Subscribe to our RSS Feed

ကျူးကျော်များကို တိုက်ခန်း ဝယ်ယူခွင့် ဦးစားပေးမည်

From :the voice

တန်ဖိုးနည်း အိမ်ယာ စီမံကိန်း ဖော်ဆောင်မည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) စီမံကိန်း ဧရိယာ အတွင်း နေထိုင်သည့် ကျူးကျော်များ ထဲမှ အနေကြာသည့် ကျူးကျော် များကို စီမံကိန်း ပြီးဆုံးပါက တိုက်ခန်း ဝယ်ယူခွင့် အတွက် ဦးစားပေး စဉ်းစားမည် ဟု မြို့ရွာ နှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီး ဌာန၊ မြေခွန် မြေတိုင်း ဌာနခွဲ၊ ဒုတိယ ညွှန်ကြားရေးမှူး တစ်ဦးက The Voice Weekly သို့ပြောကြားသည်။

“ဦးစားပေးမည် ဆိုတာက ဈေးလျှော့မယ် လို့တော့ မဆိုလို ပါဘူး၊ ဝယ်ယူ ခွင့် လျှောက်ထားသူ တွေထဲက မှ ဦးစားပေး ဝယ်ယူခွင့် ပေးမှာပါ” ဟု ၎င်းက ရှင်းပြ သည်။

အနေကြာ ကျူးကျော် များကို မြို့ရွာ နှင့် အိုးအိမ် ဖွံ့ဖြိုးမှု ဦးစီးဌာန၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရပ်မိ ရပ်ဖ များ၊ NLD ပါတီ၊ NDF ပါတီ၊ တ.စ.ည ပါတီ နှင့် ပြည်ခိုင်ဖြိုး ပါတီများ ၏ ထောက်ခံချက် ဖြင့် စာရင်း ကောက်ယူ လျှက် ရှိကြောင်း မြေခွန်မြေတိုင်း ဌာန ထံမှ သိရသည်။


  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်