Subscribe to our RSS Feed

မြန်မာအစိုးရငြိမ်းကော်မတီနဲ့ ABSDF ဆွေးနွေး

From : ..voa


တနိုင်လုံးအတိုင်းအတာနဲ့ အားလုံးပါဝင်ဆွေးနွေးနိုင်မယ့် နိုင်ငံရေး အဆင့် တွေ့ဆုံဆွေးနွေးနိုင်ဖို့ အဓိကတောင်းဆိုတဲ့အချက်တွေကို မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့ကြပါတယ်။ သြဂုတ်လ ၁၀ ရက်နေ့က ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ သဘောတူခဲ့ကြတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး အစိုးရ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ABSDF တို့ရဲ့ ဒီနေ့ ဆွေးနွေးတယ်ခင်ဗျ။ အခု ဆွေးနွေးပွဲက ပြီးသွားပြီ။ သဘောတူညီချက် စုစုပေါင်း ၁၂ ချက် ရပါတယ်။ သူတို့ဘက်က အဆိုပြုတာလည်း ၁၂ ချက်ပဲ။ ဒီအထဲမှာ အရေးကြီးဆုံး နဲ့ အဓိက အချက်ကတော့ အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်သွားရမယ်ဆိုတာကတော့ ၁၂ ချက်ထဲက အဓိကအချက်ပါပဲ။ ကျန်တဲ့အချက်တွေကတော့ ဒီအချက်တွေကို အဓိက အထောက်အကူပြုတဲ့ အချက်တွေပါပဲ။ ဒုတိယအရေးကြီးတာ ကတော့ နောက်တကြိမ် ဒီအစည်းအဝေးကို နိုဝင်ဘာလထဲမှာ ဆောင်ရွက်ဖို့ပါ။”

ABSDF နဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေကြား အလွတ်သဘော တွေ့ဆုံမှုတွေ ကနေ သြဂုတ်လ ၅ ရက်နေ့က ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြပြီး သြဂုတ်လ ၁၀ ရက်နေ့မှာတော့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးသဘောတူညီချက် ၁၂ ချက်ကို ဆွေးနွေး သဘောတူခဲ့ကြတာ ဖြစ်တယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

“ဒါကို လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းနဲ့ ပြည်သူ့လွှတ်တော်က ဦးသိန်းဇော် တို့ နှစ်ဦးကနေ ဦးဆောင်ပြီး ဆွေးနွေးပါတယ်။ အဲဒီတော့ အားလုံးကို ဆွေးနွေးနိုင်တယ်၊ အားလုံး သဘောတူညီချက် ထွက်နိုင်တယ်ဆိုတဲ့ အတွက် ဒါ ကျနော်တို့ ကြိုတင်ပြီးတော့ အလွတ်သဘောဆောင်ရွက်နိုင်ခဲ့တဲ့ အနေအထားတွေပေါ်လည်း မူတည်တယ်လို့ ထင်ပါတယ်။ နောက်ပြီးတော့ ဆွေးနွေးတာလည်း အားလုံးက ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ဆွေးနွေးကြတယ်။ နောက်ပြီးတော့ လေ့လာသူတွေအနေနဲ့ ဦးမင်းကိုနိုင် ရယ်၊ ဦးမြအေး ရယ်၊ ဦးကိုကိုကြီး ရယ် သုံးဦးလည်း တက်ရောက်သလို၊ UNA ကနေပြီးတော့လည်း တက်ရောက်ပါတယ်။ ကျနော်တို့ ဒီ လက်မှတ်ရေးထိုး ထားတဲ့ဟာတွေကို အကောင်အထည် ဆက်ဖော်ဖို့ ရှိတယ်။ နောက် အစည်းအဝေးတွေလည်း ပြင်ဆင်ဖို့ရှိမယ်။ ဒါပေမဲ့ အဓိက ရည်မှန်းချက်ကတော့ ကျနော်တို့ အစိုးရဘက်က လုပ်ငန်းကော်မတီက အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲကြီး ဖြစ်အောင်လုပ်ဖို့ကတော့ အဓိက အချက်ပါပဲခင်ဗျ။”

