Subscribe to our RSS Feed

ပူတာအို ဒေသနှင့် ဆွမ်ပရာ ဘွမ်သို့ တပ်မတော်မှ ရိက္ခာနှင့် ထောက်ပံ့ရေး ပစ္စည်းများ ထောက်ပံ့ ပေးပို့၊ ဆက်လက် ပေးပို့လျက်ရှိ

From :မြဝတီ


ကချင်ပြည်နယ်  ပူတာအိုမြို့သည် မြစ်ကြီးနားမြို့မှ (၂၁၈) မိုင်အကွာတွင် ရှိပြီး သာမန် အချိန် မော်တော်ယာဉ်ဖြင့် တစ်ညအိပ် ခရီးသာ သွားရောက် ရသဖြင့် လမ်းပန်း ဆက်သွယ်မှု လွယ်ကူပြီး ကုန်စည် စီးဆင်းမှု အဆင်ပြေ ချောမွေ့ကာ ဒေသခံ တိုင်းရင်းသားများ၊ ဝန်ထမ်းများ အတွက် ပညာရေး၊  ကျန်းမာရေးနှင့် လူမှုစီးပွား အခြေအနေများ တိုးတက် ကောင်းမွန် ခဲ့သည်။
တပ်မတော် အနေဖြင့် ပူတာအို ဒေသရှိ  ဒေသခံ တိုင်းရင်းသား များနှင့် အစိုးရ ဝန်ထမ်းများ အတွက် ရိက္ခာနှင့် ထောက်ပံ့ရေး ပစ္စည်းများအား ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ တပ်မတော် လေယာဉ် များဖြင့် ထောက်ပံ့ ပို့ဆောင် ပေးခဲ့ရာ တပ်မတော် (လေ) Y- 8 လေယာဉ်ဖြင့် မြစ်ကြီးနား- ပူတာအို ခရီးစဉ် အတိုင်း ဆန် ၇၃ဝ အိတ်၊ စားသုံးဆီ လေးပီပါ၊ ဆား ၂၅ဝ ပိဿာ၊ ကြက်သွန် ၈ဝဝ ပိဿာ အပါအဝင် စားသောက်ကုန် ပစ္စည်းများ၊ စာရေး ကိရိယာ များနှင့် အခြား လူမှုရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပို့ဆောင် ပေးခဲ့ကြောင်း သိရှိ ရသည်။





ထို့အပြင် နိုင်ငံတော် အစိုးရသည် ပြည်သူ လူထု၏ အခက်အခဲ များနှင့် တင်ပြချက် များကို အချိန်နှင့် တစ်ပြေးညီ စီစဉ် ဆောင်ရွက် ပေးလျက် ရှိပြီး ၂ဝ၁၃ ခုနှစ် ဖေဖော် ဝါရီ ၇ ရက် နံနက် ၉ နာရီ ၁၈ မိနစ်က ရန်ကုန်မှပူတာအိုသို့ တပ် မတော် လေယာဉ်ဖြင့်  ဆန်၂၅ ကီလိုဝင် အိတ်၂၄ဝ အိတ်၊  ဆီ၁ဝ ပိဿာဝင် ပုံး ၃ဝ ပုံးနှင့်၊ ဆား ၂၅ ပိဿာဝင် အိတ် ၁၂ အိတ်၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၂၅ သိန်း ၄ သောင်း အား ပေးပို့ လှူဒါန်းခဲ့ရာ ပူတာအို လေဆိပ်သို့ မွန်းလွဲ ၁ နာရီ၂၅ မိနစ်တွင် ရောက်ရှိခဲ့သည်။





ရောက်ရှိလာသော ရိက္ခာနှင့် ထောက်ပံ့ရေး ပစ္စည်းများအား ပြည်သူလူထု ထံသို့ အမြန်ဆုံး ရောက်ရှိနိုင်ရေး ဆောင်ရွက် ခဲ့ကြောင်း နယ်မြေခံ လူထုထံမှ သိရှိရပါသည်။






ထို့နောက် ၂၀၁၃ခုနှစ် ဇန်န၀ါရီလ အတွင်း တပ်မတော် ယာဉ်တန်းများဖြင့် ပူတာအိုနှင့် ဆွမ်ပရာဘွမ် မြို့များသို့ စားနပ် ရိက္ခာနှင့် ထောက်ပံ့ရေး ပစ္စည်းများအား ထောက်ပံ့ ပေးလျက် ရှိကြောင်း၊ ထိုသို့ ရောက်ရှိလာသည့် အတွက် ကုန်ဈေးနှုန်း ကျဆင်းမှုအား အထောက်အကူ ပြုကြောင်း၊ စစ်ယာဉ်တန်း နှင့်အတူ အရပ်ယာဉ် ၅၀ ကျော်ပါရှိပြီး စုစုပေါင်း ယာဉ် ၂၀၀ ကျော် ရှိကြောင်း၊ ပေးပို့မှုအား ၂ ခေါက် ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။



ထို့အပြင် မိုးတွင်း ကာလအတွင်း စားသုံးနိုင်ရန် အတွက် တပ်မတော်မှ ဆက်လက်ပြီး ပေးပို့ သွားမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။


  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်