Subscribe to our RSS Feed

ရန်ကုန်ဗလီ မီးလောင်မှု ရဲစခန်း ပြောကြားချက်




မေး။          ။ မူဆလင်စာသင်ကျောင်းလို့ ပြောပါတယ်။ ဟုတ်လားခင်ဗျ။

ဖြေ။          ။“ဟုတ်ကဲ့ ဗလီနဲ့ စာသင်ကျောင်း တွဲလျက်ပါခင်ဗျ။ မီးလောင်တာက ခဏလေးပါခင်ဗျ။ မကြာပါဘူးခင်ဗျ။ ငြိမ်းသွားပါပြီခင်ဗျ။”

မေး။          ။ ဟုတ်ကဲ့ ဘာကြောင့်မီးလောင်တာလဲခင်ဗျ။ ဘာကြောင့်ဖြစ်တယ်လို့ သိရပါလဲ။
 

ဖြေ။          ။ “မီးအားမြှင့်စက်ကနေ ၀ါယာရှော့ဖြစ်ပြီး မီးလောင်တာပါ။ မီးအားမြှင့်စက် အပူရှိန်လွန်ပြီးတော့ ဖြစ်သွားတာပါခင်ဗျ။”

မေး။          ။ လူ အသေအပျောက်ရှိတယ်လို့ သိရပါတယ်။
 

ဖြေ။          ။“ကျနော်တို့ အဲ့ဒါကတော့ စာရင်းက စိစစ်နေတုန်းပဲခင်ဗျ။”

“ဒီတံခါးကို ဖွင့်လိုက်တဲ့အချိန်မှာ ဒီမှာရှိနေတဲ့ ကလေးတွေက ဆင်းပြေးလာတယ်။ အဲ့တော့ အားလုံးပေါင်းက ၅၀ ကျော် ၆၀ လောက်ရှိတယ်။ ကျနော်တို့က အောက်ကို ငြိမ်းပြီးတော့မှ အပေါ်တက်တဲ့အခါမှာ အလောင်းတွေကို တွေ့တယ်။ လောင်တဲ့ အကြောင်းရင်းကတော့ ဘာကြောင့်လဲဆိုရင် အောက်ထပ်မှာရှိတဲ့ လှေကားနားမှာ မီးအားမြှင့်စက်ရှိတယ်။ အဲ့ဒီမီးအားမြှင့်စက်ကနေ စပြီးတော့ လောင်တာ။ အဲ့ဒီကနေ မီးအများဆုံးလောင်ထားပြီးတော့ အဲ့ဒီကနေပြီးတော့မှ လှေကားပေါက်ကို ပိတ်နေ ပြီးတော့မှ ကလေးတွေက ဆင်းပြေးလို့ မရဘဲနဲ့ အဲ့ဒီမှာ ပိတ်မိပြီးတော့ သေဆုံးရ တာပါ။ သေဆုံးတာကတော့ အခုလောလောဆယ် ၁၃ ယောက်။ ဒဏ်ရာရတာတော့ မသိသေးဘူး။”

၂-၄-၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် ဗိုလ်တစ်ထောင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ (၄၈)လမ်း၊ မ/၁၈၃ရှိ မီးလောင်ကျွမ်းသော အဆောက်အဦးမှာ (၆၀x၆၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ် အခင်းဖြစ်၍ အပေါ်ထပ်တွင် ပေ(၂၀)ပတ်လည် ပျဉ်ခင်းထပ်ခိုးပြုလုပ်ထားပြီး ထပ်ခိုး၏ အောက်ထပ်လှေကား ခြေရင်း၌ထားရှိ အသုံးပြုသော မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူလွန်ကဲလောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် ထပ်ခိုးအတက်အဆင်း လှေကားလက်ရမ်း၊ ထပ်ခိုးကြမ်းခင်းနှင့် သစ်သား ပြူတင်းပေါက်များ မီးလောင်ကျွမ်းခဲ့ပြီး တန်ဖိုး (၈၅၀၀၀၀ိ/-)ခန့် ဆုံးရှုံးခဲ့ကြောင်း အဆိုပါ ကျမ်းစာသင်ကျောင်းအတွင်း ညအိပ်သူ ဗလီကျောင်းသားဦးရေ (၇၀)ဦးခန့်ဖြစ်ပြီး သေဆုံးသူမှာ ကျား(၁၃)ဦးဖြစ်၍ ပျောက်ဆုံးသူ(၄)ဦးအား ဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရဘဲ အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေသော အလောင်းများကို ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်ထားရှိခဲ့ကြောင်း သတင်းရရှိသည်။
 
.. www.MyanmarExpress.net
 

၄၈ လမ်း မီးလောင်မှု တွင် ပျောက်ဆုံးနေသည့် ကလေး ငယ် လေးဦး အား ထိခိုက် ဒဏ်ရာ မရ ရှိဘဲ ပြန်လည်တွေ့ရှိ၊ ပြည်သူများ အနေဖြင့် အင်တာနက် မီဒီယာများ အပေါ် အခြေခံဖြစ်ပေါ် လာသည့် ကောလာ ဟာလ များကို မယုံကြည်ရန် ပြန်ကြားရေး ၀န်ကြီး ဌာန သတင်း ထုတ်ပြန်