သြဂုတ်လ ၁၀ ရက်နေ့ မနက် ၁၀ နာရီက စတင်ဆွေးနွေးခဲ့ကြပြီး နေ့လည်  ၃ နာရီ ၄၅ မိနစ်မှာတော့ သဘောတူညီချက်တွေကို နှစ်ဘက် လက်မှတ် ရေးထိုးနိုင်ခဲ့ကြတာဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲပြီးပြီးချင်းမှာပဲ ABSDF နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းကော်မတီအဖွဲ့က ပူးတွဲသတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲ အတွင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ABSDF ဥက္ကဋ္ဌ ဦးသံခဲတို့က ဆွေးနွေးပွဲရလဒ်တွေနဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် ငြိမ်းချမ်းရေးအစီအစဉ်တွေကို ရှင်းလင်းပြခဲ့ကြပါတယ်။

ဦးအောင်မင်း။ “အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်ထဲမှာ ၁၀ ရက်နေ့မှာ ဆက်လုပ်မယ် ဆိုတဲ့အတွက် ကျနော်တို့ ဒီနေ့ ၁၀ ရက်နေ့မှာ လုပ်တာဖြစ်ပါတယ်။ ဒါဟာ ဘာပဲဖြစ်ဖြစ် ထူးခြားတဲ့ပွဲလည်း ဖြစ်တယ်။ ဒီလို မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်တာကလည်း ကျနော်တို့ အလုပ်သဘော ဆွေးနွေးပွဲတွေမှာ သေချာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကိုလည်း ဒီမှာပြန်ပြီးတော့ ဆွေးနွေးကြတာဖြစ်ပါ တယ်။ နောက်လည်း ဆွေးနွေးပွဲတွေကို ကျနော်တို့ ဆက်လုပ်သွား မှာဖြစ်ပါတယ်။”

ဦးသံခဲ။ “ဒီနေ့ နိုင်ငံရေး ခြေလှမ်းသစ်ဟာ အားလုံးအတွက် လျှောက်လှမ်းရမယ့် အခြေအနေမှာ ခြေလှမ်းသစ်တိုင်း၊ ခြေလှမ်းသစ်တိုင်းကို ပြည်သူလူထု အကျိုးအတွက် ရဲရဲဝံ့ဝံ့လျှောက်ဖို့ ကျနော်တို့ ဆုံးဖြတ်လိုက် ပါတယ်။ ခြေလှမ်းသစ်တိုင်း ခြေလှမ်းသစ်တိုင်းကို ကြံ့ခိုင်စွာနဲ့ လျှောက်လှမ်းဖို့ မကဒတ ကအသင့် ရှိပါတယ်။ ဒီတော့ ဒီလမ်းခရီးကို လျှောက်တဲ့ အခါမှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် တဦးနဲ့တဦး လက်တွဲတည်ဆောက်ဖို့အတွက် အခြေအနေသစ်တရပ်လည်း လိုအပ်ပါတယ်။ ဒီအခြေအနေသစ်ဆိုတာ ကျနော်တို့ တဖွဲ့တည်းနဲ့ မပြီးဘူးဆိုတာ ကျနော်တို့ ပြောပြီးသား။ ဒီတိုင်းပြည်မှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေ အဖြစ် ဒီခရီးကိုအတူလျှောက်မယ့် ခရီးသွားဖော်တွေအဖြစ် မှတ်ယူချင်ပါတယ်။ အထူးသဖြင့် ကျနော်တို့ လိုလားတာကတော့ ဒီခြေလှမ်း လျှောက်လှမ်းတဲ့ လမ်းသည် အားလုံးအတွက် ကျန်ရှိနေသော နိုင်ငံရေးအင်အားစုများ၊ ကျန်ရှိနေသော လက်နက်ကိုင် အဖွဲ့အစည်းများ အတွက် ဖြစ်စေချင်ပါတယ်။ ၂၅ နှစ်တာ ပုံစံဟောင်းထဲက ခွဲထွက်တဲ့ ပုံစံသစ်ဖြစ်ပါစေလို့လည်း ကျနော် ဆုတောင်းပါတယ်။”

