Subscribe to our RSS Feed

အာရှအဆင့် အွန်လိုင်းဂိမ်း မြန်မာ ဝင်ပြိုင်မည်

From : popular

စင်ကာပူနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ်ကျင်းပမည့် အာရှအဆင့် အွန်လိုင်းဂိမ်းပြိုင်ပွဲ (Arma-ggeddon Grand Slam Asia 2013) သို့ မြန်မာနိုင်ငံမှ သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း Technovation ကုမ္ပဏီမှ သိရသည်။

၎င်းဂိမ်းပြိုင်ပွဲကို မတ်လတွင် ကျင်းပမည်ဖြစ်ပြီး စင်ကာပူ၊ မလေး ရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် သီရိလင်္ကာမှ ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး ဂျပန်၊ ကိုရီးယား၊ တရုတ်(တိုင်ပေ)နှင့် ဟောင်ကောင်မှ ပြိုင်ပွဲဝင်များမှာ အွန်လိုင်းမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် စင်ကာပူနိုင်ငံ၌ သွားရောက်ယှဉ်ပြိုင် ရန် မြန်မာ နိုင်ငံကိုယ်စားပြု အသင်းရွေးချယ်မည် ဖြစ်ပြီး
၎င်းရွေးချယ်ပွဲအား ဖေဖော် ဝါရီလ ၂၂၊ ၂၃ နှင့် ၂၄ ရက်များ တွင် ကျင်းပမည် ဖြစ်သည်။

ကိုယ်စားပြု ပြည်တွင်း အသင်းပြိုင်ပွဲတွင် အသင်း ၆၄ သင်း ပါဝင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆိုပါအသင်းများမှ တစ်သင်းကိုသာ Myanmar Champion အဖြစ် ရွေးချယ်သွားမည်ဖြစ်ကြောင်း Technovation မှ ကိုကျော်ဆန်းက ပြောသည်။

''မြန်မာနိုင်ငံမှာလည်း ဒီအွန်လိုင်းဂိမ်းကို တော်တော်များများ ကစားလာကြ တာမို့ ဒီဂိမ်းနဲ့ပဲ ပြည်ပကို ထိုးဖောက်စေချင်ပါတယ်'' ဟု အထက်ပါပုဂ္ဂိုလ် က ပြောသည်။
အဆိုပါ အွန်လိုင်းဂိမ်းပြိုင်ပွဲတွင် Dota 2 ဂိမ်းဖြင့် ယှဉ်ပြိုင်ကြရမည် ဖြစ် ပြီး ပြည်တွင်းပြိုင်ပွဲအတွက် Red Link ကုမ္ပဏီမှ အင်တာနက်ရရှိ စေရန် ကူညီပံ့ ပိုးပေးမည် ဖြစ်ကြောင်း သိရသည်။


  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်