Subscribe to our RSS Feed

Crimea အရေးနဲ့ ရုရှား-ယူကရိန်း ဆက်ဆံရေး



Crimea အရေးနဲ့ ပတ်သက်ပြီးတော့ ဗမာလို ရေးထားတဲ့ သတင်းတွေ ဘဲဖတ်ပြီး သုံးသပ်မယ်ဆိုရင် မှန်ကန်တဲ့ သုံးသပ်ချက် ဖြစ်မလာနိုင်ဘူး။ ဘာလို့လဲဆိုတော့ ဗမာလို ရေးထားတဲ့ သတင်းတွေဟာ အဂ်လိပ် သတင်းတွေကို အခြေခံထားလို့ဘဲ။ 

သတင်းဌာနတွေက လိုချင်တဲ့ အချက်တွေကိုလောက်ဘဲ ကွင်းပြီးဖော်ပြကြတာဟာ သတင်းဌာနပေါင်းစုံကအာဘော်တွေကို စုံအောင်မဖတ်နိုင်တဲ့ သူတွေအတွက် 
အတွေးမှား အမြင်မှား သုံးသပ်ချက်မှားတွေဖြစ်စေနိုင်တယ်။ 

အထူးသဖြင့် ယူကရိန်းအရေးမှာဆို ပိုပြီး သိသာတယ်။ အနောက်နိုင်ငံ တွေရဲ့
သတင်းဌာနတွေကိုဘဲ အားပြုထားရတဲ့ မြန်မာလိုရေးတဲ့ နိုင်ငံတကာသတင်းတွေကလဲ 
အလိုလို အနောက်ယိမ်း အာဘော်တွေ ဖြစ်နေတာကိုတွေ့ရတယ်။ 
ရုရှားလို သူ့ပြည်တွင်းမှာ ထုတ်လွင့်တဲ့ သတင်းတွေကျတော့ 
အာဘော်ကတမျိုးဖြစ်နေတာကို တွေ့ရတယ်။ 

ပြသနာအစလို့ ပြောလို့ရတာတော့ ၂၀၁၃ နိုဝင်ဘာ ၂၁ ရက်နေ့မှာ သမ္မတ ယန်နူကိုဗစ်ခ်ျက 
EU နဲ့ ပိုပြီးနီးစပ် နိုင်မယ့် စာချုပ်ကို လက်မှတ်မထိုး တော့ဘူးဆိုပြီးလုပ်လိုက်တာဘဲ။ 
အဲဒီအချိန်မှာEU ဘက်ကရော ယူက၇ိန်းဘက်ကရော လက်မှတ်ထိုးဘို့ အဆင်သင့်ဖြစ်နေပြီ။ အဲဒီမတိုင်ခင်လေးမှာ ရုရှားသမ္မတ ပူတင် က ယန်နူကိုဗစ်ခ်ျ ကို ဆိုချီကို ခေါ်ပြီး 
ဘာတွေ pressure ပေးလိုက်သလဲ မသိဘူး။သတင်းအသေးစိတ်ကို ရုရှားလို သတင်းဌာနတွေမှာလဲ ထုတ်လွင့်တာ မတွေ့ရဘူး။ သေချာတာကတော့ pressure ပေးလိုက်တာဘဲ။ 

အဲဒီက အပြန် ယန်နူကိုဗစ်ခ်ျက ဗြုန်းတိုင်းကြီး EU နဲ့ လက်မှတ်ထိုးမယ့် အစီအစဉ်ကို 
ဖျက်တယ်ဆိုပြီး ကြေငြာတော့ EU တောင် အတော်စိတ်ပျက်သွားပြီး 
ယူကရိန်းနဲ့ ပတ်သက်တဲ့ EU ရဲ့ အစီစဉ်အားလုံး ရပ်ဆိုင်းဘို့တောင် ပြောလိုက်ကြသေးတယ်။ 
ယူကရိန်း ပြည်တွင်းက အနောက်ဘက်ခြမ်းက သူတွေက သူတို့ ရဲ့ မျှော်လင့်ထားတာတွေနဲ့
 တခြားစီ ဖြစ်သွားတဲ့ အတွက် ထပြီး ပေါက်ကွဲတော့တာဘဲလို့ ပြောလို့ရတယ်။ 
အမှန်တော့ ဒီပြသနာကို စ ခဲ့တာက ယန်နူကိုဗစ်ခ်ျ ကိုယ်တိုင်ဘဲလို့ ပြောလို့ရတယ်။ မဲဆွယ်စည်းရုံးခဲ့စဉ်က အနောက်ဘက်ခြမ်းက မဲတွေရဘို့အရေး EU နဲ့ ပိုပြီး
နီးစပ်အောင်လုပ်မယ်ဆိုပြီး မက်လုံးပေးခဲ့တာတွေ ရှိတယ်။

ဒီလိုနဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်လာပြီး တဖြည်းဖြည်း အင်အားကောင်းလာတယ်။ 
ဒီဇင်ဘာ ရောက်တဲ့အချိန်မှာ ဆန္ဒ ပြသမားတွေက 
Kiev city hall and Independence Square မှာ တပ်စွဲလာကြတယ် လို့ ပြောလို့ရတယ်။ 
တဖြည်းဖြည်း အင်အားက ကြီးထွားလာပြီးတော့ 
အစိုးရ အဆောက်ဦးတွေ သိမ်းဘို့လုပ်ရာကနေ ရဲတွေနဲ့ ထိပ်တိုက်တွေ့ပြီး 
၂၀၁၄ ဖေဖော်ဝါရီ ၂၀ ရက် ဝန်းကျင်မှာ ဆန္ဒပြသမား ၉၀ နီးပါးလောက် သေဆုံးရမှုတွေ ဖြစ်ခဲ့တယ်။ 
အဲဒီမတိုင်ခင်တော့ ရဲတွေက လိမ့်နေအောင်ကိုခံရတာ။ 

သူတို့မှာ တရားဝင် ပစ်မိန့်က မရတော့ လုပ်ရကိုင်ရ အတော်ကျပ်တည်းခဲ့ပုံရတယ်။ 
ထုံးစံအတိုင်း ဆန္ဒပြပွဲတွေနဲ့ အတူ မင်းမဲ့စရိုက်တွေ တွဲပါလာတယ်။ 
nationalist တွေ extremist တွေ ဆန္ဒပြပွဲတွေရဲ့ ထိပ်တန်း ခေါင်းဆောင် ပိုင်းကိုရောက်လာတယ်။ အဲဒီရက်ပိုင်းမှာ သမ္မတ ယန်နူကိုဗစ်ခ်ျက အတိုက်အခံ ပါတီတွေရဲ့ ခေါင်းဆောင်တွေ ကို 
ဝန်ကြီးချုပ် ဒု ဝန်ကြီးချုပ်တွေ ပေးမယ်ဆိုပြီး စည်းရုံးပြီး တွေ့လိုက်ကြသေးတယ်။ 
ဒါပေမယ့် ပြသနာကမပြေလည်သွားဘူး။


ယူကရိန်း အေ၇းအခင်းမှာ အရေးအပါဆုံးနေ့ကတော့ ၂၁ ဖေဖော်ဝါရီ ဘဲ။ 
သမ္မတနဲ့ အတိုက်အခံ ခေါင်းဆောင်တွေ သမ္မတ ရုံးမှာ သဘောတူညီမှု တွေပါတဲ့ လက်မှတ်ရေးထိုးမှုတွေ လုပ်ခဲ့ကြတယ်။ အဲဒီ သဘောတူညီမှုတွေထဲမှာ သမ္မတရဲ့ အာဏာကို ထိန်းချုပ်တဲ့ ၂၀၀၄ အခြေခံ ဥပဒေ အတိုင်း ပြန်းသွားဘို့နဲ့ ရွေးကောက်ပွဲတွေ အချိန်စောပြီး လုပ်ပေးဘို့ သမ္မတ က သဘောတူပေးလိုက်တယ်။ အဲဒီလက်မှတ်ရေးထိုး ပွဲမှာ ပိုလန်၊ ဂျာမနီ နဲ့ ပြင်သစ်က နိုင်ငံခြားရေး ဝန်ကြီးတွေ အသိသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ကြ တယ်။ 
သူတို့တွေရဲ့ အာမခံမှုကြောင့်ဘဲ သမ္မတ ဘက်က အားလုံးလိုက်လျော ပေးလိုက်တယ်လို့ဘဲပြောလို့ ရတယ်။ တကယ်တော့ ရွေးကောက်ပွဲ စောပြီးလုပ်ရင် သူပြန်ပြီး မနိုင်မှာကို သေချာ သလောက်ရှိတယ်ဆိုတာ သိပေမယ့်လဲ သမ္မတ ဘက်က 
အခြေခံဥပဒေ ဘောင်အတွင်းက အမြန်ဆုံး အာဏာ လွဲပေးမယ်လို့ သမ္မတက ပြောခဲ့တယ်။

