ရုရှား ပြည်သူ များက သမ္မတ ဗလာဒီမာ ပူတင် အား နောက်ဆုံး ဖြုတ်ချ လိမ့်မည် ဖြစ်ကြောင်း အမေရိကန် ရီပတ် ဘလီကင် အမတ်လည်း ဖြစ်၊ သမ္မတ လောင်းလည်း ဖြစ်ခဲ့ဖူး သူ ဂျွန်မက်ကိန်း က သတိပေး ဟြေကြား လိုက် သည်။
ယူကရိန်း က ဗစ်တာယာနူ ကိုဗစ် လို ရုရှား ပြည်သူများ က သမ္မတ ပူတင် အား ဖြုတ်ချ လိမ့်မည် ဟု ဂျွန်မက်ကိန်း က ဟြေကြား ခဲ့သည် ကို နယူးယောက် တိုင်း(မ်) က ဖော်ပြ သည်။ ဖေဖော်ဝါရီ လ အတွင်း ယူကရိန်း မြို့တော် ကိယက်ဗ် မှ ထွက်ပြေး ခဲ့သော ယူကရိန်း သမ္မတ ဗစ်တာ ယာနူကို ဗစ်ကို ပြည်သူ များ က ဖြုတ်ချ ခဲ့ခြင်း ကို ရည်ညွှန်း ၍ ဂျွန်မက်ကိန်း က ဟြေဆို ခဲ့ခြင်း ဖြစ် သည်။ ရုရှား နိုင်ငံ အနေဖြင့် ယူကရိန်း ကဲ့သို့ သော အိမ်နီးချင်း နိုင်ငံ များ လွတ်မြောက် မှု အပေါ် လက်မခံ နိုင် ကြောင်း၊ မော်စကို က အိမ်နီးချင်း နိုင်ငံများ ကို သြဇာ လွှမ်းမိုးချင် ကြောင်း မက်ကိန်း က ပြောသည်။
ယူကရိန်း အနေဖြင့် အကျပ် အတည်းမှ ရုန်းထွက် လာလျှင် ဥရောပ နိုင်ငံ များနှင့် ဆက်ဆံရေး တိုးတက် လာမည် ကို ရုရှား က သဘော မတူ နိုင်ဘဲ ရှိ သည်။ မစ္စတာ ပူတင် အနေဖြင့် ရုရှား အင်ပါယာ အိပ်မက်ကို အဆုံးသတ် သင့်ပြီ ဖြစ်ကြောင်း လည်း ဂျွန်မက်ကိန်း က ပြောဆို လိုက်သည်။ ယူကရိန်း အကျပ် အတည်း ကို မကိုင်တွယ် သည့် အတွက် သမ္မတ ဘားရက် အိုဘားမား ကိုလည်း ဂျွန် မက်ကိန်း က ဝေဖန် လိုက်သည်။
ပရက်စ်တီဗွီ
1 comments:
Silly remark by John Mac Cain.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်