Subscribe to our RSS Feed

ပြန်ကြားရေး ဒုတယဝန်ကြီး ဦးရဲထွဋ် နှင့် Google မှ တာဝန်ရှိသူတစ်ဦး တွေ့ဆုံဆွေးနွေး

From : Ye Htut
ပြန်ကြားရေး ဒုတိယ ဝန်ကြီး


ဒီနေ့ နေ့လည်မှာ Google က Mr. Mike Orgill, Country Lead, Public Policy and Government Relation နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရပါတယ်။

မီဒီယာဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ ဆွေးနွေးပြီးတဲ့နောက် ကျွန်တော်က မကြာခင်က Google က ပို့တဲ့ အသိပေးချက်တွေမှာ ပါတဲ့ State Sponsored ဆိုတဲ့အသုံးအနှုန်းကို ဘာ့ကြောင့် သုံးတာလဲ ဘယ်လို ရှာဖွေပြီး သတိပေးတာလဲ ဆိုတာကိုမေးခဲ့ပါတယ်။

သူက မေးလ်းလိပ်စာတစ်ခုကို ဖောက်ထွင်းတိုက်ခိုက်ဖို့ ကြိုးစားမှုတွေ
ရှိမယ်၊ အဲဒီလုပ်ဆောင်သူတွေသုံးတဲ့နည်းစနစ်က သာမန် Hacker တစ်ဦး အသုံးပြုနိုင်တဲ့နည်းပညာ လုပ်ဆောင်ချက်မဟုတ်ဘူးဆိုရင် အဲဒါကို
နိုင်ငံတစ်ခုခုရဲ့ အစိုးရအဖွဲ့အစည်းတစ်ရပ်ရပ်က နောက်ကွယ်က
ဆောင်ရွက်ပေးနေတာလို့ သတ်မှတ်ပြီး State Sponsored ဆိုတဲ့
စကားကို သုံးပါတယ်လို့ ရှင်းပြပါတယ်။ ကျွန်တော်တို့ မေးလ်တွေကို
ပို့တဲ့ သတိပေးချက်ဟာ အဲဒီသဘောပါပဲလို့ ပြောပါတယ်။

နောက်ပြီး ဆက်ဆွေးနွေးတဲ့အခါမှာ ကျွန်တော်က Gmail လုံခြုံရေးစနစ်မှာ အဆင့်နှစ်ဆင့်ခံပြီး စိစစ်တဲ့စနစ်ကို စမ်းသုံးကြည့်တယ်။ ဒါပေမယ့် လျှို့ဝှက်နံပါတ်ကို ဖုန်းကနေ Voice Mail နဲ့ အကြောင်းကြားတာ တစ်ခါတစ်လေ ရောက်လာပေမယ့် မရောက်တာက များတဲ့အတွက် သိတ် အဆင်မပြေကြောင်းလည်း သူ့ကို ပြောပြခဲ့ပါတယ်။ ဒါပေမယ့် အဲဒါဟာ ကျွန်တော့်တစ်ဦးတည်း အတွေ့အကြုံဖြစ်ပြီး ကျန်တဲ့သူတွေကိုလည်း
မေးမြန်းလေ့လာသင့်ကြောင်း ပြောပြလိုက်ပါတယ်။ သူကတော့ အဲဒီအားနည်းချက်နဲ့ပတ်သက်ပြီး ပြန်စိစစ်ပါ့မယ်လို့ ပြောပါတယ်။

သူကတော့ မြန်မာနိုင်ငံကနေ Google ကို သုံးပြီး ရှာဖွေတာတွေနေ့တိုင်း တိုးတက်နေတာတွေ့ လို့ ၀မ်းသာနေပုံပဲ။ နောက်ပြီး လူတိုင်းလိုလို ဂျီမေးလ်သုံးနေတာကြောင့်လည်း ကျေနပ်နေပုံပဲ။


 www.MyanmarExpress.net
 

1 comments:

Ask him carefully as we need technology to hack other legawomanlylly organized media.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်