From : myanmar age
မြန်မာနှင့် လာအိုအကြား တည်ရှိနေသည့် မဲခေါင်မြစ်ပေါ်တွင် တည်ဆောက်မည့် နှစ်နိုင်ငံအကြား ပထမဆုံးမြစ်ကူးတံတားကို လာမည့် ဖေဖေါ်ဝါရီတွင် စတင်ဆောက်လုပ်သွားမည် ဖြစ်ကြောင်း လာအိုနိုင်ငံပိုင်မီဒီယာက ဖေါ်ပြသည်။
လာအို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဆွန်မတ်ဖိုလ်ဆီနာသည် ပြီးခဲ့သည့်အပတ်က မြန်မာသို့ သွားရောက်လည်ပတ်ခဲ့ပြီး အဆိုပါ တံတား ဆောက်လုပ်ရန် သဘောတူညီမှုရခဲ့ကြောင်း ဗီယန်ကျန်း
တိုင်းမ်စ် သတင်းစာက ဖေါ်ပြထားသည်။
ဖေဖေါ်ဝါရီတွင် ဆောက်လုပ်မည့် ယင်းတံတားကို မြန်မာမှ
ခိုင်လတ်ပ်နှင့် လာအိုမှ ကျင်းကောက်တို့အကြား ဆက်သွယ်
စေမည်ဖြစ်ပြီး အရှည် ၆၆၀ မီတာ ရှိမည်ဟု သိရသည်။ တံတားပြီးစီးသွားပါက ယင်းသည် နှစ်နိုင်ငံအကြား ဆက်သွယ်
ထားသည့် ပထမဆုံးတံတား ဖြစ်လာမည် ဖြစ်သည်။
လာအိုနှင့် ထိုင်းတို့သည် နှစ်နိုင်ငံအကြား မဲခေါင်မြစ်ဖြတ်၍ ဆက်သွယ်ထားသည့် နယ်စပ်တံတားပေါင်း သုံးစင်းကို တည်ဆေက်ထားပြီး ဖြစ် သည်။ မဲခေါင်မြစ်သည် အရှေ့ တောင်
အရှ၏ အရှည်ဆုံးမြစ်ဖြစ်ပြီး တရုတ်တောင်ပိုင်းမှနေ၍ လာအို၊
မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့ကို ဖြတ်ကျော်ပြီး တောင်တရုတ် ပင်လယ်အတွင်း စီးဝင်သွားသော မြစ်တစ်စင်းလည်း ဖြစ်သည်။
www.MyanmarExpress.net

.jpg)
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်