From : ..eleven



ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း မီးလောင်မှုတွင် ပျောက်ဆုံးနေသည့် ကလေးငယ် လေးဦးအား ထိခိုက်ဒဏ်ရာ မရရှိဘဲ ပြန်လည်တွေ့ရှိခဲ့ကြောင်းနှင့် ပြည်သူများအနေဖြင့် အင်တာနက် မီဒီယာများအပေါ် အခြေခံ ဖြစ်ပေါ်လာသည့် ကောလာဟလများကို မယုံကြည်ရန် ပြန်ကြားရေး ၀န်ကြီးဌာနက ဧပြီလ ၂ ရက် နံနက် ၈ နာရီသတင်း အစီအစဉ်တွင် သတင်းထုတ်ပြန် ကြေညာခဲ့သည်။
သတင်းထုတ်ပြန်ချက်တွင် ''ဧပြီလ ၂ ရက်နေ့ ယနေ့နံနက် ၃ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ၊ ၁၀ ရပ်ကွက်၊ ၄၈ လမ်း၊ မ/၁၈၃ရှိ ဆော်ဒီကီးရား၊ ရေကျော်ဗလီတွင် မီးလောင်မှု ဖြစ်ပွားကြောင်း၊ သတင်းအရ ဗိုလ်တစ်ထောင် ဒုတိယမြို့နယ်မှူးနှင့် အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အတည်ပြုဆဲ သတင်းအရ ဗလီအတွင်း တပ်ဆင်ထားသော မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း” ဟု ဖော်ပြခဲ့သည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်သို့ အမှတ် (၂) တိုင်းမီးသတ် ဦးစီးမှူးနှင့် အဖွဲ့မှ မီးသတ်ယာဉ်(၆)စီး၊ အုပ်ချုပ်မှု ယာဉ်(၇)စီးတို့ဖြင့် ရောက်ရှိမီးငြိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၁၀ အချိန်တွင် မီးထိန်းနိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဗလီအပေါ်ထပ်တွင် အိပ်နေသော ဗလီကျောင်းသား (၇၀) ဦး ရှိသည့်အနက်၊ (၁၃)ဦးမှာ မီးလောင်ဒဏ်ရာ၊ မီးခိုးမွန်ဒဏ်ရာတို့ဖြင့် အိပ်လျက်သေဆုံးနေကြောင်း သတင်းကြေညာချက်တွင် ပါဝင်သည်။
မီးလောင်မှု ဖြစ်စဉ်အတွင်း ပျောက်ဆုံးနေသည့် စာသင်ကျောင်းသား ၄ ဦးကို ထိခိုက်ဒဏ်ရာ မရရှိဘဲ နံနက် ၇ နာရီကျော်တွင် ပြန်လည်တွေ့ခဲ့ကြောင်း ရဲချုပ်ရုံးမှ တစ်ဆင့် သိရှိရသည်ဟု သတင်းတွင် ဖော်ပြခဲ့သည်။
အဆိုပါဗလီသည် စာသင်ကျောင်းနှင့် တွဲဖက်ထားရှိကြောင်းနှင့် အခင်းဖြစ် အရပ်သို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံ/နယ်စပ် ၀န်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် ဒုတိယတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးတို့ ရောက်ရှိပြီး အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် စစ်ဆေးလျက်ရှိကြောင်း ကနဦး သတင်းရရှိပါသည်ဟု သတင်းကြေညာချက်တွင် ပါဝင်သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်သူများအနေဖြင့် အင်တာနက် မီဒီယာများအပေါ် အခြေခံဖြစ်ပေါ်လာတဲ့ ကောလာဟလများကို မယုံကြည်ရန်နှင့် မြန်မာ့ရုပ်မြင်သံကြာမှ ဖြစ်စဉ်အမှန်များကို အချိန်နှင့် တပြေးညီ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

.. www.MyanmarExpress.net
 

ရေကျော် ဗလီ မီးလောင်မှု ကလေးငယ် ၁၃ ဦးသေဆုံးပြီး ယင်းမီးမှာ သာမန် မတော်တဆ မီးသာဖြစ်သည် ဟု နိုင်ငံပိုင်မီဒီယာ သတင်းထုတ်ပြန်

From : ..7day
 
ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ်၊ (၄၈)လမ်းရှိ ရေကျော်ဗလီတွင် မီးလောင်မှုဖြစ်ပွားရာ ဗလီအပေါ်ထပ်တွင် အိပ်နေသော ဗလီကျောင်းသား ၇၀ ရှိသည့်အနက်၊ ၁၃ဦးမှာ မီးလောင်ဒဏ်ရာ၊ မီးခိုးမွန်ဒဏ်ရာတို့ဖြင့် အိပ်လျက်သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသည့် ၄ ဦးကိုပြန်လည်တွေ့ရှိပြီဖြစ်ကြောင်းနိုင်ငံပိုင်ရုပ်မြင်သံကြားကတဆင့် ယနေ့နံနက် ၈နာရီသတင်းတွင်ထုတ်ပြန်ကြေညာသည်။
မီးလောင်ရာသို့ ဗိုလ်တစ်ထောင် ဒုတိယမြို့နယ်မှူးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အတည်ပြုဆဲသတင်းအရ ဗလီအတွင်းတပ်ဆင် ထားသော မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နံနက် ၃နာရီ ၁၃မိနစ်တွင်မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
"ဒါက သာမန်မတော်တဆမှုပါပဲ။ ဒါကိုအခွင့်ကောင်းယူပြီး ဆူပူမှုတွေဖြစ်အောင်လို့လူမှု ကွန်ယက်နဲ့ အင်တာနက်စာမျက်နှာတွေမှာ ရေးသားလှုံ့ဆော်နေတာတွေတွေ့ရပါတယ်။ အဲဒါကြောင့် အစိုးရတာဝန်ရှိသူတွေအနေနဲ့သတင်းအမှန်တွေကိုအချိန်တပြေးညီထုတ်ပြန်သွားမှာဖြစ်ပါတယ်။ အင်တာနက်မှာလည်း ရဲဇာနည်ဖေ့စ်ဘွတ်စာမျက်နှာနဲ့ မြန်မာအသံရုပ်မြင်သံကြားကနေ သတင်းတွေတောက်လျောက်လွှင့်သွားမှာပါ" ဟု နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။




ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်၊ ၁၀ ရပ်ကွက်၊ ၄၈ လမ်း၊ အပေါ်ဘလောက်တွင် ဧပြီလ ၂ ရက် နံနက် ၃ နာရီဝန်းကျင်က ဆော်ဒီကီးယား အမည်ရှိ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလောင်မှုမှာ မီးအားမြှင့်စက် အပူလွန်ကဲရာမှတစ်ဆင့် ၀ါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ၁၃ ဦးသေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး တိုင်းမီးသတ် ဦးစီးမှူးက ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရောက်တဲ့ အချိန်မှာ မီးတောက်တွေ မထွက်သေးဘူး။ မီးခိုးတွေထွက်နေတာ တွေ့ရတယ်။ လျှပ်စစ်မီးတောင် မပျက်သေးဘူး။ ကျွန်တော်တို့က ဒီဟာကို ရေနဲ့ထိုးတယ်။ ရေနဲ့ထိုးပြီး တံခါးကို ဖွင့်လိုက်တဲ့ အချိန်မှာဒီမှာ ရှိနေတဲ့ ကလေးတွေ ဆင်းပြေးလာကြ တယ်။ အားလုံးပေါင်းက ၅၀ ကျော်၊ ၆၀ လောက် ရှိမယ်လို့ ခန့်မှန်းမိပါတယ်။ ကျွန်တော်တို့က အပေါ်အောက်ကို မီးငြှိမ်းပြီးတော့ အပေါ်ကို တက်ကြည့်တော့ အလောင်းတွေ တွေ့ရတယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး၊ တိုင်းမီးသတ် ဦးစီးမှူးက ပြောကြားခဲ့သည်။
4.2.1
“မီးလောင်တဲ့ အကြောင်းရင်းက အောက်ထပ်မှာရှိတဲ့ လှေခါးခွင်အောက်မှာ မီးအားမြှင့်စက်ရှိတယ်။ အဲဒီကနေ မီးလောင်တာဖြစ်တယ်။ အဲဒီမှာ မီးအများဆုံး လောင်တာဖြစ်တော့ ကလေးတွေက ဆင်းပြေးလို့မရဘဲ ပိတ်မိပြီးတော့ အခုလိုဖြစ်သွားရတာ။ ပြတင်းပေါက်တွေကလည်း သံတိုင်တွေ၊ သံဇကာတွေနဲ့ ပိတ်ထားတာဖြစ်လို့ ပြေးလို့မရဘူး။ လောလောဆယ် သေဆုံးတာ ၁၃ ယောက်ရှိပြီ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ဦးသက်လွင်က သေဆုံးဒဏ်ရာ ရတာကတော့ အတိအကျ မသိရသေးဘူး။ လောလောဆယ် ၁၃ ဦးကို ရန်ကုန်ဆေးရုံကြီးကို ပို့တယ်။ သေဆုံးရတဲ့ အကြောင်းရင်း ဘာကြောင့်လဲဆိုတာကို စိစစ်မယ်။ မှုခင်းဆရာဝန်ရဲ့ ထင်မြင်ယူဆချက်နဲ့ ဘာကြောင့်သေဆုံးရလဲဆိုတဲ့ အဖြေရလာတဲ့အခါ ဒီသေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဘာသာရေးဆိုင်ရာ တာဝန်ရှိသူတွေကို ပြန်လွှဲပေးမယ်”ဟု ပြောကြားခဲ့သည်။
4.2.1
အဆိုပါ မီးလောင်ကျွမ်းမှုမှာ နံနက် ၂ နာရီ ၄၅ မိနစ်ဝန်းကျင်က စတင်ခဲ့ခြင်းဖြစ်ပြီး ၃နာရီ ၁၅ မိနစ် ၀န်းကျင်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
အဆိုပါ ဘာသာရေးစာသင်ကျောင်းတွင် ကလေးငယ် ၇၀ ဦး ၀န်းကျင်ရှိပြီး မီးလောင်မှုကြောင့် ကလေးငယ် ၁၃ ဦးမှာ မီးလောင်ဒဏ်ရာနှင့် မီးခိုးမွှန်မှုများကြောင့် သေဆုံးခဲ့ကာ ၄ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။


 .. www.MyanmarExpress.net
 

ရေကျော်ဗလီမီးလောင်မှု သေချာမေးမြန်းပြီးမှ သတင်းရေးသင့်

From : .irrawady

 ရေကျော် ဗလီမီးလောင်မှုနဲ့ပတ်သက်ပြီး ပြန်ကြားရေး ဒု ၀န်ကြီး ဦးရဲထွဋ်က သတင်းရေးကြ သူတွေ အနေနဲ့ တာဝန်ရှိသူတွေနဲ့ သေချာ မေးမြန်းအတည်ပြုပြီး မှ ရေးသားကြစေလိုတယ်လို့ သူ့ရဲ့ဖေ့စ်ဘုတ် မှာတိုက်တွန်းထားပါတယ်။
"၄၈ လမ်းမီးလောင်မှုနဲ့ ပတ်သက်ပြီး ကနဦးရတဲ့အခြေအနေများကို မြန်မာ့ အသံနဲ့ ရုပ်မြင်သံကြား မနက် ၇ နာရီ၊ ၈နာရီသတင်းများမှာ ထုတ်လွှင့်ပေး ခဲ့ပါတယ်။

၉နာရီသတင်းမှာတော့ အခင်းဖြစ်ပွားရာနေရာက တွေ့ဆုံမေးမြန်းခဲ့မှုများနဲ့ ထပ်မံတင်ဆင်ဖို့ ဆောင်ရွက်နေ ပါတယ်။

ပြန်လည်တွေ့ရှိသူ လေးဦးဟာ ထိခိုက်ဒဏ်ရာမှု မရှိပါဘူး။ အင်တာနက်က ကောလဟာလများကို မယုံကြပါနဲ့။ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ တီဗီ၊ ရေဒီယိုသတင်းများကို တစ်နာရီတစ်ကြိမ် Update လွှင့်ပေးနေပါတယ်။

လုံခြုံရေးနဲ့ ပတ်သက်ပြီးသံသယရှိဖွယ်ရာများတွေ့ရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့ အစည်းများကို သတင်းပေးပို့ကြပါ။ ဘာသာအားလုံး မိမိတို့ ဒေသ၊ နိုင်ငံ၊ လုံခြုံ တည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင် ရွက်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

