Subscribe to our RSS Feed

ရုရှားနိုင်ငံ ယူရဲလ်ဒေသ၌ ကျရောက်ခဲ့သော ဥက္ကာခဲအပိုင်းအစများကို စတာလင်ပေါင် ၆၅၀၀ အထိ ဈေးခေါ်ထားသောကြောင့် လူများအလုအယက်ရှာဖွေနေ

From :eleven

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က  ရုရှားနိုင်ငံ ယူရဲလ်ဒေသ အထက်ကောင်းကင်၌ တန်ချိန် ၄၀ ခန့်ရှိသော ဥက္ကာခဲကြီး ပေါက်ကွဲခဲ့ပြီးနောက် စတာလင်ပေါင် သောင်းချီလျက် တန်ဖိုးရှိနိုင်သည့် ဥက္ကာခဲ အပိုင်းအစများကို လူများ အလုအယက်ရှာဖွေ နေကြကြောင်း သိရသည်။ ဥက္ကာခဲ အပိုင်းအစများကို ဈေးခေါ်မှုများသည် ရုရှားကြော်ငြာဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Avito.Ru ၌ စတင်ပေါ်လာခြင်း ဖြစ်သည်။

ယင်းတွင် ၀က်ဘ်ဆိုက်အသုံးပြုသူတစ်ဦးက အပိုင်းအစတစ်ခုကို စတာလင်ပေါင် ၆၅၀၀ ဖြင့် ဈေးခေါ်ထားသော်လည်း အခြားတစ်ဦးကမူ အစအန ၁၈ ခုအား တစ်ခုလျင် ၁၁ ပေါင်စီဖြင့် ဈေးခေါ်ထားသည်။ အတော်အတန်ကြီးမားသည့် ဥက္ကာခဲကြီးတစ်ခဲ ပြုတ်ကျခဲ့သော ရေခဲနေသည့် ရေအိုင်တစ်ခုဘေး၌ ဒေသခံအများအပြား စုဝေးကာ ဥက္ကာခဲအစအန ရှာပုံတော်ထွက်နေကြသည်ဟု ဆိုသည်။

ဥက္ကာခဲကြီးသည် ကမ္ဘာမြေလေထုအတွင်းသို့ တစ်နာရီလျင် ၃၃၀,၀၀၀ မိုင်နှုန်းထက် မနည်းသော အမြန်နှုန်းဖြင့် ၀င်ရောက်လာခဲ့ပြီး ပေါက်ကွဲခဲ့ရာ အချင်း ပေ၅၀ရှိသော ယင်းဥက္ကာခဲက ၎င်းအရှေ့ရှိ လေထုကို ဖိနှိပ်ခဲ့သောကြောင့် အပူချိန် ကြောက်ခမန်းလိလိ မြင့်တက်ခဲ့သည်။  ယင်းပေါက်ကွဲမှုသည် ဒေသစံတော်ချိန် နံနက် ၉:၂၀ နာရီ၌ ဖြစ်ပေါ်ခဲ့ပြီး အချိန်အနည်းငယ် လွဲသွားခဲ့ပါက ဗြိတိန်နိုင်ငံရှိ လူနေထူထပ်သော နေရာသို့ ကျရောက် ပေါက်ကွဲနိုင်ဖွယ်ရှိသည်ဟု ပညာရှင်တို့က ခန့်မှန်းပြောကြားခဲ့သည်။


  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်