Subscribe to our RSS Feed

မြန်မာဒုက္ခသည်များ ခေါ်ယူရေး အမေရိကန်ရပ်ဆိုင်းတော့မည်

From : သံတော်ဆင့်

မြန်မာဒုက္ခသည်များအား အခြေချ ခိုလှုံခွင့်ပေးလျက်ရှိသော အမေရိကန်နိုင်ငံအနေဖြင့် လာမည့် ၂၀၁၃ ခုနှစ်၊ ဇွန်လတွင် မြန်မာဒုက္ခသည်များ အသစ်ထပ်မံခေါ်ယူရေးကို ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ဒုက္ခ သည် များ ဆိုင်ရာ အမေရိကန်အကြီးအကဲ မစ္စတာဒေးဗစ်ရောဘင်ဆန်က ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိမယ်လဒုက္ခသည် စခန်းသို့ ရောက်ရှိလာစဉ် မစ္စတာဒေးဗစ်ရောဘင်ဆန်က ပြောကြား လိုက်ခြင်းဖြစ်ပြီး ၂၁၁၃ ခုနှစ် ဇွန်လ ၅ ရက်အထိ အမေရိကန်နိုင်ငံသို့ သွားရောက်လိုသည့် ဒုက္ခ သ ည်များ စာရင်းကို ပေးရမည်ဖြစ်ပြီး နောက်ပိုင်းတွင် လက်မခံတော့ဘဲ စာရင်းပိတ်မည်ဖြစ်ကြောင်း ၎င်း ကပြောသည်။

ယခုကဲ့သို့ ဒုက္ခသည်များ လာရောက် အခြေချခိုလှုံခွင့် ရုပ်သိမ်းခြင်းမှာ အမေရိကန်နိုင်ငံ တစ်နိုင်ငံ တည်း မှဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ မှနေ၍ သြစတြေးလျ၊ ကနေဒါ၊ နော်ဝေ၊ ဆွီဒင်၊ နယ် သာ လန်၊ ဖင်လန်၊ နယူးဇီလန်၊ ဘယ်လ်ဂျီယံနှင့် ဂျပန်နိုင်ငံများသို့လည်းသွား ရောက်ခိုလှုံ အခြေချမှု များသည်။

သွားရောက်ခိုလှုံ အခြေချလိုသည့် ဒုက္ခသည်များသည် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)မှ အသိ အမှတ်ပြု လက်မှတ်ကိုင်ဆောင်ထားသူများ ဖြစ်ရမည်ဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ်တွင် (UNHCR) အသိအမှတ်ပြုဒုက္ခသည် စခန်း ၇ နှစ်ခုရှိပြီး နယ်စပ်တစ်လျှောက် ဒုက္ခသည် စခန်းများတွင် ဒုက္ခသည်ဦးရေ ကိုးသောင်းနီးပါးရှိသည်။
 
 www.MyanmarExpress.net
 

2 comments:

ကောင်းတယ်ရပ်ဆိုင်းလိုက်တာ....ဒုက္ခသည်အမည်ခံပြီးနိုင်ငံခြားကိုလိမ်သွားနေကြတဲ့လုပ်စားကိုင်စားနိုင်ငံရေးသမားအတုအယောင်အချောင်သမားသူတောင်းစားတွေ....ဂျပန်နိုင်ငံမှာလည်းသတင်းစာတောင်မဖတ်ဘူးကြတဲ့နိုင်ငံခေါင်းဆောင်တွေကိုလည်းနာမည်တောင်မကြားဘူးကြအတိုက်အခံခေါင်းဆောင်ပိုင်းတွေကိုလည်းဘယ်သူဘယ်ဝါမသိကြနိုင်ငံရေးဆိုတာနကန်းတစ်လုံးမှနားမလည်ကြဘဲအားအားရှိသံရုံးရှေ့သွားဝေးလားဝါးလားနဲ့ဆန္ဒပြကြပြီးနိုင်ငံရေးဗီဇာသက်တမ်းတိုးပန်းကန်ဆေးပြီးသူဌေးဖြစ်ဖို့လုပ်နေကြတဲ့ကလိန်ကကျစ်တွေအများကြီးရှိနေကြတယ်အဲ့လိုကောင်တွေကောင်မတွေကိုနိုင်ငံတော်သစ္စာဖောက်တွေလို့သတ်မှတ်ရမယ်ဘယ်တော့မှပြန်လာခွင့်မပြုတော့တာအကောင်းဆုံးပဲ...သြော်ကြုံလို့ပြောရအုံးမယ်မာမာအေးဆိုတဲ့ဟာမကြီးကလည်းနိုင်ငံနဲ့ပရိသာတ်ကိုတော်တော်ချစ်ပုံရတယ်အမေရိကားပြန်သွားမယ်ဆိုပဲ...သွားတာပဲကောင်းပါတယ်တော်တော်မျက်စိနောက်နေပြီဘယ်တော့မှ
ပြန်မလာတော့ရင်အကောင်းဆုံးပဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်