မီးလောင်မှုနဲ့ ပတ်သက်ပြီး ကနဦးစစ်ဆေးတွေ့ရှိချက်များကို ပိုမိုခိုင်မာအောင် မီးသတ်တပ်ဖွဲ့ ကလည်း တိတိကျကျ စစ်ဆေးနေပါတယ်။

ပြည်တွင်းမီဒီယာများကလည်း သတင်းအချက်အလက်များလိုအပ်ပါက တိုင်း ရဲတပ်ဖွဲ့မှူးရုံးနဲ့ မြို့နယ် ရဲစခန်းများမှာ ဆက်သွယ်ရယူနိုင်ပါတယ်။ မေးမြန်း စုံစမ်းမှုများကို ဖြေကြားပေးဖို့အတွက် လည်း
ပြည်ထဲရေး ၀န်ကြီးဌာနက ညွှန်ကြားထားပြီးဖြစ်ပါတယ်။ "

"ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေလည်း မီးလောင်မှုဖြစ်ပွား တဲ့ နေရာကို ရောက်ရှိ စစ်ဆေးခဲ့ပါတယ်။

မီးသတ်ဦးစီးဌာနက သတင်းအရ အပေါ်ထပ်ကို ၀င်ပေါက်က တစ်ခုပဲ ရှိပြီး ပြူတင်းပေါက်တွေက သံတိုင်တွေကာထားတဲ့အတွက် မီးလောင်မှု ဖြစ်ချိန်မှာ ပိတ်မိတာဖြစ်တယ်၊ အသက်ဆုံးရှုံး သွားသူ များဟာ ပြူတင်းပေါက်များအနီးမှာ ထွက်ဖို့ ကြိုးစားရင်း ဆုံးပါးတာလို့ သိရပါတယ်။

မကြာသေးခင်က ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခများရဲ့ အရှိန်ကြောင့် အခုလို မီးလောင်မှု မျိုးမှာ သတင်းအမျိုးမျိုး၊ မှန်းဆချက်အမျိုးမျိုးပေါ်ထွက်မှာ သေချာပါတယ်။

ဗုဒ္ဓဘာသာဆိုင်ရာအဆောက်အဦတစ်ခုမှာ မီးလောင်မှုဖြစ်တယ်ဆိုရင် လည်း ဒီလိုသတင်းတွေ ထွက်မှာသေချာပါတယ်။

ဒါ့ကြောင့် မိမိအထင်အမြင်များကို လွယ်လွယ်နဲ့ မဖြန့် ကြဖို့၊ ကြားသူတွေ ကလည်း စိတ်ခံစားမှုနဲ့ မတုန့်ပြန်ဖို့ လိုပါတယ်။

တာဝန်ရှိတဲ့အဖွဲ့ အစည်းများကလည်း မီးလောင်ရတဲ့ အကြောင်း အရင်းကို သေချာသည် ထက် သေချာအောင် စုံစမ်းစိစစ်မှာဖြစ်ပါတယ်။