လာမယ့်နိုဝင်ဘာလထဲမှာ ABSDF နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းကော်မတီတို့ နောက်တဆင့် ထပ်ပြီးဆွေးနွေးကြဖို့ စီစဉ်နေပါတယ်လို့လည်း ငြိမ်းချမ်းရေးကော်မတီက ပြောပါတယ်။ 

.
. www.MyanmarExpress.net
 

4 comments:

ငြိမ်းချမ်းရေးယူတဲ့အဖွဲ့တိုင်းမြ၀တီမြို့မှာ ဆက်ဆံရေးရုံးဖွင့်မယ်ဆိုတာချည်ဖြစ်နေလို့
ကျွန်တော်တို့မြ၀တီမြို့ကသူပုန်မြိဲ့ဖြစ်နေပါပြီခင်ဗျာ၊
ကူညီကြပါအုန်း မြို့ပေါ်မှာမလုံခြုံတော့ဘူး၊လာကြည့်ကြပါအုန်း

တောထဲမှာ ၂၅-နှစ် တိုင်းပြည်အတွက် ပေးဆပ်တာပါလို့ ဆိုဟု.... ABSDF ဥက္ကဌ ရဲဘော်သံခဲက ပြောတာကိုဖတ်လိုက်ရတယ်။ တစ်ခါတလေတော့လည်း လူအမြင်ကပ်ခံပြီး အမှန်ကိုတင်ပြမှ မသိတဲ့သူက သိပြီး၊ စဉ်းစားတွေးတောစရာတွေဖြစ်နိုင်မယ်။ နောက်ပြီး ရွှီးလို့ မရအောင် လူတွေကို သိစေချင်တယ်။

ရေဆန်ကို စုန်တက်တာဟာ အရမ်းအထင်အကြီးစရာကောင်းတယ်။ ရေဆန်ကို မတက်ပဲ ရေစီးနဲ့ ပါသွားပြီး ကမ်းပေါ်မှာ တင်ချင်သလိုတင်တာကို ရေမျောကမ်းတင်လို့ ခေါ်တယ်။ ရေမျောကမ်းတင...်တွေ ဒီနေ့ မှာ ရန်ကုန်မြို့ ထဲကိုဝင်၊ ယူနီဖောင်းတကားကားနဲ့  လစ်ဗျားမှာ ကဒါဖီကို နိုင်သလို အောင်ပွဲခံနေနတဲ့ပုံကိုကြည့်ရတာ နောက်စရာကောင်းအင်မတန်ကောင်းတယ်။ ကျနော်သာ ရန်ကုန်မှာ သူတို့ ကိုတွေ့ ရင် ထိုင်ပြီးလှောင်နေအုံးမှာ။

ငြိမ်းချမ်းရေးယူတာကောင်းတယ်။ အပစ်ရပ်စဲရေးလက်မှတ်ထိုးတာကောင်းတယ်။ ၂၅-နှစ်တာ လုပ်ခဲ့တာကောင်းတယ်။ တိုင်းပြည်အတွက်ပေးဆပ်ခဲ့တာပါ။ တောထဲမှာနေခဲ့တာပါ။ ကျနော်တို့ အနစ်နာခံပြီး ဒီမိုကရေစီရေးလုပ်ခဲ့တာပါဆိုတဲ့ စကားကိုတော့ သဘောမကျဘူး။

၁၉၈၈-ခုနှစ်မှာ တက္ကသိုလ်ကျောင်းသားတွေ ရေစီးကြမ်းတဲ့ ဆန်ရေကို တက်ခဲ့တယ်။ ပါပီမလို ရုပ်ရှင်ထဲမှာ ကြည့်ပြီး အားကျခဲ့ဘူးတယ်။ တစ်နေ့ ကျရင် ငါလည်း သူတို့ ကို အတုခိုးမယ်လို့ ဆိုပြီးလုပ်ခဲ့ဘူးတယ်။ ဘာ့ကြောင့်သဘောကြလဲဆိုတော့ ကျက်ပေါင်ကိုကိုက်ပြီး အရက်ပုလင်းလိုက်မော့၊ သေနတ်အတိုကို ခါးကြားမှာထိုးပြီး နေတဲ့ပုံစံကို သဘောကြလို့ ပါ။ မိုက်တာကွာ၊ လန်းတယ်ကွာဆိုပြီး ABSDF ကိုအထင်ကြီးခဲ့ပါတယ်။

