Subscribe to our RSS Feed

ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်နဲ့ ပတ်သက်တဲ့ နောက် ဆုံးသတင်း

From : the melting pot 4 U

မလေးရှားကပျောက်ဆုံးသွားတဲ့လေယာဉ်သတင်းနဲ့ ပတ်သက်ပြီးတော့ ဘာမှရေရေရာ မသိကြ ရသေးပါဘူး။တရုတ်အေဂျင် စီ နဲ့  ချီကာဂိုကအိုင်တီမန်နေဂျာ တစ်ယောက်က ပင်လယ် ထဲမှာ သံသယဖြစ်ဖွယ် အရာ ၀တ္တုတွေ တွေ့  တယ်ဆိုတဲ့ သတင်းပဲ တွေ့ မိပါတယ်။
တရုတ်အေဂျင်စီတစ်ခုက တောင်တရုတ်ပင်လယ်ပြင်ထဲကသံသယဖြစ်ဖွယ်ရေပေါ်မှမျောနေတဲ့ အရာဝတ္တုသုံးခုရဲ့ ပုံကို ထုတ်ပြန်လိုက်ပါတယ်။
sastind.gov.cn

10:12 pm
တရုတ်အာဏာပိုင်တွေကထုတ်ပြန်လိုက်တဲ့ လေယာဉ်ကအပိုင်းအစလို့ သံသ ယဖြစ်ဖွယ်ပုံ။တောင်တရုတ်ပင်လယ်ထဲက မျောနေတဲ့ အရာဝတ္တုသုံးခု။ ဒီပုံတွေက မိုင် ၁၄၀အကွာ တရုတ်ဂြိုလ်တုကနေရိုက်ကူးထားတဲ့ပုံတွေဖြစ် တယ်။

sastind.gov.cn

သူတို့ တွေ့ တဲ့အရာဝတ္တုသုံးခုက တော်တော်လေးကြီးတယ်။ တစ်ခု ၁၃၊၁၈မီ တာ၊နောက် တခုက ၁၄၊၁၉မီ တာ၊နောက်တစ်ခုက ၂၄၊၂၂မီတာရှိတယ်။
အစိုးရအေဂျင်စီရဲ့ အပြောအရ ဒီအရာဝတ္တုတွေ ကို လေယာဉ်စထွက်ခဲ့တဲ့ တဲ့ကွာလာလမ်ပူမလေးရှားရဲ့ အရှေ့ မြောက်၊ဗီယက်နမ်ရဲ့ တောင်ဖက်မှာတွေ့  ရှိခဲ့တယ်။

9:39 pm
တရုတ်အေဂျင်စီကဒီအရာဝတ္တုသုံးခုဟာ ပျောက်နေတဲ့
လေယာဉ်ဖြစ်နိုင်ကြောင်း ကြေငြာခဲ့။
တရုတ်သိပ္ပံနည်းပညာနဲ့ အမျိုးသားကာကွယ်ရေးဌာနကMH370ကိုရှာဖွေနေ တဲ့ဂြိုလ် တုဟာ သံသယဖြစ်ဖွယ်အပိုင်းအစတွေ တွေ့  ထုတ်ပြန်ခဲ့တယ် လို့ CNN သတင်းဌာနကပြောတယ်။ ဒီပုံတွေကို မတ် ၉ရက် လေ ယာဉ်ပျောက်ဆုံးပြီးနောက်တစ်ရက်မှာရိုက်ခဲ့တာဖြစ်ပါတယ်။

9:24 pm
ချီကာဂိုက အိုင်တီမန်နေဂျာတစ်ယောက်ကလည်း ဂြိုလ်တု ကပုံရိပ်တစ် ခုကို တွေ့ ရှိခဲ့တယ်။
ကမ္ဘာတလွှားကထောင်သောင်းချီတဲ့လူတွေကဂြိုလ်တုကနေ လေယာဉ်အပျက် ကိုဝိုင်းဝန်ပြီးကူညီရှာဖွေနေကြထဲကတစ်ယောက်က မိုက်ဆီဘာဂါဖြစ်ပါ တယ်။
မိုက်ဆီဘာဂါဆိုသူက လေယာဉ်နဲ့ တူတဲ့အရာဝတ္တုတစ်ခုကို ထိုင်းပင် လယ်ကွေ့ နား မှာတွေ့ ရှိခဲ့တယ်။
သင်္ဘော ၄၂စင်း၊လေယာဉ်၃၉စင်းနဲ့ နိုင်ငံပေါင်း ၁၂နိုင်ငံက ပျောက်ဆုံးနေတဲ့ ဘိုးရင်း 777 ၀ိုင်းဝန်းရှာဖွေနေကြတယ်။ လေယာဉ်ပေါ်မှာခရီးသည် ၂၃၉ယောက် ပါသွားတယ်။
တကယ်လို့ များမိုက်ဆီဘာဂါရဲ့ တွေ့ ရှိချက်မှန်ခဲ့ရင်ကမ္ဘာတစ်ခုလုံးက
စိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့ လေယာဉ်ပျောက်ဆုံးမှု ပြဿနာကို
ဖြေရှင်း နိုင်ပြီ။
သူတွေ့ တဲ့ပုံက အောက်ကပုံဖြစ်ပါတယ်။








0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်