.
. www.MyanmarExpress.net

တိုင်းပြည်မှာ ပဋိပက္ခတွေ ထပ်မဖြစ်စေဖို့

From : ..Myit Makha Mediagroup on 1 Apr, 2013



ပြီးခဲ့တဲ့လ မတ်လ(၂၀)ရက်နေ့က မိတ္ထီလာ ရွှေဆိုင်တစ်ခုနေစလိုက်တဲ့ ပဋိပက္ခကြောင့် (၂၂)ရက်နေ့မှာ စစ်တပ်က စစ်အုပ်ချုပ်ရေးစနစ် မဟုတ်ပဲနဲ့ မိတ္ထီလာခရိုင်(၄)မြို့နယ်ကို ၀င်ရောက်ထိန်းသိမ်းခဲ့လို့ ငြိမ်းအေး ခဲ့ပေမယ့်၊ ဘေးထွက်ဆိုးကျိုး အဖြစ် အချို့ဒေသတွေမှာ အကြမ်းဖက်မှုအနည်းငယ်ကြုံတွေ့ခဲ့ရတယ်လို့ လည်း သိရပါတယ်။ ဒါတွေကိုကြည့်ရင်   ပြဿနာဖြစ်ပွားရေးအတွက် ဆူပူအကြမ်းဖက်မှု ကြီးထွားအောင် လှုံ့ဆော်နေသူ အချို့ ရှိကောင်းရှိ နိုင်ပါတယ်၊
လက်ပံတောင်းတောင်ကိစ္စနဲ့ပတ်သက်ပြီး မတ်လနောက်ဆုံးအပတ်အတွင်းက လက်ပံတောင်းတောင် ဒေသခံတွေအနေနဲ့ စီမံကိန်းရပ်ဆိုင်းရေး တရားဝင်ဆန္ဒထုတ်ဖော်ခဲ့ကြသလို၊  ရန်ကုန်-ဆူးလေမှာလည်း လက်ပံတောင်းတောင်အမှု မှန်ပေါ်ပေါက်ရေး ကိစ္စနဲ့ပတ်သက်လို့ ဦးဆောင်သူအပါအ၀င် ပြည်သူ အချို့ ဗန္ဓုလပန်းခြံကို လေးပတ်ပတ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။
ဒီလို မငြိမ်းချမ်းမှုတွေနဲ့ ဖြတ်သန်းခဲ့တဲ့ မိတ္ထီလာပဋိပက္ခနဲ့ ဆက်စပ်ပြီး နိုင်ငံအတွင်းမှာ ပဋိပက္ခဖြစ်ပွားလာ ရင် ငြိမ်းအေးအောင်ဆောင်ရွက်ရမဲ့အစား ပြဿနာပိုမိုကြီးထွားလာအောင် နောက်ကွယ်ကနေ သွေးထိုး လှုံ့ဆော်မှုပြု လုပ်နေတာတွေ၊ ကိုယ်တိုင်ပါဝင်လှုံ့ဆော်မှုတွေရှိနေသေးတယ်လို့ နိုင်ငံတော် သမ္မတရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
“ပြဿနာတစ်ခုဖြစ်တိုင်း ကိုယ့်နိုင်ငံအတွင်းမှာ ဖြေရှင်းဆောင်ရွက်ရုံနဲ့မပြီးပဲ ဒေသတွင်းမှာရော နိုင်ငံ တကာနယ်ပယ်မှာပါ ရင်ဆိုင်ဖြေရှင်းနေရတဲ့အတွက် တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကိုများစွာထိခိုက်စေပြီး တိုင်းပြည်အတွက် အခွင့်အလမ်းများလည်း နစ်နာဆုံးရှုံးစေခဲ့ပါတယ်။”လို့ နိုင်ငံတော်သမ္မတကြီးက မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
မိတ္ထီလာပဋိပက္ခဖြစ်စဉ်အပါအ၀င် မြို့နယ်(၁၅)မြို့နယ်အတွင်းမှာ လူစုလူဝေးနဲ့ အကြမ်းဖက်မှု (၁၆၃)ကြိမ် ဖြစ်ပွား ခဲ့ပြီး၊ သေဆုံးသူ (၄၃)ဦးနဲ့ ဒဏ်ရာရသူ (၈၆)ဦးအထိရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဋ္ဌာနရဲ့ သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီလို ပဋိပက္ခဖြစ်စဉ်တွေကြောင့် အမေရိကန်သံရုံးက မြန်မာနိုင်ငံရောက် အမေရိကန်နိုင်ငံသားတွေကို ရန်ကုန်မှာရှိတဲ့ ဆူပူမှုဖြစ်ပွားနိုင်တဲ့ နေရာတွေ မသွားကြဖို့ ကြေညာချက်ထုတ်ပြန်ထိန်းသိမ်းမှုဖြစ်တာကို သမ္မတကြီးက ဆိုလိုဟန်တူပါတယ်။
ပြည်တွင်းမှာ ဆူပူမှုဖြစ်ပွားအောင် သွေးထိုးလှုံ့ဆော်နေသူတွေ ရှိနေတယ်လို့ သမ္မတကြီးကိုယ်တိုင်က မိန့်ခွန်းမှာ ယခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။
“ တချို့ကလည်း ပြဿနာတစ်ခုဖြစ်လာရင် အမြန်ငြိမ်းအေးအောင် ပူးပေါင်းဆောင်ရွက်ကြရမဲ့ အစား    ပြဿနာပိုမိုကြီးထွားလာအောင် နောက်ကွယ်ကနေ သွေးထိုးလှုံ့ဆော်မှုများ ကိုယ်တိုင်ပါဝင်လှုံဆော်မှုများ ရှိနေကြပါတယ်”ဟု နိုင်ငံတော်သမ္မတကြီးက ပြောကြားခဲ့တာပါ။
လက်ရှိ အွန်လိုင်းမီဒီယာအချို့ကနေ အကြမ်းဖက်မှုဖြစ်ပွားအောင်လှုံဆော်ရေးသားနေမှုတွေကို အရေး ယူနိုင်ဖို့ ဆိုင်ဘာလောတစ်ရပ်ပြဋ္ဌာန်းနိုင်ဖို့ စီစဉ်နေတယ်လို့လည်း ပြည်ထဲရေးအသိုင်းအ၀ိုင်းက သိရပါ တယ်။
ဒီဥပဒေသာ အတည်ပြုပြီးသွားရင်တော့ အခုလို ၀က်ဆိုဒ်တွေ၊ လူမှုကွန်ယက်စာမျက်နှာတွေ ကနေ မဟုတ်မမှန် လှုံ့ဆော်ရေးသားနေမှုတွေလည်း အတန်အသင့်ပျောက်ကွယ်သွားနိုင်မှာဖြစ်တယ်လို့ ရဲဝန်ထမ်းတစ်ဦးထံက သိရပါတယ်။
ယနေ့မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်လုပ်ရပ်တွေမှာ အဖွဲ့အစည်းတစ်ခုခုက ဦးဆောင်ပြီး ပုံဖော်နေတယ်လို့ ယုံကြည်နေသူတွေရှိနေကိုလည်း ပြည်သူများထံက သိရပါတယ်။
ဒါတင်မကသေးပါဘူး အကြမ်းဖက်မှုလုပ်ရပ်တွေမှာ သံဃာများကို အကြည်ညိုပျက်အောင် ၊ လူထုက ယုံကြည်လေးစား တဲ့ ခေါင်းဆောင်များကို နာမည်ပျက်အောင် ၊ လူထုက ယုံကြည်အားကိုးတဲ့ အဖွဲ့ အစည်းများကို နာမည်ပျက်အောင် ဖျက်စီးဖို့ နည်းမျိုးစုံအသုံးချပြီး နေတာလည်း တွေ့ရတယ်လို့ အကြမ်းဖက်ဖြစ်ပွားရာဒေသက နယ်ခံတွေဆီကနေ တဆင့် ပြန်ကြားရတာတွေလည်းရှိပါတယ်။
အခုဖြစ်ပွားနေတဲ့ အကြမ်းဖက် လုပ်ရပ် ဖြစ်စဉ်များကို သေချာစွာ ပြန်လည် စဉ်းစားကြည့် မယ်ဆိုရင် ၊ လုပ်ရပ်တော်တော် များများမှာ ဦးဆောင်ကြသူတွေဟာ ရဟန်းသံဃာများ မဟုတ်သလို ၊ ဒေသခံများလည်း မပါဝင်ဘူးလို့ သိရပါတယ်။
အဓိကလုပ်ကိုင်ဆောင်ရွက်နေကြသူအများစုဟာ နဂိုကတည်းက အဖွဲ့အစည်းတခုအောက်မှာ အတူတူ အလုပ်လုပ်ဘူးကြတဲ့ လူတွေ ဖြစ်ဖို့ များတယ်လို့လည်း အတွေးရောက်နေသူတစ်ဦးက အခုလိုဆိုပါတယ်။
“ အရင် အစိုးရလက်ထက်က နာမည်ဆိုးနဲ့ ကျော်ကြားဘူးတဲ့ စွမ်းအားရှင်အဖွဲ့ဆိုတာ ရှိသေးလား၊ မရှိတော့ဘူး လားဆိုတာလည်း မသိရတော့ ပြည်သူတွေက သို့လောသို့လော ထင်နေကြတယ်” လို့ မိတ္ထီလာနယ်ခံ တစ်ဦးက ပြောပါတယ်။
အဲ့ဒီစွမ်းအားရှင်အဖွဲ့ဝင်အများစုဟာ စိတ်ကြမ်း၊ လူကြမ်း ထောင်ထွက်များ ၊ အရပ်နာမည်ပျက်နဲ့ ထင်ရှားတဲ့ လူမိုက်အများစုကို အခြေခံတယ်ဆိုတာ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းက သက်သေရှိ တယ်လို့လည်း ၄င်းက ဆက်ပြောပါတယ်။
အစိုးရသစ်တက်လာပြီးနောက်ပိုင်းမှာ စွမ်းအားရှင်အဖွဲ့ ရဲ့ လုပ်ရှားမှုများ ငြိမ်သက်သွားတယ်၊ အဲ့ဒီက လူတွေ လည်း အဖွဲ့အစည်းအသွင်ပျောက်ပြီး သွာလာလှုပ်ရှားနေကြတယ်လို့လည်း ကမာရွက်မြို့ နယ်နေ ပြည်သူတစ်ဦးက အခုလိုဆိုပါတယ်။
“ သူတို့တစ်တွေ တကယ်ပျောက်သွားတာလားဆိုတော့ မဟုတ်ပါဘူး.........သူတို့ တတွေဟာ ရှိနေဆဲပါ၊ အခါအခွင့် မသင့်သေးလို့ ရုပ်ဖျက် ကိုယ်ယောင်ဖျောက်ပြီး အသွင်းပြောင်း ထားတာပါ” လို့ကမာရွတ် မြို့နယ် နေပြည်သူတစ်ဦးက ဆိုပါတယ်။
၎င်းက နိုင်ငံတော်သမ္မတကြီးပြောသလို ပွင့်လင်းမြင်သာတဲ့ ခေတ်ကို တကယ် ရောက်ရှိနေပြီဆိုတာ မှန်ခဲ့ရင် လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်မှာ “စွမ်းအားရှင် အဖွဲ့ အစည်းဟာ ယနေ့ ထိ ရှိနေဆဲလား ။ ဖျက်သိမ်းလိုက်ပြီလား’’လိုတဲ့ မေးခွန်းကို ပြည်သူတွေကိုယ်စားပေးပေးဖို့ကိုလည်း ၄င်းက ဆက်လက်တိုက် တွန်းပြောကြားခဲ့ပါသေးတယ်။
    
