Subscribe to our RSS Feed

မန္တလေး-မြစ်ကြီးနား ရထားလမ်း KIA မှ ထပ်မံမိုင်းခွဲဖျက်ဆီး

From : http://www.kachindailynews.com/2013/01/kia_2.html

၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ ၁ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်တွင်ဟိုပင် မြို့နယ်ခွဲ ဘူတာမှ တစ်မိုင်ခန့် အကွာ မိုင်တိုင်အမှတ်(၆၅၂/၄)နှင့် (၅) အကြား အမှတ်(၄၃)အဆန် ကုန်တင်ရထား ဖြတ်သန်းမောင်းနှင် နေစဉ် KIA မှ ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း၊ မိုင်းပေါက်ကွဲ မှုကြောင့် ဟိုပင်မှ မိုးကောင်း ဘက်သွား ရထားသံလမ်း ဘယ်ဘက်အခြမ်း (၁)ပေ ခန့်ပြတ်တောက်သွားပြီး ဇလီဖာတုံး (၅)တုံး ပျက်ဆီး ကာ ကုန်တင်ရထား၏နောက်ဆုံးတွဲရှိ ရထားဘီး(၄)ဘီး လမ်းချော်ခဲ့ကြောင်း သတင်းရရှိပါသည်။ ပျက်ဆီး သွားသော ရထားလမ်းကို မိုးညှင်းဘူတာမှ ကြီးကြပ်ရေးမှူး ဦးစီး၍ ၀န်ထမ်း    (၁၃)ဦးဖြင့် စတင်ပြုပြင်လျက်ရှိပြီး ရထားသွားလာမှု အား ခေတ္တခဏ ပိတ်ထားကြောင်း သိရှိရပါသည်။
 

 KIA မှ ၂၀၁၁ ခုနှစ်၊ ဇွန်လမှ စတင်၍ ရထားလမ်းမိုင်းခွဲမှု အကြိမ်(၅၀)ကျော်၊ လမ်းတံတား ဆောက်လုပ်ရေးယန္တရားများ တိုက်ခိုက်ဖျက်ဆီးမှု အကြိမ်(၁၀၀)ကျော်ဆောင်ရွက်ခဲ့ကြောင်း မှတ်တမ်းများ အရ သိရှိရသည်။
 
 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်