From : 7day
အစိုးရတပ်မတော်နှင့် ကေအိုင်အေတို့ကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသော်လည်း ကေအိုင်အို၊ ကေအိုင်အေနှင့် ငြိမ်းချမ်းရေးရရှိရန် နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာမှုကို မဖြစ်ဖြစ်အောင် ဆောင်ရွက်မည်ဟု
ကတိပေးကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇန်န၀ါရီ ၁ ရက်တွင် ပြောကြားလိုက်သည်။
“ကတိပေးတယ်ဗျာ။ ဖြစ်အောင်လုပ်မယ်။ ဘယ်တော့မှ မလျှော့ဘူး။ တပ်အတွက်လည်း မဟုတ်ဘူး။ အစိုးရအတွက်လည်း မဟုတ်ဘူး။ ပြည်သူသန်း ၆၀ အတွက်၊ စစ်ဆိုတာ ကောင်းမှ မကောင်းတာဗျာ” ဟု ၀န်ကြီး ဦးအောင်မင်းက ပြောသည်။
ကေအိုင်အိုအဖွဲ့မှလွဲ၍ ကျန်အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့အစည်းများနှင့်မကြာမီ နိုင်ငံရေးဆွေးနွေးပွဲများ စတင်တော့မည်ဖြစ်ရာ ထိုဆွေးနွေးပွဲများတွင် ကေအိုင်အိုကိုပါ ပါဝင်လာအောင် ဆောင်ရွက်သွားမည်ဟု ၀န်ကြီးဦးအောင်မင်းက ဆိုသည်။
“အပြန်အလှန်တိုက်ရင်းနဲ့ အမှတ်တစ်ခုကို ရောက်တော့မယ်။ အဲဒီအမှတ်က ဒီထက်တက်လာမယ်ဆိုရင် အကြီးအကျယ် ပိုပြီးပြဿနာဖြစ်လာနိုင်တဲ့ အနေအထားရှိတယ်။ လူမျိုးရေးအမြင်မျိုးတွေ ပိုကြီးလာမှာကိုလည်း စိုးရိမ်တယ်” ဟု ပဋိပက္ခရေးရာ ကျွမ်းကျင်သူ၊ ငြိမ်းချမ်းရေးစင်တာမှ အပစ်အခတ်ရပ်စဲရေး ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကပြောသည်။
ထို့အပြင် ဒေါက်တာမင်းဇော်ဦးက စစ်ပွဲများဖြင့် ငြိမ်းချမ်းရေးရရန် မလုပ်နိုင်ကြောင်း၊ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်း နည်းဖြင့်သာ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ြေ ကာင်း ပြောသည်။ လက်ရှိ အခြေအနေတွင် မြန်မာ့တပ်မတော်နှင့် ကေအိုင်
အေတို့ကြားစစ်ရှိန်လျှော့ချနိုင်ရန်မှာ တွေ့ဆုံဆွေးနွေးမှုအဆင့်သို့သွား ရန် အရေးကြီးသောအဆင့်ဖြစ်ကြောင်း ပြော သည်။
၂၀၁၂ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း ကေအိုင်အိုဌာနချုပ်အနီးတွင် တိုက်ပွဲများ ပြင်းထန်လာခဲ့ပြီး လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကေအိုင်အိုဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့ကို မသိမ်းရန် တပ်မတော်ကို မှာကြားထားကြောင်း ၀န်ကြီးဦးအောင်မင်းကဆိုသည်။
သမ္မတ ဦးသိန်းစိန် လက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူနိုင်ခဲ့သော်လည်း ကေအိုင်အိုနှင့်မူ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရသေးဘဲ တိုက်ပွဲများဖြစ်ပွားခဲ့သည်မှာ တစ်နှစ်နှင့်ခြောက်လကျော် ကြာခဲ့ပြီဖြစ်သည်။
www.MyanmarExpress.net
အစိုးရတပ်မတော်နှင့် ကေအိုင်အေတို့ကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသော်လည်း ကေအိုင်အို၊ ကေအိုင်အေနှင့် ငြိမ်းချမ်းရေးရရှိရန် နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာမှုကို မဖြစ်ဖြစ်အောင် ဆောင်ရွက်မည်ဟု
ကတိပေးကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇန်န၀ါရီ ၁ ရက်တွင် ပြောကြားလိုက်သည်။
