Subscribe to our RSS Feed

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက်(၇/၂၀၁၃)


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်(၇/၂၀၁၃)
၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်
၂၀၁၃ ခုနှစ်၊ မတ်လ ၂၅ ရက်

၁။ အစိုးရအဖွဲ့အနေဖြင့် လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်ရန် လှုံ့ဆော်မှုများ အပါအ၀င် အကြမ်းဖက်မှု အားလုံးကို အများပြည်သူ အကျိုးစီးပွား အလို့ငှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ အစွမ်းကုန် တားဆီးကိုင်တွယ်ဆောင်ရွက်သွားမည်။

၂။ အကြမ်းဖက်မှု၊ မီးလောင်ကျွမ်းမှုနှင့် အဓိကရုဏ်းများကြောင့် အိုအိမ်စွန့်ခွာခဲ့ရသော ဒုက္ခသည် ပြည်သူ လူထု၏ အရေးပေါ် စာဝတ်နေရေး၊ လုံခြုံရေးကို အပြည့်အ၀ ကူညီဆောင်ရွက်သွားမည်။

၃။ လုံခြုံရေးအခြေအနေ တည်ငြိမ်လာသည်နှင့်အမျှ ဒုက္ခသည် များ ပြန်လည်နေရာချထားရေးကို အမြန်ဆုံး ဆောင်ရွက်သွားမည်။

၎။ လိုအပ်သော လူသားချင်းစာနာသည့် အကူအညီများ ကို ပေးနိုင်ရန် အတွက် လူထုအခြေပြု လူ့အဖွဲ့အစည်း များ၊ ပုဂ္ဂလိက များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လက်တွဲ ဆောက်ရွက်သွားမည်။

၅။ ပဋိပက္ခကြောင့် ခံစားထိခိုက်ခဲ့ရသည့် လူ့အဖွဲ့အစည်းများအကြား ယုံကြည်မှု ပြန်လည် တည်ဆောက်နိုင် မည့် ဆွေးနွေးမှုများနှင့် စိတ်ခံစားချက်များကို ကုစားနိုင်မည့် အလုပ်ရုံဆွေးနွေးပွဲများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။

၆။ ယခုအခါ နိုင်ငံတော်သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့်၍ လုပ်ဆောင်နေ သည် ဖြစ်ရာ ယင်းလုပ်ငန်းများကို ထိခိုက်မည့် အကြမ်းဖက်မှုများ၊ ဘာသာရေး အစွန်းရောက်မှုများ ကို ရှောင်ရှားကြ ပါရန် ပြည်သူများကို တိုက်တွန်းအပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

 .. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်