Subscribe to our RSS Feed

ရခိုင်ဒုက္ခသည်တွေကို ကူညီရန် ငြင်းဆန်ခဲ့သူ နေမျိုးဇင် ကချင်တရုတ် များကို ကူညီရန် လိုင်ဇာရောက်ရှိ


ရခိုင်ဒုက္ခသည်တွေကို ကူညီရန် ငြင်းဆန်ခဲ့သူ နေမျိုးဇင် နှင့်အဖွဲ့ ကချင်တရုတ် များကို ကူညီရန် လိုင်ဇာ သို့ ကားစီးရောက်ရှိသွားကြောင်း သတင်းရရှိသည်။

ငြိမ်းချမ်းရေးအတွက် လမ်းလျောက်နေသောအဖွဲ့တစ်ဖွဲ့ဖြစ်သည့် နေမျိုးဇင်နှင့်အဖွဲ့သည် ယမန်နေ့ ညနေ ၆နာရီခန့်တွင် ကားဖြင့် KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ ရောက်ရှိလာပြီး ဆွမ်ဖဟိုတယ်တွင် တည်းခို နေကြောင်းသိရှိရပါသည်။

အစိုးရတပ်နှင့် KIA တို့ တိုက်ပွဲများရပ်ကာ ငြိမ်းချမ်းရေးအတွက် ရန်ကုန်မှ လိုင်ဇာသို့ ဇန်န၀ါရီလ ၂၁ရက်နေ့မှစပြီး ရန်နိုင်ထွန်းနှင့် ဇင်ကိုကိုတို့က ဦးဆောင်ပြီး လမ်းလျောက် ခဲ့ကြ ပါသည်။ မန္တလေးတွင် ရန်ကုန်ကအဖွဲ့၊ မြင်ခြံမှအဖွဲ့၊ ပခုက္ကူမှအဖွဲ့၊ တို့ဆုံပြီး လိုင်ဇာထိစုပေါင်း ချီတက်ရန် တိုင်ပင်ခဲ့ကြသော်လည်း အဆင်မပြေသောကြောင့် အုပ်စု၂စုကွဲသွားခဲ့သည်။

ဒါပေမယ့် နေမျိုးဇင်နဲ့ ၁၀ဦးမှ မန္တလေးကနေ ၁၇ရက်နေ့တွင် လိုင်ဇာသို့ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းမှနေပြီး ကား၂စီးနှင့် ထွက်ခွါလာခဲ့ပြီး ယမန်နေ့ကညနေ့က ရောက်ရှိခဲ့သည်ဟု သိရှိရပါသည်။

ငြိမ်းချမ်းရေးအတွက် တောင်းဆိုဖို့လုပ်နေတဲ့သူတွေ ကိုယ်တိုင်က အမျိုးမျိုးကွဲနေတာ ကျွန်တော်တို့ကိုလာ ပြီးတော့ ငြိမ်းချမ်းရေးအတွက် လာလုပ်ပေးနေတယ် ဆိုတာ သိပ်တော့ သဘာဝမကျဘူး၊ နာမည်ကောင်း ယူချင်တာလား၊ ပိုက်ဆံတွေကိုလိုချင်လို့ လုပ်နေတာလားဆိုကိုတော့ မသိနိုင်ဘူးဟု KIA ဌာနချုပ်မှ အရာရှိတစ်ဦးက ပြောဆိုခဲ့ပါသည်။

နေမျိုးဇင်က သူကိုသူ ဗိုလ်ကြီးဟောင်းဆိုပြီးတော့ သိပ်ယုံကြည့်ရတဲ့ အထဲမှာ မပါပါဘူးဟု ၎င်းအရာရှိမှပြောဆိုခဲ့ပါသည်။


တနှစ်ကျော်ကြာ ဖြစ်ပွားခဲ့သော ရခိုင် ပဠိပက္ခတွင် ရခိုင်အိမ်ခြေ ထောင်နှင့်ချီကာ မီးရှို့ခံရပြီး ဒုက္ဒသည် သောင်းချီရှိသော်လည်း နေမျိုးဇင်မှ ရခိုင်သို့သွားရန် ငြင်းဆန်ခဲ့သည်။

 www.MyanmarExpress.net
 

6 comments:

ခွေး သူ ခိုး

ဖာ ခေါင်း သာ သာ နေ မျိုး ဇင် ပါ ကွာ ။စစ် မ တိုက် ဖူး တဲ့  စစ် ဗိုလ် ဟောင်း D S A39 ချီး ထုတ်။ တ ဒဂုံ နေ သူ တောင်း စားပါ မွား။ သူ့  အ ကြောင်း မ တင် ပါ နဲ့  ။

ဒီကောင်ကအလကားကောင်ပါကွ။ စောက်ရူး ချီးထုတ် ကိုများ အဟုတ်လုပ်လို့။

အလုပ်ကိုလက်ကြောတင်းအောင် မလုပ်ချင်တော့ ပွဲလန့်တုန်းဖျာခင်းရတာပေါ့ ငွေလည်းရ နာမည်လည်းကြီး ဒီထက်ပိုနာမည်ကြီးအောင် တိရိစ္ဆာန်လို ကိုယ်လုံးတီးလျှောက်ပြပါအုံးမယ် အားပေးကြပါအုံး

နေမျိုးဇင် ဆိုတာ ထေကြီး ပါ

DSAအပတ်စဉ်တစ်ခုမှာ ကိုး၇ို့ကား၇ားအဖြစ်ဆုံး အထုံဆုံး အညံ့ဆုံးသင်တန်းသားကို ထေကြီးဘွဲ့ ပေးထားတာပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်