်နေ့တွင် ကြိုတင် အကြောင်းကြား ခဲ့သည့် ကြားမှ မိမိ တပ်ဖွဲ့များကို အင်အား အသုံးပြု တိုက်ခိုက်ခဲ့သဖြင့် မိမိစစ်သည် များစွာ ထိခိုက် ကျဆုံးမှု ရှိခဲ့ပါသည်။
တပ်မတော်သည် ထာဝရ ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များတွင်ပါဝင် တက်ရောက်ခြင်း၊ မိမိကိုယ်ကိုယ် ခုခံ ကာကွယ်ခြင်းမှ လွဲ၍ စခန်းများအား စတင် တိုက်ခိုက်ခြင်း မပြုဘဲ သည်းခံ ဆောင်ရွက်လျက် ရှိသော်လည်း ဒေသအတွင်း လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေး အတွက် လဂျားယန် စခန်းသို့ ရိက္ခာပို့သည့် လမ်းကြောင်းတွင် အဓိက ပိတ်ဆို့သော နေရာ၊ မြစ်ကြီးနား- ဗန်းမော် ကားလမ်းအား အဓိက နှောင့်ယှက် ပိတ်ဆို့လျှက် ရှိပြီး ၎င်းတို့၏ ဌာနချုပ် လိုင်ဇာ အတွက် အဓိက စခန်းထောက် နေရာဖြစ်သည့် ကချင်ပြည်နယ် အရှေ့ပိုင်းရှိ ပွိုင့်- ၇၇၁ တောင်ကုန်းနှင့် ဝန်းကျင်အား လေကြောင်းပစ်ကူ တိုက်ခိုက်ခဲ့ရာ ၃၀- ၁၂- ၂၀၁၂ ရက်နေ့တွင် ၎င်းနေရာအား အောင်မြင်စွာ သိမ်းပိုက်ရရှိ ခဲ့ပါသည်။ စခန်းအတွင်းမှ ၁၂၀ မမ စိန်ပြောင်း ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ လက်နက်မျိုးစုံ ၁၃ လက်၊ လက်ပစ်ဗုံး မျိုးစုံ ၅၀၀ လုံး၊ ဗုံးသီးမျိုးစုံ ၂၇၀ လုံး၊ မိုင်းမျိုးစုံ ၅၂ လုံး၊ ကျည်မျိုးစုံ ၄၀၀၀ တောင့်၊ ယမ်းကြိုး ၂ ခွေ သိမ်းဆည်း ရရှိခဲ့ပါသည်။ ဆက်လက်၍ ကားလမ်း တစ်လျောက် ဝန်းကျင်အား အသေးစိတ် ရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

 www.MyanmarExpress.net
 

6 comments:

ABSDFဗိုလ်မှူးမင်းဌေး ဆိုပီး ကချင်စစ်ပွဲနဲ့ပတ်သက်ပီးအာချောင်နေသူက...ABSDF (မြောက်ပိုင်း)က ခေါင်းဖြတ်လူသတ်သမား..ေ၇ာ်နယ်အောင်နိုင် လက်အောက်ကကောင်ပါ

ကချင်စစ်ပွဲ၌၀င်တိုက်နေသော ABSDF (မြောက်ပိုင်း)ခေါင်းဆောင် ဦးလှဆိုင် ဆိုသူမှာ...ကျောင်းသားခေါင်းဆောင်..ကိုထွန်းအောင်ကျော်၏ခေါင်းအား သစ်တုံးပေါ်တင်ခိုင်း၍ ကိုယ်တိုင် ရက်၇က်စက်စက် ဓါးမ နှင့် ခုတ်ဖြတ်ခဲ့သူ ABSDF (မြောက်ပိုင်း)က ခေါင်းဖြတ်လူသတ်သမား..လှဆိုင်း ဖြစ်ပါတယ်

ရော်နယ်အောင်နိုင်တို့ ဒေါက်တာနိုင်အောင်တို့ ရှေ့နေ အောင်ထူးတို့ မိုးသီးဇွန်တို့အကြောင်းတို့ တင်ပြကြပါဦး။ဒီကောင်တွေအသံတိတ်ကုန်ကြပြီလား။တို့ ရွာသားတွေကတော့ ဒီကောင်တွေ အမှုဆိုင်မယ့်နေ့ကို စောင့်နေတယ်။နိုင်ငံအတွက်ဆိုပြီးကြီးကြီးကျယ်ကျယ်ပြောပြီးလုပ်မနေ ကြပါနဲ့။AB မြောက်ပိုင်းမတရားမှုပဲ ရှင်းပေးပါဦး။

လူ သတ် ဓါး ပြ အ ဖွဲံ့ မှာ လည်း
ဗိုလ်မှူး တွေ ဘာ တွေ နဲ့
ရာ ထူး တွေ အသီး သီး နဲ့
ပါ လား ?ဟားဟားဟား
ဟားဟားဟား...?

No, No. No,
It's not Point Yah Ya 1 ,

It is Point 7 7 1 ( Point Seven Seven One )

Please read carefully,

http://vimeo.com/29891714
ဒီသီတင်း ဖတ်ရတော့ ဒီလင့်လေးကိုပြန်ကြည့်မိတယ်ဗျာ .............

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်