ဒါပေမဲ့ဒီလိုအကြမ်းဖက်မှုမျိုးကို စွမ်းအားရှင်တွေအနေနဲ့ မလုပ်လောက်ဖူးလို့ ဟင်္သာတနယ်ခံတစ်ဦးက သူ့အမြင်ကို အခုလို ဆိုပါတယ်။
“ ဒီအကြမ်းဖက်လုပ်ရပ်တွေက စွမ်းအားရှင်တွေလုပ်တယ်လို့ ပြောနေတာထက်စာရင် လက်ညှိုးထိုးနေတဲ့သူ တွေ ကိုယ်တိုင် လုပ်တာမျိုးကော မဖြစ်နိုင်ဘူးလား၊ ဆူမှထမင်းစားရမယ့်သူတွေလည်း ရှိနေတော့ ၊ ကျွန်တော် တော့ အဲ့ဒီလိုပဲထင်တယ် “ ဟု ရန်ကုန်၌ အလုပ်လုပ်ကိုင်နေတဲ့ ဟင်္သာတနယ်မြို့ခံ ကျောင်းသားတစ်ဦးက  ပြောပါတယ်။
အခုလို ဒီမိုကရေစီကနုနု မုန်တိုင်းက ထန်ထန်ဆက်ဖြစ်နေဦးမယ်ဆိုရင်တော့ ပြည်တွင်းနေ ပြည်သူ အများစုလိုလားနေတဲ့ ဒီမိုကရေစီအစစ်အမှန်ရရှိနိုင်ဖို့အတွက် ခက်ခဲနေဦးမှာပါ ။ ဒီအကြမ်းဖက်ကြုံတွေ့ နေရတဲ့ အခက်အခဲကို ဖြေရှင်းဖို့ အတွက်လည်း စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းပြီး အရေးယူ ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။
နိုင်တော်သမ္မတကြီးကလည်း ဒီမိုကရေစီကို ဖျက်စီးသူ၊ အကြမ်းဖက်သမားတွေနဲ့ ပြည်သူလူထုရဲ့ အသက် အိုးအိမ်စည်းစိမ်မှန်သမျှကို ထိပါးတဲ့လုပ်ရပ်မှန်သမျှကို ရဲရဲဝံ့ဝံ့ပြတ်ပြတ်သားသားအရေးယူဖို့ ပြည်ထဲရေးဝန်ကြီးဋ္ဌာနကို တာဝန်ပေးထားကြောင်းကိုလည်း သိရပါတယ်။
ပဋိပက္ခတွေ ဆူပူအကြမ်းဖက်မှုတွေ ဆက်လက် မဖြစ်ပွားစေဖို့အတွက်“ရဟန်းရှင် လူပြည်သူအပေါင်းတို့က တိုင်းပြည်တည်ငြိမ်းအေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ စည်းကမ်းရှိစွာ ဒီမိုကရေစီရှင်သန်ဖွံ့ဖြိုးရေး အတွက် ၀ိုင်းဝန်းကူညီကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်” လို့ သမ္မတကြီးကတော့ သူ့ရဲ့ မိန့်ခွန်းမှာ ထည့်ပြောထားတာပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေက သမ္မတအား အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များနှင့်အညီ ပြည်သူတွေရဲ့အသက် အိုးအိမ်စည်းစိမ်အား အတတ်နိုင်ဆုံးအကာအကွယ်ပေးသွားလို့လည်း သမ္မတကြီးက ပြောကြားထား ပါတယ်။
.. www.MyanmarExpress.net

