From : the voice
မကြာခဏ မိုင်းကွဲလေ့ ရှိသည့် ကချင်ပြည်နယ် မြစ်ကြီးနား - မန္တလေး ရထား လမ်းပိုင်း ပေါ်ရှိ ဟိုပင် ဘူတာနှင့် နန်းခွင် ဘူတာ ကြားတွင် ဇန်နဝါရီ ၁ ရက်နေ့ ည ၁၁ နာရီ၌ ရထားလမ်း မိုင်းကွဲမှု ဖြစ်ပွား ခဲ့ပြီးနောက် တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တို့ အပြန်အလှန် ပစ်ခတ် မှုများ ဖြစ်ပွား ခဲ့ကြောင်း မိုးညှင်းခရိုင် အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။
ယင်း မိုင်းခွဲမှုကို ကေအိုင်အေက လုပ်ဆောင်ခြင်း ဖြစ်ပြီး ရထားလမ်း ပိုင်းများ ပြတ်တောက် ပျက်စီးခဲ့သည့် အပြင် အမှတ် ၄၃ အဆန် ပါဆယ် အထူးရထား ဖြတ်သန်းချိန် ဖြစ်သဖြင့် ရထားထိန်း တွဲလည်း တွဲချော်မှု ဖြစ်ပွား ခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေး အဖွဲ့သို့ ပေးပို့သော သတင်း အချက်အလက် များအရ သိရသည်။ The Voice Weekly အနေဖြင့် အထက်ပါ အချက်အလက် များနှင့် ပတ်သက်၍ ကေအိုင်အေ ထံ အတည်ပြုချက် ရယူနေဆဲ ဖြစ်သည်။
မိုင်းပေါက်ကွဲမှု ဖြစ်ပွား ချိန်တွင် ရထားလမ်းပိုင်း တာဝန်ယူ ထားသော အမှတ် ၃၈၅ ခြေမြန် တပ်ရင်း တပ်စုတစ်စု ကိုလည်း ကေအိုင်အေက ပစ်ခတ် ခဲ့သည့် အတွက် နှစ်ဖက်ထိတွေ့ ပစ်ခတ် ခဲ့ကြပြီး ၁၂ နာရီ ၄၅ မိနစ်တွင် ပြီးဆုံး သွားကြောင်း ခရိုင် အုပ်ချုပ်ရေးမှူး ရုံးသို့ ပေးပို့သော သတင်း အချက်အလက် များတွင် ဖော်ပြ ပါရှိသည်။
“ အသေအပျောက် က စိစစ် နေဆဲပါ။ ရထားလမ်း ကတော့ ဒီမနက် ၈နာရီ ခွဲ လောက်က ပြန်ကောင်း သွားပါပြီ” ဟု အထက်ပါ ရုံးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယခုရက်ပိုင်းအတွင်းရထားလမ်းပိုင်းတွင်မကြာခဏမိုင်းကွဲမှုများ ဖြစ်ပွားလျက် ရှိခြင်းကြောင့်ရထားဖြင့်ခရီးသွားလာရသည်မှာစိုးရိမ် ကြောက်ရွံ့ နေရကြောင်းမိုးညှင်းမြို့ ဒေသခံများကတူညီစွာ ပြောဆိုကြသည်။
www.MyanmarExpress.net

2 comments:
နှမလိုး the voice,
ဒေသခံ အုပ်ချုပ် ရေး က
သ တင်း ထုတ် ပြန် တာ တောင်
ဟုတ် မ ဟုတ် kia ကို ပြန် မေး
နေ ရ တယ် လို့
ပထွေး တွေ ကို ကြေ တာ့
ဝိုင်း ပြီး အ ပြစ် တင် မှာ စိုး နေ
သေး တယ်
သူ ပ ထွေး တွေ က ကောင်း တာ
လုပ် နေ တာ ဆို တော့
ဟုတ် မဟုတ် အ မှန် ပြော မယ် ထင်
နေ တာ လား?
ဗျောင် လိမ် ဗျောင် စား kia ကွ မှတ်ထား
ကချင် ပြည် နယ် အ တွက် ဆိုပြီး
ပြညါ နယ် တစ် ခု လုံး ကို
မိုင်း ထောင် ဗုံး ခွဲ ဆက် ကြေး တောင်း
လူ သတ် နေ တာ လေ...
Why don't Goverment capture the Laiza head
quarter of KIA terrorist group?No need to neglect the terrorism of KIA bloody hell rebel
group.They have made a lot of terrorism in
Kachin State.They are real common enemy of
every Myanmar citizen.KIA is world biggest
terrorist group.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်