From : Myanmar Online News
မြန်မာနိုင်ငံ၌ မြှုပ်နှံထားသည်ဆိုသော ဗြိတိန်တိုက်လေယာဉ် Spitfire များကို တူးဖော်မည့် အဖွဲ့အေ နဖြင့်မြန် မာနိုင်ငံ အတွင်း လေယာဉ်မြှုပ်နှံ ထားသည့်နေရာများတွင် ရှာဖွေမှုများ စတင်ခဲ့ရာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၈ ရက်နေ့တွင်မြစ်ကြီးနားမြို့ လေဆိပ် လေယာဉ်ပြေးလမ်း အနီး မြောက်ဘက်သို့ တွင်းများ တူးပြီး camera ဖြင့် ကြည့်ရှု၍နည်းပညာ အကူအညီဖြင့် ရှာဖွေခဲ့ရာ လေယာဉ်မျာ ထည့်ထား သည်ဟု ယူဆရသော စုစုပေါင်း သစ်သား သေတ္တာ ၁၈ လုံးတွေ့ရှိခဲ့သည်။
ထို့ပြင် ၄င်းအဖွဲ့သည် ရန်ကုန်မြို့  မင်္ဂလာဒုံ လေဆိပ်တွင် အဆင့်မြင့် နည်းပညာသုံး ကရိယာများ အသုံးပြု ၍ ရှာဖွေခဲ့ရာပင်မ လေယာဉ် ပြေးလမ်း၏ အနောက်ဘက် ပြည်လမ်းဘက်ခြမ်းတွင် လေယာဉ်များ ထည့်ထား သည့် သေတ္တာများ မြှုပ်နှံထားသည့် နေရာအား တွေ့ရှိခဲ့သည်။ ၄င်း တွေ့ရှိရသော လေယာဉ် ထည့်ထားသည့် သေတ္တာများအား စက်ကရိယာများအသုံးပြု၍ တူးဖော်သွားမည် ဖြစ်ကြောင်း သိရှိရ သည်။ မြန်မာပြည်အတွင်း ရန်ကုန်လေဆိပ် အနီးတွင် Spitfire လေယာဉ်၃၆ စီး၊ မြစ်ကြီးနားတွင် ၁၈ စီး၊ မိတ္ထီလာ တွင် ၆ စီးတို့ မြှုပ်နှံထားဖွယ် ရှိသည်ဟု လေယာဉ်ရှာဖွေရေး အဖွဲ့က ယူဆထားသည်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်က ဒုတိယကမ္ဘာစစ်တွင်းတွင် ဗြိတိန် လေတပ်မတော်က အားထား ရတဲ့ Spitfire တိုက်လေယာဉ်တော်တော် များများကို ဒုတိယကမ္ဘာစစ် ပြီးခါနီးမှာ မြန်မာ့ မြေပြင် အောက် လုံလုံခြုံ ခြုံ သိမ်းဖွက်သွားခဲ့ခြင်းဖြစ်သည်။ ယခုလက်ရှိအချိန် ကမ္ဘာပေါ် ၌ှSpitfire လေယာဉ် အစီး ၅၀ အောက်သာ ကျန်ရှိတော့မည်ဟု ခန့်မှန်း ထားကြပြီး ယခုတူးဖော်မှု များမှ မပျက်စီးဘဲ အကောင်းပတိ အတိုင်း တွေ့ရှိရပါက အရေအတွက်မှာ နှစ် ဆဖြစ် လာနိုင်ခြေ ရှိသည်။ တူးဖော်မှုတွင် နိုင်ငံတော် အစိုးရ၊ ရွှေတောင်ပေါ် ကုမ္ပဏီ နှင့် ဗြိတိသျှ အခြေစိုက် DJC ကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင် ကြမည်ဖြစ်ပြီး လေယာဉ် ရှာဖွေရေး အဖွဲ့ တွင် ဗြိတိသျှ DJC ကုမ္ပဏီ ဥက္ကဋ္ဌ အသက် ၆၂ နှစ်အရွယ် Mr.David J.Cundall ဦးဆောင်သည့် အဖွဲ့ဝင် ၂၁ ဦးပါဝင်ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့ တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ ခဲ့သည်။ လေယာဉ်များ ရှာဖွေမှုတွင် အကျိုးအမြတ် ခွဲဝေမှုအနေဖြင့် နိုင်ငံတော် အစိုးရက ၅ဝ ရာခိုင်နှုန်း ၊ရွှေတောင်ေ ပါ် ကုမ္ပဏီ က ၂ဝ ရာခိုင်နှုန်း နှင့် ဗြိတိသျှ DJC ကုမ္ပဏီက၃ဝ ရာခိုင်နှုန်း ဖြင့် သဘော တူညီခဲ့ ကြခြင်းဖြစ်သည်။

8 comments:
သူတို့ကိုဘာလို့ပြန်ပေးရမှာလဲကိုယ့်နိုင်ငံကိုမတရားလာတိုက်တုန်းကသုံးခဲ့ပြီးကိုယ့်တိုင်းပြည်ထဲကျန်ခဲ့တာပဲမြန်မာပြည်ကသူတို့မတရားယူဆောင်သွားကြတဲ့ပစ္စည်းတွေကို
ပြန်ပေးမှာမို့လို့လားစဉ်းစဉ်းစားစားလဲလုပ်ကြပါအုံးသောက်ရူးတွေရယ်
သီပေါမင်းနှင့်အတူ ယူသွားတဲ့ နန်းစဉ်ရတနာတွေကိုလည်း ပြန်တောင်းပါ၊ပြန်မပေးရင် သူတို့ ဟာတွေကိုလည်း ပြန်ပေးစရာမလိုဘူး။
သီပေါမင်းနှင့်အတူ ယူသွားတဲ့ နန်းစဉ်ရတနာတွေကို ပြန်တောင်းပါ၊ပြန်မပေးရင် သူတို့ လေယာဉ်တွေကိုလည်းပြန်မပေးပါနဲ့ ။
something is not right. spitfire are not bombers they are fighters they did not usually do the bombing but guarded bombers which usually bomb on Japanese that are killing more of our people. without those spitfire we all will be speaking Japanese.
spitfire လေယာဉ်တွေပြန်မပေးရေးအတွက်မျိုးချစ်စိတ်ရှိ
တဲ့နိုင်ငံသားတိုင်းကန့်ကွက်ဆန္ဒပြသင့်တယ်မြန်မာ့လွတ်လပ်ရေးအတွက်အသက်ပေးတိုက်ပွဲဝင်သွားကြတဲ့ငါတို့ရဲ့
ဘိုးဘွားတွေအတွက်ရင်နာစရာတကယ်ကောင်းတဲ့လုပ်ရပ်တစ်ခုပါပဲငါတို့ဘိုးဘွားတွေကိုရက်ရက်စက်စက်သတ်ဖြတ်ပြီးငါတို့တိုင်းပြည်ကိုကျွန်ဇာတ်သွင်းရာမှာသုံးစွဲခဲ့တဲ့ဒီ
လေယာဉ်တွေကိုပြန်ပေးဖို့လုပ်ဆောင်မှုမှန်သမျှကိုအမျိုးသားသစ္စာဖောက်မှုလို့ပဲမြင်နိုင်မယ်
you are simply a liar.
လေယဉ် တွေကိုလေလံတင် ရောင်းစားပြစ်
Is it true news?
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်