Subscribe to our RSS Feed

မြန်မာကလေး စစ်သား ၂၄ ဦး ပြန်လွှတ်ပေးမှု ကုလကြိုဆို

From :voa

မြန်မာစစ်တပ်က ကလေးစစ်သား တွေကို မိဘထံ ပြန်လည် အပ်နှံမှု အခမ်းအနား (၃၊ ၉၊ ၂၀၁၂)

မြန်မာ စစ်တပ်ထဲက ကလေးစစ်သား ၂၄ ဦးကို ပြန်လွှတ်ပေးလိုက် တဲ့အပေါ် ကုလသမဂ္ဂ က ချီးမွမ်း ကြိုဆို လိုက်ပါတယ်။

စစ်တပ်တွင်းက ကလေးစစ်သား ၂၄ ဦးကို စိစစ်ပြီး ပြန်လွှတ်ပေးတဲ့ အခမ်းအနား တစ်ရပ်ကို ပြီးခဲ့တဲ့ သောကြာနေ့ တုန်းက ရန်ကုန်မြို့မှာ ကျင်းပခဲ့ပြီး၊ အစိုးရ တာဝန် ရှိသူတွေ၊ စစ်တပ် အရာရှိတွေ အပြင် UNICEF ကုလသမဂ္ဂ ကလေး သူငယ်များ ရန်ပုံငွေ အဖွဲ့က မြန်မာနိုင်ငံ ကိုယ်စားလှယ်လည်း တက်ရာက် ခဲ့ပါတယ်။

အဲ့ဒီပွဲကို တက်ရာက်တဲ့ UNICEF မြန်မာနိုင်ငံ ကိုယ်စားလှယ် ဘတ်ထရန်း ဘိန်းဗဲလ် (Bertrand Bainvel) ကလည်း အဲ့ဒီ လွတ်မြောက်လာတဲ့ ကလေးတွေကို စကား ပြောပါတယ်။ ဒီကလေးတွေ အနေနဲ့ အမှားအယွင်း မလုပ်ခဲ့ ကြကြောင်းနဲ့ မှားယွင်းပြီးတော့ အလုပ် ခံရတာ ဖြစ်ကြောင်း၊ ဒီ့အတွက် သူတို့ အသက် မပြည့်ခင်မှာ မှားယွင်း အသုံးပြုမိတဲ့ စစ်တပ်ကနေ သူတို့ကို အခု ပြန်လွှတ်ပေးရတာ ဖြစ်ကြောင်း မစ္စတာ ဘိန်းဗဲလ် က ပြောသွားပါ တယ်။

မြန်မာ နိုင်ငံတွင်း ကလေးစစ်သား စုဆောင်း အသုံးပြုမှု အဆုံးသတ်ရေး အတွက် မြန်မာ အစိုးရနဲ့ ကုလ သမဂ္ဂအကြား ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက သဘော တူညီမှုတွေ ရခဲ့ပြီး၊ အဲ့ဒီ သဘော တူညီမှုရဲ့ အဆက်အနေနဲ့ ဆောင်ရွက်ချက် ဖြစ်တယ်လို့ ကုလ သမဂ္ဂက ကြေညာချက် ထုတ်ပြန်ပါတယ်။

အခုလို ကလေးစစ်သား ၂၄ ဦး ပြန်လွတ်မြောက် လာတာကို ကြည့်ရင် အစိုးရ အနေနဲ့ ကလေးတွေကို စစ်တပ်အတွက် စုဆောင်း အသုံး ပြုတာမျိုး မဖြစ် သင့်တော့ဘူး ဆိုတဲ့ ပိုင်းဖြတ်ချက်ကို ထင်ဟပ်စေ တယ်လို့ ရန်ကုန် ကုလ သမဂ္ဂရုံးက ဌာနေ ကိုယ်စားလှယ် အရွှတ် နီဂမ်း (Ashok Nigam) က ပြောပါတယ်။

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်