၁၉၉၉-ခုနှစ် တောထဲမှာ ABSDF နဲ့ လှုပ်ရှားတော့ ရဲဘော်တွေမှာ သေနတ်မရှိဘူး။ သေနတ်မရှိပဲ စစ်ကြောင်းသွားတယ်။ စည်းကမ်းမရှိဘူး။ စစ်ကြောင်းသွားနေရင်းလည်း အရက်သောက်တယ်။ တပ်ရင်းမှုးလုပ်တဲ့လူကလည်း မနိုင်ဘူး။ ၈၈-ခုနှစ်မှာတောခိုခဲ့တဲ့ ရဲဘော်တွေက လက်ချိုးရေလို့ ရပြီး၊ စာမတတ်တဲ့ ရဲဘော်တွေက များနေတယ်။

ကျနော်တို့ တောထဲမှာ ၂၅-နှစ်ကြာလုပ်ခဲ့ပါတယ်လို့ ပြောတဲ့ ကိုသံခဲကိုကြည့်ပါ။ သူ့ ကိုကျနော်တွေ့ တာ မဲ့ဆောက်မှာပဲ။ ခေါင်းဆောင်တွေအားလုံး မဲ့ဆောက်မှာ။ မြို့ ပေါ်မှာနေတယ်။ တချို့ ကချင်းမိုင်မှာ။ ဥပမာ ငြိမ်းငြိမ်းရေးအကျိုးဆောင် ကိုကျော်လင်းဆိုရင် ချင်းမိုင်မှာ ဗိုက်ကလေးကိုလုံးပြီး လေးလဗိုက်လောက်ရှိနေပြီ။ သူဌေးလိုနေနေတာပဲ။ ၂၅-နှစ်လောက်တောထဲမှာ နေခဲ့တဲ့ကိုသံခဲဟာ သူများလမ်းစရိတ်နဲ့ နိုင်ငံတကာပတ်နေတာ။ သူက ဘယ်နှစ်လလောက် တောထဲမှာ ကင်းစောင့်ဘူးလို့ လဲ။ စစ်ကိုတိုက်ဘူးရဲ့ လား။ မေးကြည့်ပါအုံး။

ကိုမျိုးဝင်း၊ ကိုဆလိုင်း၊ ကိုဆန်နီ၊ ကိုဝေလင်းဇင်ကစလို့ ၊ အာလုံးသော ဗဟိုကော်မတီဝင်တွေ မြို့ ပေါ်မှာနေနေတာ မာနယ်ပလောကျပြီးခဲ့တည်းက ထင်တယ်။ အဆီရစ်တယ်။ အရက်သောက်တယ်။ ရဲဘော်လေး လေးငါးခြောက်ယောက်က ၀ဲကြီးလို စခန်းမှာနေတယ်။ ကချင်နဲ့ ချတောာ့မှ မြောက်ပိုင်းက အသက် (၂၀) လောက်ရှိတဲ့ ခလေးတွေပေါ်လာတယ်။
ပိန်လိန်နေတဲ့ ဗဟိုကော်မတီဝင်တွေကို တွေ့ လို့ လား။ ရန်ကုန်ကို သွားတဲ့ ၃၄-ယောက်အဖွဲ့ မှာ နှစ်ယောက်လောက်ပဲ ပိန်တယ်။ ကျန်တဲ့လူတွေအားလုံး ဗိုက်လေးတွေက ရှစ်လဗိုက်လောက်ရှိနေပြီ။