နောက်တနေ့ မှာ သမ္မတက သူ့ကို အခိုင်အမာ အားပေးတဲ့ မြို့ဘက်ကို 
အလုပ်ကိစ္စ အကြောင်းပြပြီး အသွားမှာ Kiev မှာ အာဏာသိမ်းပွဲကြီး လုပ်လိုက်တယ်ဘဲ ဆိုပါတော့။ ဒီနေရာမှာ legalization နဲ့ ပတ်သက်ပြီး အငြင်းပွားမှု တွေဖြစ်လာတယ်။ 
အရေးအကြီးဆုံးက ပြည်တွင်းမှာပါ။ ပိုပြီး ဆိုးတာက Russian language ကို 
နှိပ်ကွပ်တဲ့ ဥပဒေ ကို အရင်ဆုံး ထုတ်လိုက်ခြင်းပါဘဲ။ 
ဒီအချိန်မှာ ယူကရိန်း အရှေ့ခြမ်းက 
ရုရှားလူမျိုးတွေ များတဲ့နေရာတွေက အာဏာသိမ်းအစိုးရကို 
ဘယ်လိုမှ အသိအမှတ်မပြနိုင်ကျတော့ဘူး။ 
အဆိုးဆုံးကတော့ ရုရှားလူမျိုးအများဆုံး နေထိုင်တဲ့ 
Crimea ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်လာတယ်။

 ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ ဒေသရဲ့ အစိုးရက Kiev က လက်ရှိအစိုးရကို သစ္စာမခံကြောင်း တရားဝင်ကြေငြာပြီး ရုရှားသမ္မတ ပူတင်ဆီကို တရားဝင် စစ်ရေးအရ အကာအကွယ်ပေးဘို့ အကူအညီတောင်းတယ်။ ပူတင်ကလဲ federation council ကို တင်ပြီး လိုအပ်လို့ စစ်အင်အားအသုံးပြုမယ်ဆိုရင် သဘောတူလားလို့ မေးလိုက်တယ်။ 
federation council က အချိန် ၃ နာရီတောင်မကြာဘူး တညီတညွတ်တည်း သဘောတူလိုက်တယ်။ အဓိက ကတော့ ရုရှားလိုမျိုးနဲ့ ရုရှားနိုင်ငံရဲ့ အကျိုးစီးပွားကို တိုက်ရိုက်ကို တိုက်ခိုက်တဲ့ ရန်က ကာကွယ်ရမယ်ဆိုပြီး federation council က တညီတညွတ်တည်း ထောက်ခံခြင်းဖြစ်တယ်။

အနောက်နိုင်ငံတွေကတော့ အာဏာသိမ်းအစိုးရကို အသိအမှတ်ပြုပြီး ထိတွေ့ဆက်ဆံမှုတွေ လုပ်တယ်။ ရုရှားကတော့ သူတို့ကို ဆန့်ကျင်တဲ့ အစိုးရက ကို ဥပဒေအရ ပြည်သူက တင်မြောက်ထားတာ မဟုတ်လို့ဆိုပြီး လက်မခံဘူး။ Crimea ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ ဒေသအစိုးရကိုတော့ ဥပဒေအရ ပြည်သူတွေက တင်ထားတဲ့ သူတွေဖြစ်တယ်ဆိုပြီးပြောတယ်။ ပြီးတော့ နိုင်ငံတကာကိုလဲ legalization reference အနေနဲ့ သမ္မတနဲ့ အတိုက်အခံ ခေါင်းဆောင်တွေ သမ္မတ ရုံးမှာ သဘောတူညီမှု တွေပါတဲ့ လက်မှတ်ရေးထိုးမှုတွေ လုပ်ခဲ့တဲ့ စာချုပ်ကို လုပ်ထားတယ်။ အဲဒီစာချုပ်လက်မှတ်ရေထိုးပွဲကို 
ရုရှား လေ့လာသူအဖြစ်ဘဲ တက်ထားတယ်။ 

အဲဒီလက်မှတ်ရေးထိုး ပွဲမှာ ပိုလန်၊ ဂျာမနီ နဲ့ ပြင်သစ်က နိုင်ငံခြားရေး ဝန်ကြီးတွေ 
အသိသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး အဲဒီစာချုပ်အတိုင်း 
အကောင်အထည်မဖော်ပေးနိုင်တဲ့ အပေါ် လက်ညှိုးထိုးစရာ ရခဲ့တယ်။ 

