KIA
စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်မှ စခန်းများအား
စွန့်ခွာထွက်ပြေးလာသူများသည် စစ်ရာဇ၀တ်
ကောင်များအဖြစ် သတ်မှတ်ပြီး ထိရောက်သော အပြစ်ဒဏ်ပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာလ
၃၁ ရက်နေ့တွင်
ပြောကြားခဲ့ပါသည်။ အစိုးရနှင့် တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားလျှက်
ရှိပြီး၊ KIA စခန်းများလက်လွတ်ဆုံးရှုံး နေရပါသည်။
အစိုးရတပ်များ၏စနစ်တကျတိုက်ခိုက်မှုများကြောင့် KIA အဖွဲ့မှာ
အထိနာလျှက်ရှိပါသည်။ KIA အဖွဲ့ဝင်အများစုမှာ
တိုက်ရည်ခိုက်ရည်ပြည့်ဝမှုမရှိဘဲ၊ စစ်ပွဲကာလအတွင်း
အဓမ္မလူသစ် စုဆောင်းခံရသူများ ဖြစ်ခြင်း၊ စစ်ပညာသင်တန်းများအား
စနစ်တကျမတတ်ရောက်ရခြင်း၊
ရိက္ခာနှင့် လက်နက်များ အလုံအလောက်မရှိခြင်းများကြောင့် အစိုးရတပ်များမှ
စနစ်တကျ တိုက်စစ်ဆင်ချိန်တွင်
အကျအဆုံးများစွာဖြင့် စခန်းများအား စွန့်ခွာထွက်ပြေးခဲ့ရပါသည်။
![]() | |
| အဓမ္မလူသစ်စုဆောင်းခံထားရသော တပ်သားသစ်များ |
ထိုသို့ဆောက်တည်ရာမရ ထွက်ပြေးနေကြသဖြင့်
စခန်းစွန့်ခွာထွက်ပြေးလာသူများအား စစ်ရာဇ၀တ်ကောင်များအဖြစ် သတ်မှတ်ပြီး ပြင်းထန်ထိရောက်စွာ
အရေးယူသွားမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ် ဂမ်ရှောင်က ကြော်ငြာခဲ့ခြင်းဖြစ်ပါသည်။ KIA အဖွဲ့၏
ထိရောက်သော အရေးယူမှုမှာ သေဒဏ်ပေးခြင်း
ဖြစ်တယ်လို့ KIA အရာရှိတစ်ဦးမှ ပြောကြားခဲ့ပါသည်။
တိုက်ပွဲစွန့်ခွာပြီးထွက်ပြေးပါက သေဒဏ်ပေးခြင်းခံရမှာဖြစ်လို့ တိုက်ပွဲမှာပဲ အသေခံတိုက်ခိုက် သွားရ မှာဖြစ်တယ် လို့ ၄င်းအရာရှိမှဆက်လက် ပြောကြားခဲ့ပါသည်။ KIA ခေါင်းဆောင်များအနေဖြင့် လိုင်ဇာမြို့အား
အစိုးရတပ်များ တိုက်ခိုက်လာပါက ထွက်ပြေးတိမ်းရှောင်နိုင်ရန် တစ်ဖက် တရုတ်နိုင်ငံတွင်
အဆောက်အဦများ ကြိုတင်ပြင်ဆင် ထားရှိပြီး ဖြစ်သော်လည်း KIA လက်အောက်အဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးပါက
ထိရောက်သော ပြစ်ဒဏ်ပေးမည် ဆိုခြင်းကား လူမဆန်သော ရက်စက်မှုဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
www.MyanmarExpress.net

8 comments:
ခေါင်းရှောင်ကြီးများ ပြေးပြီ
ငယ်သားတွေကတော့ အသေခံကြပေါ့
. . .
အဲ့ဒီအမိန့်ပေးတဲ့ကောင်ကို သတ်ပစ်လိုက်ရင်ပြီးတာပဲ
အချိန်ဆွဲမနေနဲ့ K I A ရဲဘော်များမင်းတို့လူ ကြီးတွေကိုပြန်သတ်လိုက်ရင်
ပြီးပြီ မင်းတို့လူကြီးတွေက ဟိုဘက်နိုင်ငံမှာဇိမ်ကျနေတယ်ဆိုတာသိသင့်တယ်
Mr KIA , stop fighting and let's talk about peace.The more you fight,the less you lose.
တရုတ်ပြည်ထဲထွက်ပြေးတဲ့ ခေါင်းဆောင်တွေကိုဘယ်လိုအရေးယူမှာလဲ
ကေအိုင်အေ မှ စစ် ပြေး များ
ကို တပ် မ တော် မှ အ လို ရှိ
သည်။ အတူ ယူဆောင် လာ သော
လက် နက် အ မျိုး စား ပေါ် မူ တည် ပြီး
ချီး မြင့် ငွေ များ ထောက် ပံ့ ကြေး များ ပေး
မည်။
We don't understand about China's policy, China wants good relationship with Myanmar and the other hand China is supporting KIO/KIA Terrorists giving arms and place for KIA leaders to live in China. If China wants to be good friend of Myanmar, China must block all KIA and catch them and put in jail or any KIA cross the border and enter to China, kill them all. If China will not support KIA, where KIA goes, there is no place to go. Any way you can run but you cann't hide, some day all KIA will be terminated by Myanmar Army.
ABSDFဗိုလ်မှူးမင်းဌေး ဆိုပီး ကချင်စစ်ပွဲနဲ့ပတ်သက်ပီးအာချောင်နေသူက...ABSDF (မြောက်ပိုင်း)က ခေါင်းဖြတ်လူသတ်သမား..ေ၇ာ်နယ်အောင်နိုင် လက်အောက်ကကောင်ပါ
ကချင်စစ်ပွဲ၌၀င်တိုက်နေသော ABSDF (မြောက်ပိုင်း)ခေါင်းဆောင် ဦးလှဆိုင် ဆိုသူမှာ...ကျောင်းသားခေါင်းဆောင်..ကိုထွန်းအောင်ကျော်၏ခေါင်းအား သစ်တုံးပေါ်တင်ခိုင်း၍ ကိုယ်တိုင် ရက်၇က်စက်စက် ဓါးမ နှင့် ခုတ်ဖြတ်ခဲ့သူ ABSDF (မြောက်ပိုင်း)က ခေါင်းဖြတ်လူသတ်သမား..လှဆိုင်း ဖြစ်ပါတယ်
If you can‘t beat them,join them.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်