From : rfa
လက်ပန်းတောင်းတောင်စီမံကိန်း စုံးစမ်းစစ်ဆေးရေး ကော်မရှင်မှာ တာဝန်ယူဆောင်ရွက်ခဲ့တာဟာ တိုင်းပြည်ရဲ့ အနာဂတ်ကိုရှေ့ရှုပြီး တိုင်းပြည် သိက္ခာရှိအောင်ဆောင်ရွက်တာ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၂ ရက် ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ပြည်ထောင်စုလွှတ်တော် ခေတ္တရပ်နားချိန်မှာ စုံစမ်းစစ်ဆေးကော်မရှင် အစီရင်ခံစာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ အဲဒီလို ထည့်သွင်းပြောခဲ့တာပါ။
"တပ်မတော်ရဲ့ ဆက်ဆံရေးတို့၊ တရုတ်နဲ့ ဆက်ဆံရေးတို့ ဒါကိုအဓိကထားတာ မဟုတ်ပါဘူး၊ တိုင်းပြည်အနာဂတ်ကို အဓိကထားတာပါ၊ တိုင်းပြည်သိက္ခာရှိအောင် နောက်ပြီးတော့ ဒီနိုင်ငံရဲ့တိုးတက်မှုအတွက် အင်အားရအောင်လို့ ဒါကိုလုပ်သွားတာပဲဖြစ်ပါတယ်၊ ဥပမာဆိုလို့ရှိရင် တပ်မတော်နဲ့ ပြည်သူကြားမှာ ပြန်ပြီးတော့ ရင်ကြားစေ့ဖို့လိုတယ်၊ အထေ့အငေါ့တွေဖြစ်နေတဲ့ဟာကို ပြေလည်သွားအောင်လုပ်ဖို့ လိုတယ်ဆိုတာ တစိုက်မတ်မတ်ပြောခဲ့တဲ့ကိစ္စပါ၊ အဲဒါနဲ့ပတ်သက်လို့ ဘာမှထူးထူးထွေထွေထပ်မလိုပါဘူး၊ တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ရှိရင်လည်း အိမ်နီးနားချင်းနိုင်ငံတွေ အားလုံးနဲ့အဆင်ပြေအောင်နေကြရမယ်"
လက်ပန်းတောင်းတောင်စီမံကိန်း လုံးဝရပ်ဆိုင်းရေးအတွက် ဒေသခံတွေ ဆန္ဒပြနေတာတွေနဲ့ ပတ်သက်လို့လည်း ဆန္ဒပြတယ်ဆိုတာ အကြောင်းရင်းခိုင်လုံရမယ်၊ ဘယ်သူ့အတွက် ဆန္ဒပြနေတာလဲ၊ ဘယ်ကိုဦးတည်နေတာလဲ၊ ဒေသခံတွေ အကျိုးအတွက်လား၊ နိုင်ငံ့အတွက်လား ဆိုတာကို သေချာစဉ်းစားရမယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့ပါတယ်။
မတ်လ ၁၃ ရက် မနက်ဖြန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြေးနီတောင်စီမံကိန်း တည်ရှိရာ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်က ဒေသခံတွေနဲ့ သွားရောက်တွေ့ဆုံမှာဖြစ်ပြီး၊ ကော်မရှင်ရဲ့ စုံစမ်းတွေ့ရှိချက်တွေကို ရှင်းပြသွားမယ်လို့လည်း သိရပါတယ်။
အစီရင်ခံစာပါ အချက်တစ်ချို့နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားစဉ်မှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။
www.MyanmarExpress.net

9 comments:
Good decision.
အန်တီစုရဲ့ သုံးသပ်ပြောဆိုချက်တွေကို ကြိုဆိုပါတယ်၊
လက်ရှိအစိုးရနဲ့ ခုလိုပူးပေါင်းပြီး တိုင်းပြည်ရဲ့ ရေရှည်စီမံကိန်းတွေမှာ ပါဝင်ဆောင်ရွက်ပေးပါဦးခင်ဗျာ။
Decision for country but not for some.We understand u.But notice other opponents will wickedly take advantage of this.Now they r laughing n holding victory!
နောက်ဆုံးတော့ဒေါ်စုလည်းငွေနဲ့အာဏာနောက်တစ်ကောက်ကောက်လိုက်သွားတာပါပဲ...သူဒုက္ခရောက်နေတုန်းကပြည်သူတွေကအဖမ်းခံအရိုက်ခံဘဝနဲ့ရင်းပြီးသူ့ဘက်ကရပ်တည်လာကြတာပါအခုတော့သူကစောက်ချိုးပြောင်းသွားပြီကိုး...ဒေါ်စုအလိုမရှိ
ဟုတ်တယ်...ဖာစုအလိုမရှိ
ဟုတ်တယ်...ဖာစုအလိုမရှိ
ဒေါ်အောင်ဆန်းစုကြည်ရဲ့  အမြော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက်တခုကို လုံးဝ လေးစားထောက်ခံပါတယ်။ သူ့ကို ငွေနောက်လိုက်တယ်လို့ပြောတဲ့ကောင်... မင်းမှာ သက်သေအထောက်အထားရှိရင်ပြော။ လမ်းဘေးခွေးလေခွေးလွင့် ပြောတဲ့ စကားဝိုင်းမဟုတ်ဘူး။ သက်သေမရှိပဲ လျှောက်မပြောနဲ့ ကွ။
prof shwe mann thar ဆိုတဲ့ကောင် ဒါအစိုးရနဲ့ ဒေါ်စု ရဲ့ အမှန်တရားအတွက် ပူးပေါင်းမှုပဲကွ ။ မင်းတို့
အဆိုးမြင် သမားတွေ ခွေးလိုမ ဟောင် နဲ့။
ဒေါ်စု၏ဒီမိုကရေစီနည်းလမ်းကျနသောလုပ်ရပ်အတွက်အထူးပင် ၀မ်းမြောက်
မိပါသည်။သူသည်အများအတွက်လုပ်ဆောင်နေသည်မှာငြင်းရန်မရှိ
လယ်ပြင်တွင်ဆင်သွားသကဲ့သို့ထင်ရှားနေသည်။
ငွေနှင့်အာဏာနောက်လိုက်သည်ဟုပြောဆိုသောသင့်တွင်ဘာ
သက်သေအထောက်အထားရှိသလဲ။သင်၏ဖာသည်စကားကြမ်းကြားရေယို
မျှသာဖြစ်ပါသည်။န၀တစစ်အစိုးရလက်ထက်အဝေမတည့်၍ရှာကြဖွေကြရာယိုသူမရှက်မြင်သူရှက်စဖွယ်နိုင်ငံသားကောင်းစစ်ဗိုလ်ချူပ်ကြီးများလာဘ်စားမှူများမှာသတင်းစာထဲတွင်ပင်ဖော်ပြကြရပါသည်။
သင်သည်ယဉ်ကျေးသောမြန်မာပီပီ စကားလုံးများအားယဉ်ကျေးစွာ
သုံးစွဲတတ်စေရန်စာဖတ်ပါ.သမိုင်းကိုလေ့လာပါ.ပြီးလျှင်ရေးပါ။ကြိုဆိုပါ၏။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်