“ကတိပေးတယ်ဗျာ။ ဖြစ်အောင်လုပ်မယ်။ ဘယ်တော့မှ မလျှော့ဘူး။ တပ်အတွက်လည်း မဟုတ်ဘူး။ အစိုးရအတွက်လည်း မဟုတ်ဘူး။ ပြည်သူသန်း ၆၀ အတွက်၊ စစ်ဆိုတာ ကောင်းမှ မကောင်းတာဗျာ” ဟု ၀န်ကြီး ဦးအောင်မင်းက ပြောသည်။
ကေအိုင်အိုအဖွဲ့မှလွဲ၍ ကျန်အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့အစည်းများနှင့်မကြာမီ နိုင်ငံရေးဆွေးနွေးပွဲများ စတင်တော့မည်ဖြစ်ရာ ထိုဆွေးနွေးပွဲများတွင် ကေအိုင်အိုကိုပါ ပါဝင်လာအောင် ဆောင်ရွက်သွားမည်ဟု ၀န်ကြီးဦးအောင်မင်းက ဆိုသည်။
“အပြန်အလှန်တိုက်ရင်းနဲ့ အမှတ်တစ်ခုကို ရောက်တော့မယ်။ အဲဒီအမှတ်က ဒီထက်တက်လာမယ်ဆိုရင် အကြီးအကျယ် ပိုပြီးပြဿနာဖြစ်လာနိုင်တဲ့ အနေအထားရှိတယ်။ လူမျိုးရေးအမြင်မျိုးတွေ ပိုကြီးလာမှာကိုလည်း စိုးရိမ်တယ်” ဟု ပဋိပက္ခရေးရာ ကျွမ်းကျင်သူ၊ ငြိမ်းချမ်းရေးစင်တာမှ အပစ်အခတ်ရပ်စဲရေး ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကပြောသည်။
ထို့အပြင် ဒေါက်တာမင်းဇော်ဦးက စစ်ပွဲများဖြင့် ငြိမ်းချမ်းရေးရရန် မလုပ်နိုင်ကြောင်း၊ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်း နည်းဖြင့်သာ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ြေ
အေတို့ကြားစစ်ရှိန်လျှော့ချနိုင
၂၀၁၂ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း ကေအိုင်အိုဌာနချုပ်အနီးတွင် တိုက်ပွဲများ ပြင်းထန်လာခဲ့ပြီး လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကေအိုင်အိုဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့ကို မသိမ်းရန် တပ်မတော်ကို မှာကြားထားကြောင်း ၀န်ကြီးဦးအောင်မင်းကဆိုသည်။
သမ္မတ ဦးသိန်းစိန် လက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူနိုင်ခဲ့သော်လည်း ကေအိုင်အိုနှင့်မူ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရသေးဘဲ တိုက်ပွဲများဖြစ်ပွားခဲ့သည်မှာ တစ်နှစ်နှင့်ခြောက်လကျော် ကြာခဲ့ပြီဖြစ်သည်။
www.MyanmarExpress.net

.jpg)
5 comments:
ဗိုလ်မှူးမင်းဌေး ဆိုပီး ကချင်စစ်ပွဲနဲ့ပတ်သက်ပီးအာချောင်နေသူက...ABSDF (မြောက်ပိုင်း)က ခေါင်းဖြတ်လူသတ်သမား..ေ၇ာ်နယ်အောင်နိုင် လက်အောက်ကကောင်ပါ
ကချင်စစ်ပွဲ၌၀င်တိုက်နေသော ABSDF (မြောက်ပိုင်း)ခေါင်းဆောင် ဦးလှဆိုင် ဆိုသူမှာ...ကျောင်းသားခေါင်းဆောင်..ကိုထွန်းအောင်ကျော်၏ခေါင်းအား သစ်တုံးပေါ်တင်ခိုင်း၍ ကိုယ်တိုင် ရက်၇က်စက်စက် ဓါးမ နှင့် ခုတ်ဖြတ်ခဲ့သူ ABSDF (မြောက်ပိုင်း)က ခေါင်းဖြတ်လူသတ်သမား..လှဆိုင်း ဖြစ်ပါတယ်
လူ သတ် သ မား လ ဆိုင်း ကျ ဆုံး ပါ စေ။
ကျောင်းသားသတ်တဲ့AB အမည်ခံသူတောင်းစားတွေ မင်းတို့ကိစ္စ မင်းတို့ရှင်းရဦးမယ်။ABSDF ကျဆုံးပါစေ။
သန်း ၆၀ သောပြည်းသူတွေအတွက် kia ကို အပြုတ် တ်ုက် ပေးပါ ဒါမှ မြန်မာ့တပ်မတော်ကို ယုံကြည်လို့ ရမယ်
ဦး အောင် မင်း က တိ ပေး
နေ တယ် လေ..ဖြစ် အောင် လုပ် မယ် လို့
လက် ပ တောင်း တောင် ကိစ္စ
တွေ့ လား?
တစ် ပတ် ၁၀ ရက် အတွင်း
ထူး ခြား စေရ မယ် လို့ ပြော တာ
၃ရက်၎ ရက် အ တွင်း
အ ဖြေ ထွက် သွား တယ် လေ။
ဒီတစ် ခါ လည်း kia ပျောက်
အောင် လုပ် စမ်း ပါ ဝန် ကြီး ရယ်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်