ဒါလား တောထဲမှာ ၂၅-နှစ်ကြာ တိုင်းပြည်အတွက်ပေးဆပ်ခဲ့တာ။ ဒါလား တော်လှန်ရေး။

လူအထင်သေးခံရတဲ့ ABSDF ဘ၀ကို ၁၉၉၉-ခုနှစ်နောက်ပိုင်းမှာ တွေ့ ခဲ့ရပြီ။ အဲဒိကတည်းက စပြီး လူ့ ဘောင်သစ်၊ အေဘီ၊ အန်အယ်ဒီနဲ့ ကျောင်းသားအဖွဲ့ အစည်းတွေဟာ ရေဆန်ကိုမလိုက်ပဲ၊ နိုင်ငံရေးရေစီးကြောင်းစုန်မျောရင်း ရေမျောကမ်းတင်ဖြစ်ခဲ့တယ်။

ယနေ့ မှာလည်း တစ်တိုင်းပြည်လုံးအပစ်အခပ်ရပ်စဲရေး ဖြစ်တာဟာ လူ့ ဘောင်၊ အေဘီ၊ အန်အယ်ဒီအယ်အေနဲ့ ကျောင်းသားအဖွဲ့ အစည်းတွေလုပ်ခဲ့တာမဟုတ်ဘူး။ ဒီအဖွဲ့ အစည်းတွေဟာ သူများခင်းပြီးသား၊ လျှောက်ပြီးသားလမ်းကြောင်းထဲမှာ ကျန်နေခဲ့မှာစိုးလို့  ရေမျောကမ်းတင်လုပ်ခဲ့ကြတာပါ။

ဒါကို လူတိုင်းအထင်မကြီးဖို့ လိုတယ်။

အပစ်အခတ်ရပ်စဲရေးပြီးရင် ဘာတွေမြင်ရမလဲဆိုတော့ မြို့ လိုလိုတောလိုလိုနေရာတွေမှာ ယူနီဖောင်းတကားကားနဲ့ ဗဟိုကော်မတီတွေ၊ တပ်ရင်းမှုးတွေ အလကားရတဲ့ဟိုင်းလတ်ကားခေါင်းမှာ အခန့် သားနဲ့ သူရဲကောင်းတွေလိုထပ်ပြီးမြင်ရမယ်။

ပူနေတဲ့ဗိုက်၊ ဒိထက်ပိုပြီးပူမယ်။ ဆင်းရဲနေတဲ့ ခေါင်းဆောင် ဒိထက်ပိုပြီးချမ်းသာလာမယ်။ မရတဲ့ ရဲဘော်တွေစိတ်ပျက်ပြီး တပ်ကထွက်မယ်။ နောက်ဆုံး ABSDF ဆိုတဲ့တပ်ဟာ အပစ်ရပ်ပြီး ငါးနှစ်လောက်ကြာတဲ့အချိန်မှာ ကေအန်ယူက ခွဲထွက်တဲ့အဖွဲ့ တွေလိုဖြစ်ပြီး နောက်ဆုံး စာရွက်ပေါ်မှာ နာမည်တစ်လုံးသာကျန်ခဲ့ပါတော့မယ်။

ရေဆန်ကို တက်ခဲ့တဲ့လူတွေကိုလေးစားတယ်။ ရေစီးနဲ့ အတူ မျောတဲ့လူတွေကိုတော့ မလေးစားတဲ့အပြင် ရေမျောကမ်းတင်တွေလို့ သတ်မှတ်တယ်။ အဲဒိလူတွေကတော့ ယနေ့ မှာ ယူနီဖောင်တကားကားနဲ့ ရန်ကုန်ကိုသွားတဲ့လူတွေပဲ။

သူတို့ ယူနီဖောင်းဝတ်တာ နှစ်နေရာပဲရှိတယ်။ လူကြားထဲမှာ ၀တ်တယ်။ ညီလာခံလုပ်ရင် ၀တ်တယ်။

(၂၅) နှစ်အတွင်း ဒီမိုကေ၇စီေ၇းဘန်းပြပီး နိုင်ငံတကာမှတောင်းစား၇င်း ချမ်းသာသွားသော ဒီမိုသူတောင်းစားသူဌေးများစာရင်း-

