From : ပြည်သူ့အာဏာ
အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးကို တစ်မျိုးသားလုံး ပါဝင်လာစေရန် သံဃာတော်များ ဦးဆောင်၍ ကြိုးပမ်းနေချိန်တွင် အပတ်စဉ် ထုတ်ဂျာနယ်တစ်စောင် ဖြစ်သော Street View ဂျာနယ်မှ ဝေဖန်ရှုတ်ချလိုက် ကြောင်း သိရှိရသည်။
ယင်းဂျာနယ်မှ မှူးသစ် အမည်ဖြင့် ကဗျာဆရာယောင်ယောင် လုပ်ဆောင်နေသော ဦးမင်းသူသည် အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်နေသော သံဃာတော်များအား "သင်္ကန်းဝတ်အချို့ ထိတ်လန့်ဖွယ် တရားတွေဟောနေတာ တားမယ့်ဆီးမယ့် သူမရှိ၊ သင်္ကန်းဝတ်အချို့ ကြမ်းကြမ်းရမ်းရမ်း အာဏာရှင်ဆန်ပြနေတာ ထိန်းသိမ်းမယ့်သူမရှိ၊ ဘုန်းကြီးမြင်ရင် အလိုလိုကြည်ညိုစိတ်ဖြစ်နေတာကနေ
အလိုလို ကြောက်ရွံ့ စိတ်ဝင်အောင် လုပ်နေကြတာလားတော့ မသိ" ဟူ၍ ဝေဖန် ပြစ်တင်လိုက်ခြင်း ဖြစ်သည်။
၎င်းသည် အမျိုးဘာသာသာသနာကာကွယ်ရေးဆောင်ရွက်နေသူများကိုလည်း လူမိုက် မျိုးချစ် ဟူ၍ နှိမ့်ချပြောကြားခဲ့ကြောင်း သိရှိရသည်။
သတင်းထောက်အဖြစ် ၄င်းပါဝင်ဆောင်ရွက်နေသည့် Street View ဂျာနယ် တွင်လည်း ကလောင်အမည် မင်းသူဖြင့် အမျိုးဘာသာသာသနာ ကာကွယ်ရေးဆောင် ရွက်နေသူများကို ဝေဖန်ပုတ်ခတ်မှုများ မကြာခဏ ပြုလုပ်လေ့ရှိကြောင်း သိရှိရသည်။ အဆိုပါဂျာနယ်မှာ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်း၏ ၀ါဒဖြန့်စာစောင် အဖြစ် ရပ်တည်လျက်ရှိရာ ထိုဂျာနယ်၏ ဖော်ပြချက်များသည် ပြည်သူ့လွှတ်တော် ဥက္ကဌ၏ သဘောထား ဖြစ်နိုင်သည် ဟု မှန်းဆသူများလည်း ရှိနေသည်။
"မီဒီယာသမားတွေ အဆိုးဆုံး၊ ဒီထဲမှာ ဒီဂျာနယ်လည်း ပါတယ်။ ဘာ့ကြောင့် ဒီလို ဝေဖန်ပုတ်ခတ်နေသလဲ ဆိုတာ ဘယ်သူတွေ ငွေထုတ်ပိုက်ပြီး ၀ါဒ ဖြန့်နေတယ် ဆိုတာ ကြည့်လိုက်တာနဲ့ သိသာပါတယ်။ ဒီဂျာနယ်က ဦးရွှေမန်းရဲ့သား၊ ခရိုနီ ဦးခင်ရွှေရဲ့ သားမက် ထုတ်တာလို့ သိရပါတယ်။ ဒီနေ့ ကျွန်တော်တို့ ပြည်သူတွေ မညံ့ပါဘူး။ နောက်ကွယ်မှာ ဘာတွေ ရှိတယ် ဆိုတာ သိနေပါပြီ" ဟု မြန်မာအမျိုးသားကွန်ရက် တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
"Street View ဂျာနယ်က အလကားဝေလို့ ဖတ်ရပါတယ်။ ဘယ်သူတွေ ထုတ်နေတာလဲတော့ သေချာမသိပါဘူး။ ဥက္ကဌကြီးသား ထုတ်နေတာ ဆိုတာတော့ သူများတွေ ပြောနေတာ ကြားဖူးပါတယ်။ ဘတ်ဂျက်ကိစ္စတွေ
