Subscribe to our RSS Feed

BBC Facebook မှ NLD ကို လူထုက တခဲနက် ထောက်ခံကြပါသေးရဲ့လား`` ဆွေးနွေးချက်များ

From :Opposite Eye



``ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီပါတီကို လူထုက ထောက်ခံပါတယ်၊ ဒီမိုကရေစီ ရင့်ကျက်မှု အားနည်းတာမို့ လူထုထောက်ခံမှု ပုံစံ မကျတာတော့ တွေ့ရပါတယ်`` (အောင်ထွန်း)။

``၂၀၁၅ ရွေးကောက်ပွဲမှာတော့ အင်န်အယ်လ်ဒီပါတီ နိုင်မယ်လို့ ထင်ပါတယ်။ ပြည်သူတွေ အသိအမြင် အားနည်းသေးတာရယ်၊ ဗိုလ်ချုပ်သွေးပဲလို့ ယုံကြည်တဲ့ အသိရယ်၊ ဒေါ်အောင်ဆန်းစုကြည် သွားနေတဲ့ လမ်းကြောင်း ပြင်လိုက်မယ်ဆိုရင်ရယ် လူထုထောက်ခံမှု ၉၀ ရာခိုင်နှုန်း ရမှာပါ`` (နှင်းဝဏ္ဏမောင်)။

``အင်န်အယ်လ်ဒီပါတီက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အကြောင်းပဲ ပြောနေတော့ လက်မခံပါဘူး။ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်ဖို့ လိုပါသေးတယ်။ မဟုတ်ရင်တော့ ဗိုလ်ချုပ် ပြောခဲ့တဲ့ ( )နိုင်ငံ ဖြစ်သွားပါမယ်။ အင်န်အယ်လ်ဒီဟာ အနာဂတ် မြန်မာနိုင်ငံကို ဘယ်လို ကာကွယ် စောင့်ရှောက်မလဲ ဆိုတဲ့ မှန်ကန်တဲ့ ရပ်တည်ချက် မရှိသေးတော့ လူထုထောက်ခံမှုက အရင်လောက် မရှိတော့ပါဘူး`` (နေမင်း)။

``ဒေါ်အောင်ဆန်းစုကြည်ကိုရော အင်န်အယ်လ်ဒီပါတီကိုပါ ထောက်ခံပါတယ်၊ ဒါပေမဲ့ ပါတီဝင်တချို့ရဲ့ ဆန္ဒအား ကြီးမှုကိုတော့ ထိန်းနိုင်စွမ်းရှိဖို့ လိုပါတယ်`` (ညီညီထွန်း)။

``ရခိုင်အရေး၊ ကချင်အရေး၊ လက်ပံတောင်းအရေး၊ အရေးပေါင်းများစွာမှာ အင်န်အယ်လ်ဒီပါတီကို ထောက်ခံခဲ့မိတဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်မိပါတယ်။ ဒါတွေကို ဘယ်သူတွေက ဖန်တီး လုပ်ဆောင်နေသလဲ ဆိုတာကိုတော့ စဉ်းစားစရာပါ`` (မိုးကြယ်)။

``အင်န်အယ်လ်ဒီပါတီကို ထောက်ခံသူတွေဟာ အများအားဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်သူတွေ များပါတယ်။ ထိပ်က တယောက်က ကောင်းပေမယ့် နောက်လိုက်တွေက သူ့ခြေလှမ်းကို မမီဘဲ ဖြစ်နေပါတယ်၊ ပါတီမူဝါဒတွေကို ပြင်သင့်ပါတယ်`` (အာကာမိုးတိမ်)။

``အာဏာရှင်လက်အောက်ကနေ မလွတ်သရွေ့၊ အတိုက်အခံ နိုင်ငံရေးပါတီအဖြစ်ကနေ အာဏာရအစိုးရဖြစ်ပြီး ပြည်သူ့ဝန်ကို မထမ်းနိုင်သရွေ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီပါတီကများ လုပ်ဆောင်ပေးနိုင်မလား မျှော်လင့်ချက်နဲ့ ဆက်လက် ထောက်ခံနေကြဦးမှာပါ`` (ဇွဲလီယို သီဟ)။

``ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်အရေး၊ ရခိုင်အရေး၊ လက်ပံတောင်းအရေးတွေကြောင့် နာမည် လုံးဝ မပျက်ပါဘူး။ ဥပဒေတွေကို လေးစား လိုက်နာတဲ့ ကမ္ဘာ့ခေါင်းဆောင်အနေနဲ့ ရှိနေဆဲပါ။ ပြည်သူတွေက ဒါကို သိပါတယ်`` (လှထွန်းဦး)။

``အင်န်အယ်လ်ဒီပါတီကို မထောက်ခံရင် ဘယ်ပါတီကို ထောက်ခံရမှာလဲ။ တိုင်းပြည်နဲ့လူထုအတွက် ကိုယ်ကျိုးစွန့်ပြီး ပညာတတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို အသက်ရှင်ဆဲ တခြားခေါင်းဆောင် ရှိသေးရင် ပြပါဦး။ အခုအချိန်အထိ တိုင်းပြည်ရဲ့ခေါင်းဆောင် ဘယ်သူ ဖြစ်သင့်တယ်ဆိုတာကို မသိသေးရင် နဝေတိမ်တောင် ဖြစ်နေသေးရင် ငြိမ်းချမ်း ဖွံ့ဖြိုးတဲ့ တိုင်းပြည်ဖြစ်ဖို့ အလှမ်းဝေးသွားမှာပါ`` (သက်တင်)။

``ဓားတောင်ကိုလည်း ကျော်ခဲ့ပါပြီ၊ မီးပင်လယ်ကိုလည်း ဖြတ်ခဲ့ပါပြီ။ သံမဏိစိတ်ဓာတ်ရှိသူတွေနဲ့ သံမဏိလူသား ဦးဆောင်တဲ့ ပါတီကို ယုံကြည်မှု အပြည့်နဲ့ ထောက်ခံဆဲပါ`` (ရဲနိုင်)။

``၂၀၁၅ အတွက် ဆိုရင်တော့ မဲ မျှော်မနေပါနဲ့တော့…၊ တိုင်းရင်းသားတွေမဲတော့ ရမှာ မဟုတ်ပါဘူး။ မထောက်ခံကြတော့ပါဘူး`` (မတ်သရူး ဆမ်ခမ်)။
www.MyanmarExpress.net
 

5 comments:

အရင်ကလဲသဘောမကျဘူး အခုလဲသဘောမကျဘူး

NLD don't have quality level of party.Their direction is only toward Anachi.BCP will play with them.If 2015 they win also we will never see country progress.Mad about power and stant for power only. Their mind can see it, jail politic, confrontation politic, nicked democracy politic, low IQ level politic, negative view with army politic, dancer of west politic and againsting China and playing with communisim . So up to our luck , our national country lost or not again.That is sure. If educated people think theirselve , just certificate holder never want to take responbilty country defence or national service, I will say that not too long ourcountry life.I want to ask 1 question only,Degreee holder and solders what different? Are Soldiers lower class in Myanmar or slave for politician? Is Politician high level of country? Why they can not do national service?

မထောက်ခံပြါ NLD

ဒေါ်အောင်ဆန်းစုကြည် ပါတီကိုတော့ ကြိုက်ပါတယ် ဒါပေမယ့် အဲဒီပါတီမှာ မွတ်စလင်တွေ ပါလာရင်တော့
အယုံအကြည်ကင်းမဲ့စရာကောင်းတဲ့ ပါတီတစ်ခု ဖြစ်သွားပါလိမ့်မယ်။

We will give vote to any party that can promote the benefits of the public,democracy,human rights.This party can also get rid of those who take bribes,corrupting authorities,& cronies squeezing farmers,police mistreating the public n soldiers raping the girls.This party must b brave.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်