အဲဒီ ၃ နိုင်ငံကလဲ သူတို့အာမခံခဲ့ လို့ ဒီလိုစာချုပ်ဖြစ်လာပေမယ့် အတိုက်အခံတွေက 
ချက်ချင်းကြီး အာဏာသိမ်းပြီး မဆင်မခြင်တွေလျောက်လုပ်တော့ တော်တော်စိတ်ညစ်သွားတယ်။ ရုရှားအစိုးရက စစ်ရေးအရ ဝင်မယ့်အရေးမှာတောင် ကျယ်ကျယ်လောင်လောင် ဝင်ပြောလို့ မရတော့ဘူး ဖြစ်သွားတယ်။ EU မှာက ဂျာမနီနဲ့ ပြင်သစ် မပါရင် ဘာမှလုပ်လို့ရတာမှ မဟုတ်တာ။ 
အဲဒီ အပိုင်ကွက်ကို ရုရှားက ကိုင်လိုက်တယ်။ 

NATO မှာလဲ ပြင်သစ်မပါတော့ ဘာမှ ဆုံးဖြတ်ချက်က ဖြစ်မလာဘူး။ 
UK ကလဲ ဆီးရီးယား နဲ့တုန်းက သာ ဆော်မယ်တကဲကဲ လုပ်ပြီး ပြန်လျောချလိုက်ပေမယ့် 
ရုရှားနဲ့ စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ဘို့ မလုပ်ဘူးဆိုပြီး အစောထဲက ဘူးပေါ်သလို ပေါ်ပြီးသားဖြစ်နေတယ်။ အိုဘားမား အနေနဲ့ စစ်ရေး အရ ထိပ်တိုင် ဆိုင်ထားဘို့ကိုတောင် 
စဉ်းစားလို့ မရတော့ဘဲ စီးပွားရေး sanction တွေဘက်ကိုဦးတည်သွားရတော့တယ်။

အခုတော့ သူရော ကိုရော sanctions အပြိုင် ပြင်ဆင်နေကြပြီ။ Crimea မှာလဲ 
လူထုဆန္ဒခံယူပွဲလုပ်ဘို့ ပြင်ဆင်နေပြီ။ Kiev Or Moscow? ဆိုပြီး။
 ပြည်သူလူထုက Moscow ဆိုရင်တော့ ဒီထက်ပိုပြီးရှုပ်လာအုံးမှာပါ။ 
အဲလိုဖြစ်ဘို့ကလဲ သေချာသလောက်ပါဘဲ။ အများစုက ရုရှားတွေ ဖြစ်နေတာကိုး။
Crimea က ယူကရိန်းလက်အောက်ခံလား။ 
ရုရှားနဲ့ဘဲ ပြန်ပေါင်းမလားဆိုတာကတော့ စိတ်ဝင်စားစရာ။

နိုင်ငံ ကွဲထွက်သွားမယ့်အရေးနဲ့ ရင်ဆိုင်နေရတဲ့ အာဏာသိမ်းအစိုးရ၊ နိုင်ငံရဲ့ အကျိုစီးပွား လူမျိုးရဲ့ အကျိုးစီးပွား ကို ကာကွယ်ဘို့ စစ်အင်အားကို လိုအပ်ရင် သုံးခွင့်ရထားတဲ့ ရုရှားအစိုးရ၊ 
ကိုယ်စီကိုယ်စီ နိုင်ငံရဲ့ အကျိုးစီးပွား တွေကို တွက်ချက်နေတဲ့ အနောက် နိုင်ငံအစိုးရ တွေ 
ဘယ်လိုတွေ ဆုံးဖြတ်ကျမလဲဆိုတာက တော့ ဆက်လက်စောင့်မျှော်ကြည့်ရှုကြပါကုန်။ ။

PS. ဘယ်သူဘက်မှ မလိုက်ဘဲ နှစ်ဘက်သတင်းများကို အခြေခံပြီး ရေသားထားပါသည်။

Written by Min Theino
From Ko Stan Gyi

2 comments:

Interference by the Westerners since the First World War{1914 - 1918}. Read the remote causes of the first world war in any good world history book written by old University historians. (Do not read history books written by politicians and Myanmar journalists and writers)

မြန်မာနိင်ငံလည်းတော်တော် သတိထားရမယ်။ မြန်မာနိင်ငံ အထက်ပိုင်းမှာ တရုတ်တွေနဲ့ အနောက်ပိုင်းတွေမှာ ကုလားတွေ အဝင်များနေတာ ။ လဝက တွေ ရဲတွေ စောစောစီးစီးထဲက တိတိကျကျ လုပ်ထားကြပါ။ မြန်မာနိင်ငံလည်း ဒါမျိုးမဖြစ်ဘူး မပြောနိင်ဘူး။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်