Subscribe to our RSS Feed

တိုက်စစ်မှူးကျော်ကိုကိုအား လက်ရွေးစင်အသင်းမှထုတ်ပယ်

From : 7day news journal

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကိုသည် နည်းပြ၏သင်ကြားမှုများကို အကြိမ်ကြိမ် ဝေဖန်ပုတ်ခတ်မှုများ ပြုလုပ်ခဲ့သည့်အပြင် အသင်း၏အုပ်ချုပ်သူနှင့် နည်းပြအဖွဲ့ဝင်များအပေါ် ရိုင်းပြစွာပြုမှုများ လုပ်ဆောင်ခဲ့သည့်အတွက် ဖေဖော်ဝါရီ ၂၀ ရက်တွင် ပဏာမမြန်မာ့လက်ရွေးစင်အသင်းမှ ထုတ်ပယ်လိုက်ကြောင်း သတင်းရရှိသည်။


ကျော်ကိုကိုသည် နည်းပြချုပ်၏ အသင်းဗျူဟာများပေါ်တွင် အမြဲလိုဆင်ခြေပေးခြင်း၊ မကျေနပ်သည့် အပြုအမူများပြုလုပ်ခြင်း၊ အသင်းအစည်းအဝေးများပြုလုပ်ချိန်တွင် မလေးမစားအပြုအမူများ ပြုလုပ်ကာ အစည်းအဝေးမှထွက်ခြင်း၊ နည်းပြချုပ်အား ပမာမခန့်ပြုလုပ်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း နည်းပြအဖွဲ့များ၏ သဘောထားထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့သော အပြုအမူများကြောင့် အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၎င်းအား စည်းရုံးမှုများ ပြုလုပ်ခဲ့သော်လည်း လိုက်နာမှုမရှိကြောင်း သိရသည်။

အဆိုးဆုံးအနေဖြင့် ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းလေ့ကျင့်ရေးကွင်းမှ ပြန်လာချိန်တွင် နည်းပြများရေးဆွဲထားသည့် တစ်နေ့တာ အချိန်ဇယားဘုတ်ပေါ်၌ အုပ်ချုပ်သူနည်းပြများအပေါ် ရိုင်းပျစော်ကားသည့် အဓိပ္ပာယ်သက်ရောက်သော စကားလုံးများကို ရေးသားခဲ့ခြင်းကြောင့် နည်းပြချုပ်က ယခုကဲ့သို့ အသင်းမှ ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပဏာမလက်ရွေးစင် နည်းပြအဖွဲ့ဝင်များ၏ သဘောထားထုတ်ပြန်ချက်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ခဲ့သည်။

အသင်းနည်းပြချုပ်ပက်ဆောင်ဟွာကမူ ကျော်ကိုကို၏ အနာဂတ်နှင့်ပတ်သက်၍ မည်သို့မျှ မဖြေကြားနိုင်သေးကြောင်း မိမိအနေဖြင့် နိုင်ငံအတွက်ပေးဆပ်ချင်စိတ်ရှိမည့် ကစားသမားတိုင်းကို အမြဲကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယင်းကိစ္စနှင့်ပတ်သက်ပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ထံ တင်ပြသွားမည်ဖြစ်ပြီး ဥက္ကဌ၏အဆုံးအဖြတ်ပေါ်တွင် မူတည်၍ ထပ်မံဆုံးဖြတ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခုလေ့ကျင့်မှုများပြုလုပ်နေသော ပဏာမမြန်မာ့လက်ရွေးစင်အသင်းသည် မတ်လ ၂ ရက်တွင် ယှဉ်ပြိုင်မည့် AFC Challenge Cup ခြေစစ်ပွဲအတွက် ရည်ရွယ်၍ လေ့ကျင့်နေခြင်းဖြစ်သည်။



7day news journal
.
 www.MyanmarExpress.net
 

16 comments:

ဘယ်သူဘဲဖြစ်ဖြစ် အမှန်တကယ်စည်းကမ်းမလိုက်နာရင်ဘယ်လောက်
တော်တော်မွေးမထားပါနဲ့ ။ညစ်ပတ်ပြီးမှချန်ပီယံဖြစ်တာထက်အသန့် ရှင်းဆုံးဆုကမှပိုပြီးတန်ဘိုးရှိပါတယ်။

မြန်မာဘောလုံးသမားတွေက လစာလေးက ကောင်း နာမည်လေးကလည်းရှိဆိုရင် ပုံကိုက မြှောက်ကြွမြှောက်ကြွနဲ့ လမ်းဖြတ်သွားလို့ ပရိတ်သတ်တွေက နှုတ်ဆက် ရင်တောင် ဆိုဒ်ကြီးဂိုက်ကြီးနဲ့ သူတို့ကိုသူတို့ရုပ် ရှင် မင်းသားများ မှတ်နေသလားမသိဘူး ။နိုင် ငံအတွက်တော့ အခုထိဘာအောင်မြင် မှုမှရ အောင် မစွမ်းဆောင်ပြနိုင် ဘူး ပြည်တွင်းပွဲလေးတွေအနိုင်ယူနိုင် တာကိုပဲ ကမ္ဘာ့ဖလားရသလို အောင် ပွဲခံ ဒါတွေနဲ့ပဲ ကြေနပ်နေကြတယ်တူပါရဲ့ စည်းကမ်းပိုင် ဆိုရင် လည်း နာမည် ရှိတဲ့ကစားသမားတွေက ပိုပျက်ကြတယ်။တစ်ခါတစ်လေ ရပ်ကွက်ပွဲတွေမှာတောင် ဒိုင် လူကြီးက ကြမ်းကြမ်းတမ်းတမ်းကစားလို့ အဝါပြရင် ဒိုင် ကိုပြောသေးတယ် ခင်ဗျားကျုပ်ကိုဘာမှတ်နေလဲ ကျုပ်ကတိုင်းအဆင့်ကန်နေတဲ့ကောင် စသည်ဖြင့် ပါဝါလေးတွေပြချင်ကြတာ လက်ရွေးစင် အဆင့်ဆိုရင်တော့ ပြောမ နေနဲ့တော့ ဘယ်လောက်ထိ ပါဝါအာဏာပြချင်နေမလဲဆိုတာစဉ်းစားသာကြည့်တော့။

