Subscribe to our RSS Feed

နိုင်ငံဝန်ထမ်းများ လစာ တိုးမြှင့်ပေးတော့မည်ဟု သမ္မတပြော


From ဒီဗွီဘီ - ၁၃ မတ်လ ၂၀၁၃

နိုင်ငံ့ဝန်ထမ်းတွေနဲ့ တပ်မတော်ဝန်ထမ်းတွေရဲ့ လစာတိုးမြှင့်ပေးဖို့တွက် အစိုးရအနေနဲ့ ငွေကြေး တိုးမြှင့်လျာထားပြီးပြီလို့ သမ္မတ ဦးသိန်းစိန်က မနေ့က ပြုလုပ်တဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

ဒီလို လစာငွေတွေတွေ တိုးမြှင့်ပေးရာမှာ ၀န်ထမ်းအသုံးစရိတ်တွေကို အရင်နှစ်တွေရဲ့ အသုံးစရိတ်တွေထက် ကျပ်ငွေ ၃၈၅ ဘီလီယံ ပိုမိုကျခံသုံးစွဲသွားရမယ်လို့ ဆိုပါတယ်။

လက်ရှိခံစားခွင့်ပြုထားတဲ့ အပိုထောက်ပံ့ကြေးနဲ့ ဝေးလံခေါင်သီဒေသက ၀န်ထမ်းတွေအတွက် ဒေသစရိတ်တို့ကိုလည်း ဆက်လက်ခံစားခွင့်ပြုနိုင်ရေးအတွက် ထည့်သွင်းလျာထားတယ်လို့ သမ္မတက ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန၊ ရသုံးမှန်းချေ ငွေစာရင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဝင်းက လာမယ့်ဧပြီလမှာစတင်မယ့် ဘဏ္ဍာနှစ်မှာ တိုးပေးဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

“၀န်ထမ်းတွေကို လစာတိုးပေးဖို့၊ ပင်စင်စားတွေ တိုးပေးဖို့ အဲဒါတွေအတွက် ရည်ရွယ်ပြီး လျာထားတာဖြစ်ပါတယ်။ လစာနှုန်းထားတိုးပေးဖို့ပါ။ ထောက်ပံ့ကြေး မဟုတ်ပါဘူး။ ခါတိုင်းတိုးပေးတာကတော့ ဧပြီ ၁ ရက်နေ့ကစပြီး တိုးတိုးပေးတယ်။ ဘဏ္ဍာရေးနှစ်သစ်မှာ တိုးပေးဖို့ အစီအစဉ်လုပ်ထားတာရှိတယ်။ ဒါပေမယ့် ကျနော်တို့က ပါလီမန်တင်ပြီးမှ ပါလီမန်က အတည်ပြုမှ အတည်ပြုပြောကြားလို့ရမယ်။”

အစိုးရ အဖွဲ့အနေနဲ့ နိုင်ငံ့ဝန်ထမ်းတွေ အပါအဝင် နိုင်ငံသားအားလုံးရဲ့ တဦးချင်း ဝင်ငွေ တိုးတက်စေရေးကို ရည်မှန်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေရဲ့ ခံစားခွင့်တွေကို အခြေအနေ အချိန်အခါနဲ့ လျော်ညီစွာ တိုးမြှင့်ပေးပြီး သန့်ရှင်းသောအစိုးရ ဖြစ်ရေးနှင့် ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုစနစ် ဖြစ်စေရေး လုပ်ငန်းစဉ်မှာ ဝန်ထမ်းတွေ တက်ကြွစွာ ပါဝင်ဆောင်ရွက်စေရေးအတွက်လည်း ဦးတည် ဆောင်ရွက်နေတယ်လို့ သမ္မတရဲ့ သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒီအတွက် ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေ အနေနဲ့လည်း နိုင်ငံ့ဝန်ထမ်းတွေရဲ့ ရပိုင်ခွင့်ကို ပြည့်ပြည့်၀၀ခံစားစေဖို ၀န်ထမ်းတွေရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အရည်အချင်းတွေ မြှင့်တင်ဖို့နဲ့ အဖွဲ့အစည်းရဲ့ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေဖို့ ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရတက်ပြီးနောက်ပိုင်း ပြီးခဲ့တဲ့နှစ် ဧပြီလကလည်း ၀န်ထမ်းတွေကို ထောက်ပံ့ကြေး ၃ သောင်း တိုးမြှင့်ပေးခဲ့ပါတယ်။


  www.MyanmarExpress.net
 

12 comments:

မြန်မြန်တိုးပါတော့လစာရယ်။သမီးတို့လိုချင်လှပြီ။ဒါမှ အိမ်ကိုလဲများများပေးနိုင်မှာပါ။

လစာတိုးတယ်ဆိုတာ ကိုင်ရတဲ့ ငွေကြေးနောက်က သုည တွေ တိုးလာတာကို ပြောတာလား။ လစာမှ မတိုးသေးဘူး။ ဒေါ်လာဈေးက တက်လာပြန်ပြီ။ ဒေါ်လာာဈေး တက်လာတာနဲ့ အမျှ နိုင်ငံခြားက ဒေါ်လာနဲ့ တင်သွင်းတဲ့ ပစ္စည်းတွေကို ဈေးကြီးကြီး ပေးဝယ်ရတော့မယ်။ လစာတိုးတိုင်းသာ ဝန်ထမ်းတွေ အဆင်ပြေတယ်ဆိုရင် မြန်မာပြည်က ဝန်ထမ်းတွေ သူဌေးဖြစ်တာ ကြာပြီး။ x