ဒီဂျာနယ်က ဝေဖန်တာ၊ ရေးသားတာတွေ တွေ့ရတယ်။ အံ့သြဖို့ ကောင်းတာက ကြံ့ခိုင်ရေးကိုယ်စားလှယ် တချို့ ဆိုရင် ဒီဂျာနယ်ထဲက ဟာတွေနဲ့ လွှတ်တော်မှာ ဆွေးနွေးတာ တွေ့ဘူးတယ်။ မီဒီယာကို နိုင်ငံရေးလက်နက်အဖြစ် အသုံးချနေတာပေါ့။ လွတ်လပ်တဲ့ မီဒီယာ ဆိုတာ ရှားနေပြီ။ နိုင်ငံရေးလက်နက်မီဒီယာတွေပေါ့။ ပိုက်ဆံရှိတော့ အရှုံးခံနိုင်တာပေါ" ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။
Street View ဂျာနယ်သည် လွှတ်တော်ဥက္ကဌ၏ သား၊ ခရိုနီဦးခင်ရွှေ၏ သားမက် ဖြစ်သူ ထုတ်ဝေနေသော ဂျာနယ် ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီက ထုတ်ဝေသော ပြည်ထောင်စုနေ့စဉ်သတင်းစာကိုလည်း ၄င်းကပင် စီမံခန့်ခွဲ ညွှန်ကြားနေခြင်း ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောဆိုသည်။
ယခုအခါ မြန်မာအမျိုးသားကွန်ရက်နှင့် ပူးပေါင်း၍ ပုဒ်မ ၅၉(စ) ထောက်ခံရေး တရားများ ဟောပြောနေသော မတူကွဲပြားပါတီဥက္ကဌ ဦးနေမျိုးဝေမှာ ဦးခင်ရွှေ၏ လယ်ယာမြေသိမ်းယူမှု၊ အနိုင်ကျင့်မှုများကို ဖော်ထုတ်ကာ တရားစွဲဆိုခြင်းများ ဆောင်ရွက်ခဲ့ခြင်း ကြောင့် ၄င်းပါဝင်ဆောင်ရွက်နေသော အမျိုး ဘာသာ သာသနာကာကွယ်ရေးဆောင်ရွက်ချက်များကို အငြိုးဖြင့် အပုပ်ချနေခြင်း ဖြစ်နိုင်ကြောင်း စာနယ်ဇင်းသမားတစ်ဦးက ပြောသည်။
"အဓိက ပစ်မှတ်ကတော့ နေမျိုးဝေပေါ့။ သူက ဦးခင်ရွှေကို လယ်ယာမြေ ကိစ္စမှာ ထိပ်တိုက်ရင်ဆိုင်ခဲ့တာ။ အခုလည်း အမျိုး ဘာသာကိစ္စမှာ နေမျိုးဝေ ပါဝင်နေတာကြောင့် ရန်ငြိုးနဲ့ အခုလို လုပ်နေတာ ထင်ပါတယ်။ ဒါပေမယ့် နေမျိုးဝေက သတ်သတ် အမျိုးသားရေးက သတ်သတ်လို့ ထင်ပါတယ်။ နေမျိုးဝေ မကျေနပ်တာနဲ့ သံဃာတွေကို အပုပ်ချတာကတော့ မဖြစ်သင့်ဘူး လို့ပဲ ပြောရမှာပဲ။ ပြီးတော့ Street View ဂျာနယ် ဆိုတာကလည်း မတရား ရထားတဲ့ငွေတွေကို သုံးနေတာ။ အခုအချိန်မှာ သတင်းစာတွေ အလျှိုလျှို ပေါ်လာတော့ ဂျာနယ်တွေ စောင်ရေကျတယ်။ ရပ်တည်ဖို့ အနိုင်နိုင် ဖြစ်လာတယ်။ ဒီအချိန်မှာ နိုင်ငံရေးအရ ၀ါဒဖြန့်ချိရေး လုပ်နေတဲ့ တိုက်တွေကတော့ ရပ်တည်နိုင်တယ်။ သူတို့က အရှုံးခံပြီး ချနေတာ။ မီဒီယာလောက ပျက်စီးရတာလည်း သူတို့ကြောင့်ပဲ။ Eleven က ကျန်တဲ့ ဂျာနယ်တွေဆို ပြောတာ တွေ့ရပေမယ့် Street View ဂျာနယ်ကိုတော့ မထိရဲဘူး။ သူတို့တောင် Street View ပိုင်ရှင် ဦးရွှေမန်းသားကို ဖားနေရတာ လို့ ကြားတာပဲ" ဟု ၄င်းက ပြောကြားသည်။

1 comments:
Very nonsensical post. I wonder if there is any body who is silly enough to believe this news.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်