From : MON
Toyota ၀န်ဆောင်မှု ယာဉ်အပိုပစ္စည်း စင်တာများကို ၂၀၁၃ ခုနှစ်အတွင်း ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ထပ်မံဖွင့်လှစ်မည် ဖြစ်ကြောင်း တိုယိုတာအုပ်စုဝင် T.T.A.S ကုမ္ပဏီလီမိတက် အထွေထွေမန်နေဂျာ ဦးမျိုးမြင့်ဟိန်းက ပြောကြားသည်။
“ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ ၀န်ဆောင်မှုစင်တာ တစ်ခုစီ ထပ်ဖွင့်ဖို့ရှိတယ်။ ဒီနှစ်ထဲမှာပဲ ဖွင့်လှစ်သွားမှာပါ” ဟု ဦးမျိုးမြင့်ဟိန်းက ပြောကြားသည်။
Toyota ၀န်ဆောင်မှုစင်တာ တစ်ခုကို အမှတ် ၈၇(A) ကမ္ဘာအေးစေတီလမ်း ဗဟန်းမြို့နယ် ရန်ကုန်မြို့တွင် ၁၉၉၆ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့ပြီး ယခုဝန်ဆောင်မှု စင်တာနှစ်ခု ထပ်မံဖွင့်လှစ်ရန် စီစဉ်ခြင်းဖြစ်သည်။
အဆိုပါ ၀န်ဆောင်မှု စင်တာများတွင် တိုယိုတာစံချိန် စံညွှန်းများနှင့်အညီ ၀န်ဆောင်မှု ပေးသွားမည်ဖြစ်ပြီး မော်တော်ယာဉ် အပိုပစ္စည်း အရောင်းဌာနလည်း ပါဝင်မည်ဖြစ်သည်။
T.T.A.S ကုမ္ပဏီကို တိုယိုတာ အုပ်စုဝင် Toyota Tsusho Corporation (TTC) နှင့် မြန်မာနိုင်ငံမှ Aye & San ကုမ္ပဏီတို့ အကျိုးတူ ဖက်စပ် တည်ထောင်ထားခြင်း ဖြစ်ပြီး TTC က ၇၅ ရာခိုင်နှုန်း၊ Aye & San ကုမ္ပဏီက ၂၅ ရာခိုင်နှုန်း အစုရှယ်ယာ ထည့်ဝင်ထားသည်။
Toyota Tsusho Corporation သည် Toyota အုပ်စု တစ်ခုလုံး၏ ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ရုံးခွဲဖွင့်လှစ်ထားသည်။
ထို့အတူ Toyota Tsusho Corporation ၏ မြန်မာနိုင်ငံ ရုံးခွဲသည်
မြန်မာကုမ္ပဏီ တစ်ခုဖြစ်သော Trendy မော်တော်ယာဉ် ရောင်းဝယ်ရေး လုပ်ငန်းနှင့် ချိတ်ဆက်ပြီး တိုယိုတာ အမှတ်တံဆိပ် စက်မှုလုပ်ငန်းသုံး
မော်တော်ယာဉ်များကို တင်သွင်းရောင်းဝယ်ရေး လုပ်ငန်းကို လုပ်ကိုင်လျက် ရှိကြောင်းနှင့် လက်ရှိအချိန်တွင် စက်ရုံအလုပ်ရုံသုံး Forklift များကို စတင်တင်သွင်း ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။
တိုယိုတာအုပ်စု အနေနှင့် မြန်မာနိုင်ငံတွင် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး တိုယိုတာ အပါအ၀င် အခြားဂျပန် မော်တော်ယာဉ် ကုမ္ပဏီများဖြစ်သော နစ်ဆန်း၊ ဟွန်ဒါ၊ ဆူဇူကီး စသည့် မော်တော်ယာဉ် ကုမ္ပဏီတို့ကလည်း
မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုများ စတင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက် ရှိကြောင်း စီးပွားရေး အသိုင်းအ၀ိုင်း အတွင်းမှ သိရပါသည်။
မြန်မာနိုင်ငံတွင် Toyota၊ Nissan၊ Honda၊ Suzuki၊ Marcede ကားကုမ္ပဏီများ၏ ၀န်ဆောင်မှု စင်တာများ ဖွင့်လှစ်ထားပြီး Mitsubishi ကားကုမ္ပဏီကလည်း ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် ၀န်ဆောင်မှုစင်တာ ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိသည်။
ဓာတ်ပုံ - ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် Toyota ၀န်ဆောင်မှုစင်တာကို တွေ့ရစဉ်
.
www.MyanmarExpress.net

1 comments:
မူဆလင်ဆိုင်တွေမှာဈေးမဝယ်နဲ့
မူဆလင်တွေကိုလူရာသွင်းမဆက်ဆံနဲ့
ကိုယ့်ဗုဒ္ဓဘာသာမြန်မာလူမျိုးနဲ့မူဆလင်တွေအမှုအခင်းဖြစ်လာရင်မူဆလင်တွေကိုဝိုင်းတီးကြမယ်...အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ညီညီညွတ်ညွတ်ဆောင်ရွက်ကြပါစို့
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်