နိုင်ငံဝန်ထမ်းများ လစာတိုးမြှင့်ရေး ဆိုတာထက် ဝေလံခေါင်ဖျားတဲ့ဒေသ တွေမှာတာဝန်ထမ်းဆောင် နေတဲ့နိုင်ငံဝန်ထမ်းတွေ ဒါမှမဟုတ် သားတစ်ကွဲ မယားတစ်ကွဲ သက်စွန့်ဆံဖျားထမ်းဆောင်ပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် ပေးနေကြတဲ့ တပ်မတော်သားတွေ ကပိုပြီးသနားဖို့ ကောင်းပါတယ်။ကျမတို့လို နေရိပ်မှာ အလုပ် လုပ်ရသူတွေထက် စစ်သားတွေ ကသာ အကျိုးခံစား ခွင့်ပိုပြီးရသင့် တယ်လို့ ကျမမြင်ပါတယ်။အကယ်၍ သဘောထားအမြင် မတူညီမှု များရှိခဲ့ရင်လဲလွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်။

လစာလည်းတိုးပါ။ ကုန်ဈေးနှုန်းလည်း ချပါ။

လစာ မတိုး၇င်နေ ကုန်ဈေးနှုန်း မတက် ပါ နဲ့

ဝမ်းသာပါတယ်

နည်းနည်းတော့ ပိုအဆင် ပြေတာပေါ့ ကွာ

ဟုတ်ပါတယ် လစာတော့တိုးပါတယ် ဝန်ထမ်းတွေခမျာ
ချောင် လည်တယ်ကိုမရှိပါဘူး ဒုံရင်းကဒုံရင်းပဲ လစာကတိုးလိုက် ကုန်ဈေးနှုန်းကလိုက်တက်လိုက်နဲ့

ကျမတို့လို ကလေးကမိဘတွေဆီမှာ အမေက ဆရာမဆိုတော့ တာဝန်ကျတဲ့နေရာကိုသွားရတယ်။ အဖေလုပ်တဲ့သူက တပ်မတော်သားကြီးဆိုတော့ သူတာဝန်ကျတဲ့နေရာက တနေရာ သက်ဆိုင်ရာဝန်ကြီးဌာန ကို ခင်ပွန်းနဲ့ နီးစပ်တဲ့ ကျောင်းပြောင်းရွှေ့ခွင့်တင်တော့လည်း အချိန်သာကြာသွားတယ် ဘာမှထူးခြားမလာဘူး။ ပိတ်ရက်မှာ မိသားစုဆုံရအောင် ဆိုပြန်တော့ ခရီးစရိတ်နဲ့ နှစ်ယောက်ပေါင်းရတဲ့ တလစာ က ဘာမှစုမိဆောင်းမိမရှိပဲကုန်သွားပြန်ရောလေ။ လစာတိုးပေးရင်ပြီးရော ဆိုပြီးတော့တော့ မနေကြပါနဲ့လို့ ကျမကတော့ပြောချင်ပါတယ် ကျမက ဆရာမအလုပ်ကို ၀ါသနာပါလွန်းလို့ ဒီအလုပ်ကို မစွန့်လွှတ်နိုင်လို့ အားတင်းပြီးလုပ်နေရတာပါ တခါတလေကျတော့ ယောင်္ကျားနောက်လိုက်ပြီး အိမ်ထဲမှာနေ အ၀တ်လျော် ထမင်းချက် ကလေးထိန်းဘ၀ကတောင် ကျမတို့လို မိသားစုတကွဲတပြားနေရတာထက်စာရင် တော်သေးလို့ အဲဒီဘ၀ကို အားကျလာမိတယ်။ အလုပ်ထွက်မယ်ဆိုပြန်တော့ Bond ကမိနေတယ်။ လစာမဲ့ခွင့်ယူပြီး အပြောင်းအရွှေ့ထွက်တဲ့အထိနေမယ် ဆိုပြန်တော့ အထက်အရာရှိကခွင့်မပြုဘူး ကျမဘာလုပ်ရမှန်းတောင်မသိတော့ဘူး ကျမလျောက်နေတဲ့ လမ်းကမှန်လားမှားလားတောင် မသေချာတော့ဘူး နိုင်ငံ့ဝန်ထမ်းအလုပ်ကို မက်မက်မောမော လုပ်နေတဲ့ကျမက ကြာရင် ယောင်္ကျားနဲ့ ကွဲရတော့မယ်ကိန်း ဆိုက်နေပြီလေ။

လစာတော့တိုးပါတယ် ကုန်ဈေးနှုန်းကပြန်လိုက်တက်တော့ ဝန်ထမ်းတွေခမျာ ချောင် လည်တယ်ကိုမရှိပါဘူး ဒီတော့ လစာတိုးပေးပြီးရင် ကုန်ဈေးနှုန်းကို ထိန်းထားပေးကြပါ

နိင်ငံတော်ဝန်ထမ်းများ၏သဘောထားမှာ ဆယ်တန်းဖတ်စာ ရေသည်ပြဇာတ်
မှရေသည်ယောင်္ကျာပမာ ရှင်ဘုရင်ပေးသောဆုလာဘ်ကိုလည်းမငြင်းသာ
မြိုရိုးကြားတွင်ဝှက်ထားသောပဲဝက်မျှသောအသပြာကိုလည်းမပြတ်နိုင်သော
သူပမာဖြစ်နေပေလိမ့်မည်။တိုးသောလစာအားလည်းကျေနပ်ပါ၏။လာဘ်ပေး
လာဘ်ယူအားလည်းငယ်ရည်းစားပမာစွဲလမ်းနေပေလိမ့်မည်။လာဘ်ပေး
လာဘ်ယူအားဥပဒေနှင့်အရေးယူရန်သာရှိပါသည်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်