ဘောလုံးလောကမှာ ဒီကောင်ခြေစွမ်းကိုကြည့်ရတာ မဆိုးဘူးပြောမလို့ရှိသေးတယ်။ စည်းကမ်းမလိုက်နာပဲ ဖင်ခေါင်းပဲကျယ်ချင်နေပုံရတယ်။ ရာသက်ပန်သာထုတ်ပစ်

ဆရာကြီးစတိုင်နဲ့ -င်ခါင်းကျယ်..ဘ၀င်မြင့်နေရင်တော့ ရာသက်ပန်သာထုတ်ပစ်

ဆရာအာခံ အာခေါင်လှန်ဆူး ဖြစ်တတ်တယ် ကျော်ကိုကို
မင်းရဲ့ဘောလုံးစွမ်းရည် ဘယ်မှာအသုံးချမှာလဲ
စိတ်မကောင်းဘူး - ကိုယ်ပြုတဲ့ကံ ကိုယ်သာခံပေါ့



နောက်လူအတွက် နမူနာအဖြစ် ရာသက်ပန် ပွဲပယ်
ပြစ်ဒဏ်ချပစ်လိုက်။

ကျော်ကိုကိုရေလူကြီးတွေကိုပြန်တောင်းပန်လိုက်ပါ
လက်ရွေးစင်အသင်းနဲ့အမြန်ပူးပေါင်းပါ မင်းကြည့်ရမှာက
မြန်မာပြည်သူတွေပဲ ဘယ်သူပဲနည်းပြပြမင်းအလုပ်မဟုတ်
ဘူး မကျေနပ်တာရှိရင်မျိုးချစ်စိတ်နဲ့မေ့ပစ်လိုက်ပါ
လူကြီးတွေကလဲကလေးလို့သဘောထားပြီးခွင့်လွှတ်ပေး
စေချင်ပါတယ် ဦးဇော်ဇော်ကလဲနှစ်ဘက်လုံးကိုဖျောင်းဖြ
ပေးလိုက်ပါဗျာ ထပ်ပြီးတိုက်တွန်းချင်ပါတယ်ကျော်ကိုကို
လူကြီးတွေကိုတောင်းပန်လိုက်ပါ က်ုယ့်သမိုင်းကိုအမဲမခံ
ပါနဲ့

လက်ရွေးစင်တိုက်စစ်မှူးရှားပေမဲ့ ဒီလိုစိတ်ဓါတ်မကောင်း စည်းကမ်းမရှိတဲ့ကောင်မျိုးကတော့ လက်ရွေးစင်အသင်းမှ မဟုတ်သေးဘူး ကလာပ်အသင်း ကပါ ရာသက်ပန်ထုတ်ပစ်သင့်ပါတဟ်

သူမရှိရင်မဖြစ်ဖူးလို့ သူ့ကိုသူအထင်ကြီးမာန်တက်နေ တဲ့ကောင် ကလပ်အသင်းကပါ ထုတ်ပစ်ရင် ပိုကောင်း မယ်

ရာသက်ပန် ဘောလုံးကစားခြင်းက ထုတ်ပစ်ပါ
ကျော်ကိုကို မင်းခြေထောက်မသုံးတော့နဲ့ လက်နဲ့ပါးစပ် ပဲသုံးတော့ ခွက်ဆွဲပြီးတောင်းစားဖို့ပြောတာ သူတောင်းစားရဲ့ မဆိုးဘူးလို့ ချီးကျူးမလို့ရှိသေးတယ် မင်းကိုနိုင်လိုပဲ ဖိုးသိန်းမြောက်

He is MEG's selected player. So soft-headed n a big fish in the small pond.

ဒီအောက်တန်းစား ကျော်ကိုကို အ ကြောင်း
facebook မှာ ရေးထားတယ် ။ mg wanstar ဆိုတဲ့ account နဲ့မှာ ဖတ်လို့ရတယ် ။ တော်တော် ဘဝ မေ့ပြီး စိတ်ဓာတ်ညံ့တဲ့ ခွေး ။
အဖွဲ့ချုပ် ဥက္ကဌ နဲ့ အားကစားလောက ကိုပါ
စော်ကားတဲ့ကောင်။ လခ ကောင်းပေးပြီး မြောက်စား
လိုက်တာနဲ့ အောက်ခြေလွတ်ပြီး ပရိသတ်ကိုပါ စော်ကားတာ။ သူ့ကိုယ်သူ ကမ္ဘာကျော်ကြီးပုံစံနဲ့ ဘဝ မေ့တဲ့ကောင် ။

မင်းဘယ်လောက်တတ်လို့လဲ။အဲဒီကောင်ထုတ်ပစ်။

ဒီလိုကောင်ကအမှိုက်ပဲစောစောစီးစီးရှင်းပြစ်

ကေကင်းတယ်

ကောင်းတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်