(၁) မောင်မောင်
(၂) ကျော်ကျော် (ဆယ်ပြား)
(၃) ကျော်ထက်
(၄) အောင်မိုးဇော်
(၅) နိုင်အောင် (ABSDF လူသတ်ကောင်)
(၆) အောင်မျိုးမင်း
(၇) ထူးချစ်
(၈) မိုးသီးဇွန် (ABSDF လူသတ်ကောင်)
(၉) ဘိုကြည်
(၁၀) တိတ်နိုင်
(၁၁) ကျော်လင်း
(၁၂) လွမ်းဏီ
(၁၃) သံခဲ (ABSDF ဥက္ကဌ) (မိန်းမက သြစီမှာ)
(၁၄) အောင်ဇော် (ဧ၇ာဝတီ)
(၁၅) အောင်နိုင်ဦး
(၁၆) ဇော်ဦး
(၁၇) မင်းဇော်ဦး
(၁၈) စိုးမြင့်
(၁၉) သင်းသင်းအောင်
(၂၀) အောင်ထူး (ရှေ့ နေ)
(၂၁) ဇော်ဇော်ထွန်း (လူ့ ဘောင်သစ်)
(၂၂) ကိုညို (လူ့ ဘောင်သစ်)
(၂၃) ဇာနည်သွေး
(၂၄) အောင်သူငြိမ်း
(၂၅) သင်းသင်းအောင်
(၂၆) ခင်ဥမ္မာ (ABSDF လူသတ်ကောင် နိုင်အောင် ၇ဲ့မိန်းမ)

အလကားကောင်တွေကို အရေးတယူလုပ်နေတာကိုက အဓိပ္ပယ်မရှိတော့ဘူး ဒီကောင်တွေက ၈၈ တုန်းကလည်း ပွဲလန့်တုန်းဖျာခင်းတဲ့ကောင်တွေ နိုင်ငံရေးခံယူချက်ရှိလို့လည်းမဟုတ်ဘူး အဖမ်းခံရမှာကြောက်ပြီး အရူးချီးပန်းတောခိုသွားတဲ့ကောင်တွေ ခုကြမှ ပေးဆပ်ခဲ့တာလိုလို တော်လှန်ခဲ့တာလိုလို နာမည်ဝင်ယူနေတာ အစိုးရအနေနဲ့ ဒီလိုကောင်စားမျိုးတွေကို အရေးတယူလုပ်နေတာကိုက. သူခိုး ဓားပြ ကို တရားဝင်အသိမှတ်ပြု လက်ခံနေတာနဲ့အတူတူပဲ ဒီလိုသာဆိုရင် ရိုင်းစိုင်းတဲ့ကောင်တွေရဲ့စိတ်ထဲမှာ အစိုးရကို ဆန့်ကျင်ပြီး ခဏတာတောခို ပုံကန်ပြမယ် ပြီးလို့မကြာခင်မှာပဲ အစိုးရနဲ့ အပစ်အခတ်ရပ်ဆဲပြီးရင် ကောင်းကောင်းနေ ကောင်းကောင်းစားဘဝကိုရမယ် ဆိုတဲ့အတွေးတွေဝင်သွားရင် မြန်မာပြည်မှာ အချောင်သမား နိုင်ငံရေးအယောင်ဆောင် သူပုန်တွေများလာတော့မှာပဲ ဒီကောင်တွေရဲ့ရန်ကို ကာကွယ်ပေးရင်း ရှေ့တန်းမှာအသက်စွန့်သွားရတဲ့သူတွေရဲ့မျက်နှာကိုလည်း ထောက်ကြပါဦး အစိုးရကတာဝန်ရှိတဲ့သူတွေ နိုင်ငံတကာမှာ နာမည်ရရုံတစ်ခုတည်းကိုတော့မကြည့်ကြပါနဲ့. ကိုယ့်နိုင်ငံ ကိုယ့်ဥပဒေပဲ ဘယ်သူ့ကိုမှ ကြောက်နေစရာမလိုဘူး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်