မိတ္ထီလာမြို့ တည်ငြိမ် အေးချမ်းနေမှုကို ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး ကြည့်ရှု စစ်ဆေးပြီး ကယ်ဆယ်ရေး စခန်းသို့ ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ် လှူဒါန်းပွဲအား တက်ရောက်အားပေး

From : ..mwd

နေပြည်တော် မတ် ၃၁
မိတ္ထီလာမြို့သို့  ရောက်ရှိနေ သော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ  ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးသည် မတ် ၃ဝ ရက် နံနက် ပိုင်းက မိတ္ထီလာမြို့ တည်ငြိမ်အေး ချမ်းနေမှုကို လှည့်လည် ကြည့်ရှု စစ်ဆေးကာ  ကယ်ဆယ်ရေး စခန်း၌ ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ် လှူဒါန်းပွဲသို့ တက်ရောက်ကြည့်ရှု အားပေးသည်။
ရှေးဦးစွာ မိတ္ထီလာမြို့ စည်ပင်သာယာ မြို့မဈေးကြီး ပြန်လည် ဖွင့်လှစ်၍ ဒေသခံ ပြည်သူများ၊ ဈေးသူ ဈေးသားများ တည်ငြိမ် အေးချမ်းစွာ ရောင်းဝယ် ဖောက်ကားနေမှု၊ ကုန်စည်သွားလာမှု  ပုံမှန်ပြန် လည် ဆောင်ရွက်နေမှုများနှင့် လုံခြုံရေး၊ နယ်မြေတည်ငြိမ် အေးချမ်းရေး ဆောင်ရွက်ထား ရှိမှုများကို  မော်တော်ယာဉ်ဖြင့်  လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးသည် ကယ်ဆယ်ရေး စခန်းများသို့ ထောက်ပံ့ရေး ပစ္စည်းများ  ပေးအပ်မည့် အလှူရှင်များ ဖြစ်သည့်  မန္တလေးမြို့မှ  ဒေါက်တာကျော်မိုးဟိန်း ဦးစီး MM-TCP စေတနာရှင် လူငယ်များ၊ ဗုဒ္ဓဘာသာ ဘိုးဘွားရိပ်သာ၊ မင်းသားကြီး ဟိုတယ်မှ  စေတနာရှင် ဝန်ထမ်းများ နှင့်အတူ မန်ကျီးကုန်း ကျောင်းတိုက်သို့ သွားရောက်ပြီး   ဆရာတော်အား ဖူးမြော်ကြည်ညိုကာ  ကယ်ဆယ်ရေး စခန်းရှိ ဒုက္ခသည်များ အတွက် စုစုပေါင်း ငွေကျပ် ၄၅ သိန်းတန်ဖိုးရှိ အဝတ်အထည်၊ စောင်၊ ဆေးဝါးပစ္စည်းနှင့် လူသုံးကုန် ပစ္စည်းများကို ဒုက္ခသည်များ၏ လက်ဝယ်အရောက် ပေးအပ် လှူဒါန်းခဲ့ကြပြီး  ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး နှင့် အလှူရှင်များက ဒုက္ခသည်များအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားကြသည်။
ဆက်လက်၍ ညနေ ၅ နာရီ မိနစ် ၅ဝ တွင် မိတ္ထီလာမြို့ လူမှုဘေးသင့် ဒုက္ခသည်များတွက် သီတဂူ ဆရာတော် ဒေါက်တာရှင်ဥာဏိဿရမှ  လှူဒါန်း သော  အလှူပစ္စည်း ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် သည်။
အခမ်းအနားတွင် ကယ်ဆယ်ရေး စခန်းများရှိ  ဒုက္ခသည်များအတွက် သီတဂူ ဆရာတော်ကြီးမှ လှူဒါန်းရခြင်း အကြောင်းနှင့် စပ်လျဉ်း၍ ဆရာတော်ကြီး ကိုယ်စား ဆရာတော် ဦးကောဝိဒ က ရှင်းလင်းမိန့်ကြားပြီး ဆန်အိတ် ၂ဝဝ၊ ပဲအိတ် ၂ဝဝ နှင့် ဆီပိဿာ ၁ဝဝ တို့ကို ပေးအပ် လှူဒါန်းသည်။
အဆိုပါ အခမ်းအနားသို့ သီတဂူ ဆရာတော်ကြီး ကိုယ်စား ဆရာတော် ဦးကောဝိဒ အမှူးပြုသော ဆရာတော် ၁၁ ပါး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဘုန်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော် များနှင့်အတူ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ကယ်ဆယ်ရေး စခန်းသို့ သွားရောက်ပြီး ဒုက္ခသည်များ အား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်၍ အားပေးစကား ပြောကြား ခဲ့ကြကြောင်း သတင်းရရှိသည်။       

အစိုးရ ၀န်ထမ်းများ၏ လစာနှုန်း၊ ပင်စင် လစာနှင့် လုပ်ခများ တိုးမြှင့် သတ်မှတ်

From : ..mwd

အစိုးရ ၀န်ထမ်းများ၏ လစာနှုန်း၊ ပင်စင် လစာနှင့် လုပ်ခများ တိုးမြှင့် သတ်မှတ်

.. www.MyanmarExpress.net
 

ယခုလမှစတင်၍ ဗီဇာကတ်များ CB ဘဏ် ၏ POS ( ငွေချေစက် )များတွင် အသုံးပြုနိုင်ပြီ

From : ..popular


ယခုလမှစတင်၍ CB ဘဏ် ၏ POS ( ငွေချေစက် )များတွင် ဗီဇာကတ်များပါ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
CB ဘဏ်၏ POS ( ငွေချေစက် )နေရာ ၃၈ ခုတွင် အသုံးပြုနိုင်ပြီဖြစ်ကာ အဆိုပါ POS များတွင် ဗီဇာကတ်အပြင် မာစကာ ကတ်များကိုပါ အသုံးပြုနိုင်နေပြီဖြစ်သည်။

