From :
.http://www.kachindailynews.com/2013/02/blog-post_1071.html
မြန်မာပြည်ဘက် သျှမ်းပြည်နယ်နှင့်ကချင်ပြည်နယ်ကြားရှိ သစ်များကို တရုတ်နိုင်ငံမှ သစ်ကုန်သည် များက နေ့စဉ် ကားဖြင့် လာရောက်သယ်ယူနေကြောင်း သတင်းရရှိသည်။
နမ့်ခမ်းဘက်မှ သစ်လုံးတင် တရုတ်ကား
“တရုတ်သစ်တင်ကားတွေက နေ့တိုင်း ညသန်းခေါင်အချိန်တွေမှာ တရုတ်ပြည် ဂျယ်ကောင် ဘက် ကနေ နမ့်ခမ်းမြို့ဖြတ်ပြီး မန့်ဝိန်းဘက်ဆင်းသွားတာ တနေ့ အစီး ၃၀လောက်ရှိတယ်၊ ကားတွေက ၁၂ ဘီး ကား တွေ ချည်းပဲ၊ သစ်တင်ပြီးရင်တော့ ကချင် မန့်ဝိန်းကြီးဘက်ကနေ နောင်တောင်းမြို့မှာရှိတဲ့ သစ်ဂိုဒေါင်မှာ သွားစုထားတာတွေ့ရတယ် ” ဟု နမ့်ခမ်းဒေသခံ ဈေးပတ် လိုက်ရောင်းနေသော ဈေးသည် တစ်ဦး ပြော သည်။
သစ်လုံးတင်ကားများ
သစ်များကို ကချင်ပြည်နယ် KIA တပ်မဟာ ၃ ဖြစ်သည့် အင်ပါပါမြို့နယ်ဘက်မှ တနေ့အစီး တစ်ရာ ကျော် သယ်ထုတ်နေကြောင်း၊ သို့သော် ကချင်ပြည်နယ် ထဲမှ သစ်များ မဟုတ် ကြကြောင်း ၊ သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် လွိုင်စောဝ် အနီးရှိ သစ်များဖြစ်ကြ ကြောင်း သစ်တင်ကား မောင်း သမား တစ်ဦးကဆိုသည်။
“တရုတ်တွေ ကျနော်တို့ဘက်က သစ်တွေကို စည်းမဲ့ကမ်းမဲ့ ခုတ်နေတာကြောင့် ရာသီဥတု ဖောက် ပြန် မှုတွေ သိသိသာသာကြီး ဖြစ် ပေါ်နေတယ်၊ အခုဆောင်းရာသီလဲ အအေးချိန်လွန်ကဲတယ်၊ တဖက်ကလဲ နမ့်ခမ်းမြို့ ရပ်ရွာထဲက ရေတွင်းတွေခန်းခြောက်ကုန်တာ၊ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျနော်တို့အိမ်က ရေတွင်းက ရေစုပ်မော်တာ ၃ လုံးနဲ့စုပ်ပြီး စိတ်ကြိုက်သုံးလို့ရတယ်၊ အခုတော့ တလှည့်စီ စုပ်ပြီးရေကို ချွေတာသုံးနေရ တယ်” ဟု နမ့်ခမ်းဒေသခံ ခေတ်ပညာတတ် လူငယ်စိုင်းခမ်းကပြောသည်။
နမ့်ခမ်းဘက်မှမြေဆီများကိုအိတ်များဖြင့်ထည့်၍တရုတ်ပြည်ဘက်သယ်ယူ
တရုတ်ကုမ္မဏီများ သျှမ်းပြည် ကချင်ပြည်မှ သစ်ပင်များကို ခုတ်ယူရုံတင်မက အမြစ်ပါနုတ်ယူသွားပြီး ကျန်ရှိနေသည့် မြေဆီ ကိုလည်း ဘိလပ်မြေအိတ်ဖြင့် ထည့်ယူသွားကြကြောင်း ၊ တရုတ်နိုင်ငံ ဘက် ရွှေလီနှင့် ဂျယ်ကောင်မြို့ များ တွင် သစ်ပင်များဖြင့် စိမ်းလန်းစိုပြေနေကြောင်း မြန်မာနိုင်ငံဘက် နမ့်ခမ်းမြို့တွင်မူ သစ်ပင်များမရှိတော့သလောက်ရှားပါး သွားကြောင်း ၄င်းကဆိုသည်။
ရွှေလီဘက်၌တွေ့ရသော စိမ်းလန်းစိုပြေမှု
. www.MyanmarExpress.net

5 comments:
မဘိမ်းနယ်က အများဆုံးဘဲ။အထူးသဖြင့် အစုကြီး
့ချောင်းဝမှာ တရုတ်တွေကိုယ်တိုင်ထိုင်ဝယ်နေတယ်။
မဂျီဂွန်လိုလမ်းမျိုးမှာ သူတို့ သစ်တင်ကားတန်းနဲ့တွေ့
လျင် အိပ်ငိုက်လုအောင် ဘေးကပ်စောင့်ပေတော့ ။
***သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းလိုသူ ချစ်မြတ်နိုး
သူအဖို့ မြင်ရတာ စိတ်မချမ်းသာစရာ။
မြန်မာ့ကျေးဇူးရှင်တွေဆိုတော့ ဘယ်လိုလုပ်လုပ်ပါ ကုန်းပေးလိုက်ပေါ့
အမျိုးသားရေးတာဝန်တစ်ရပ်ပါ
လွတ်တော် အစိုးရ အရေးတကြီး
ဆောင်ရွက်သင့်နေပြီ
လွန်ခဲ့သော နှစ်၂၀ ကျော်က
မြန်မာ့သစ်တောကနိုင်ငံဧရိယာရဲ့၅၀ရာနုန်း
အခုကြတော့?
တရုပ်နဲ့ အိမ်နီးခြင်းဖြစ်ရတာကံဆိုးတာလား
ငါတို့လူမျိုးတွေမညီညွတ်လို့
အသိတရား အမျှာ်အမြင်နည်းလို
တရုပ်လုပ်သမျှ ခံနေကြရတာလား
မြစ်ချောင်းအင်းအိုင် တောတောင်တွေ
ရှိသမျှကုန်နေပြီ။
ငါတို့နိုင်ငံကသစ်တောအပြုန်းဆုံး၅နိုင်ငံ
တရုပ်ကသစ်တောအတိုးတက်ဆုံး၅နိင်ငံ
ထဲမှာ နိုင်ငံတကာစစ်တမ်းတွေရှိတယ်
ဒါတရားလားလို့ ကလေးတွေမေးလိုရတယ်
ဒါတို့ပြည် ကနေ ဒါတရုပ်ပြည်ဖြစ်နေပြီ။
မ အေ လိုး တ ရုတ် ငါ့ သား KIA သူ ခိုး တွေ ငါ တို့ ဆိ က သစ် ကျောက် ခိုး ယူ နေ တာ ကြာ လှ ပါ ပြိ တပ် မ တော် ကြိး ရေ အဲ ဒိ ကား တွေ ကို ထု ပစ် ပါ လုပ် ကြ စမ်း ပါ ကား မ လာ ရ နယ် သတ် မှတ် ပြိး လာ တဲ့ ကား ထု ပစ် ပါ
အဲ ဒီ လို မ ကြမ်း ရင် မြန် မာ နိုင် ငံ က တော် တော် အ တဲ့ နိုင် ငံ ဖြစ် တော့ မှာ ပါ ကား မ လာ ရ နယ် သတ် မှတ် ပါ
Let take our resources out. They're our God.Our resources've already been almost nothing.So let bygones be bygones.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်