Subscribe to our RSS Feed

ကေအိုင်အေတပ်ဖွဲဝင်များ အစိုးရတပ်နဲ့ ပြည်သူ့စစ်များထံသို့ အလင်းဝင်ရောက်

From : http://www.kachindailynews.com/2013/01/blog-post_4415.html

ဝိုင်းမော် -ဆဒုံး- ကန်ပိုက်တီး လမ်းမှာ လုံခြုံရေးယူထားတဲ့ ပြည်သူ့စစ်အဖွဲ့သို့ ဒီဇင်ဘာ ၃၁ရက်နေ့ မနက် ၉ နာရီလောက်က ကေအိုင်အေ တပ်သား ၂ဦး သူတို့ကိုင်တဲ့ သေနတ်တွေနဲ့ အလင်းဝင်ရောက်ခဲ့ ပါသည်။ အလင်ဝင်လာသူ ၂ဦးက မြင်ခြံ တောင်သာဘက်ကလို့ သိရပါသည်။
 

           ဒီဇင်ဘာလ ၃၁ရက် နေ့လည် ၁၁နာရီလောက်မှာ ရှမ်းဟွေ့တံတားနားမှာလုံခြုံရေး ယူနေတဲ့ အစိုးရတပ်ကို ကေအိုင်အေက တပ်သား ၄ဦး အလင်းဝင်ရောက်ခဲ့ပါသည်။ သူတို့သေနတ်တွေ မယူလာကြဘဲ ရောက်ပြီးမှာ သူတို့ သေနတ်ထားခဲ့နေရာတွေကို အစိုးရတပ်တွေကို သွားရောက်ပြသခဲ့ကြသည်။ ၄င်းတို့ ၄ဦး မှာ မလိခမြစ်ကြောင်းမှာ ရွှေမှော်လုပ်ကိုင်ရင်းနဲ့  ကေအိုင်အေတပ်သားသစ်စုတာကို ခံရသူများဖြစ်ပြီး ရန်ကုန်၊ တိုက်ကြီးမှ ကချင်ကိုလာပြီး အလုပ်လာ လုပ်သူများဖြစ်ကာ အသက် ၁၈ နှစ်နဲ့ ၃၀ ကြားရှိသူများဖြစ်သည်ဟု ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးမှ ပြောကြား ခဲ့သည်။
 
 www.MyanmarExpress.net
 

1 comments:

အ လင်း ဝင် ရောက် လာ တဲ့ သူ တွေ အ သက် ဘေး ကင်း ဝေး အောင် အ သက် တို့ နေ ရပ် လိပ် စာ တို့ တင် မ ပေး ပါ နဲ့ င ပွေး တွေ က စာ မ ကပ် ထား တော့ နေ ရာ တိုင်း မှာ သူ တို့ ရှိ မ ရှိ မ ပြော နိုင် ဘူး ငြိမ်း ငြိမ်း ချမ်း ချမ်း မ သေ ချင် လို့ အ လင်း ဝင် လာ တာ ကို ကာ ကွယ် ပေး တဲ့ အ နေ နဲ့ မ တင် တာ အ ကောင်း ဆုံး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်