CB ဘဏ်သည် နိုင်ငံတကာ ငွေချေကတ်များဖြစ်သာ မာစတာကတ် ၊ ဗီဇာကတ် ၊ချိုင်းနားယူနီကတ် နှင့် ပြည်တွင်းသုံး MPU ( ဈေးဝယ်ကတ် )များနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး မကြာမီ ချိုင်းနားယူနီယမ် ပေး ကတ်များ ကိုလည်း POS တွင် အသုံးပြုနိုင်ရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။



.. www.MyanmarExpress.net
 

နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ ဇနီးဒေါ်ခင်ခင်ဝင်းစင်္ကာပူသမ္မတနိုင်ငံ သမ္မတ၏ဇနီး Mrs. Mary Tan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

From : ..သမ္မတရုံး


နေပြည်တော် ဧပြီ ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ဇနီး ဒေါ်ခင်ခင်ဝင်း သည် စင်္ကာပူသမ္မတနိုင်ငံသမ္မတ H.E. Dr. Tony Tan Keng Yam ၏ဇနီး Mrs. Mary Tan ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းဆောင်၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ဇနီး ဒေါ်ခင်ခင်ဝင်းနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ဇနီး ဒေါ်လင်းလင်းတင်၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဋ္ဌေးအောင် ၏ဇနီး ဒေါ်ချော၊ စင်ကာပူသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်ဦးလွင် ၏ဇနီး ဒေါ်မေမြင့်မောင်နှင့် သမ္မတရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် စင်ကာပူ သမ္မတနိုင်ငံတို့တွင် သက်ကြီးရွယ်အို ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းဆောင်ရွက်ပေးနေမှု အခြေအနေများ၊ မိခင်နှင့်ကလေး ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ နှစ်နိုင်ငံ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍ အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

.. www.MyanmarExpress.net
 

နိုင်ငံတော်သမ္မတဦးသိန်းစိန် အမေရိကန်-အာဆီယံစီးပွားရေးကောင်စီဥက္ကဋ္ဌ Mr. Evan Greenberg အားလက်ခံတွေ့ဆုံ

From : ..သမ္မတရုံး



နေပြည်တော် မတ်လ၂၉

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ Mr. Evan Greenberg အားယနေ့ညနေ (၄) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတ နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။

တွေ့ဆုံရာ၌ အမေရိကန်-အာဆီယံကုန်သွယ်မှု မြှင့်တင်ရေး၊ မြန်မာနိုင်ငံတွင် ရေနံ၊ သဘာဝဓာတ်ငွေ့၊ သစ်တော၊ သတ္တု၊ ဘဏ္ဍာရေးနှင့် ငွေကြေးကဏ္ဍ၊ အာမခံလုပ်ငန်းကဏ္ဍများတွင် ခိုင်မာသော ကတိကဝတ်များဖြင့် ရေရှည် ရင်းနှီးမြှုပ်နှံနိုင်ရေး၊ အရင်းအနှီးသာမက နည်းပညာ၊ အသိပညာ သင်ကြားလေ့ကျင့်မှုများကိုပါ တစ်ပါတည်း အကောင်အထည်ဖော် ဆောင်ရွက်ရေး ကိစ္စများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
 
 
.. www.MyanmarExpress.net
 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် စင်ကာပူသမ္မတနိုင်ငံ သမ္မတ ဒေါက်တာတိုနီတန်ကင်ယမ်း ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

From : ..သမ္မတရုံး



နေပြည်တော် ဧပြီ ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စင်ကာပူသမ္မတနိုင်ငံ သမ္မတ ဒေါက်တာ တိုနီတန်ကင်ယမ်း ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ယနေ့ ညနေ(၄)နာရီ်(၁၅)မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးသိန်းညွှန့်၊ ဦးစိုးသိန်းနှင့် ဦးတင်နိုင်သိန်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ စင်ကာပူသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဦးလွင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး စင်ကာပူသမ္မတနိုင်ငံသမ္မတ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး H. E. Mr. Chua Hian Kong Robert လည်း တက်ရောက်သည်။

တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတက အဆွေတော်သမ္မတနှင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား မြန်မာပြည်သူများ ကိုယ်စား၊ အစိုးရအဖွဲ့ကိုယ်စား လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် သမိုင်းကြောင်းအရ ချစ်ကြည်ရင်းနှီးမှုရှိပြီး နိုင်ငံများ ဖြစ်ပါကြောင်း၊ ယခုခရီးစဉ်သည် နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုအား ပိုမိုတိုးမြှင့် ခိုင်မာစေသော ခရီးစဉ် ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံသည် အစိုးရအဖွဲ့ချင်း သာမက ပြည်သူချင်းလည်း နေ့စဉ်သွားလာ ဆက်သွယ်မှု ရှိနေပါကြောင်း၊ အဆွေတော် သမ္မတအနေဖြင့် မြန်မာနိုင်ငံသို့အလေးထား လာရောက်၍ မိမိအနေဖြင့် များစွာလေးစားဂုဏ်ယူ မိပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် စင်ကာပူသမ္မတနိုင်ငံ သမ္မတက မိမိအနေဖြင့် မြန်မာနိုင်ငံသို့လာရောက် လည်ပတ်ခွင့်ရသည့် အတွက် များစွာ ဝမ်းမြောက်မိပါကြောင်း၊ ထို့အတူ မိမိအား မြန်မာနိုင်ငံက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုသည့် အတွက်လည်း ဝမ်းသာ ဂုဏ်ယူပါကြောင်း၊ နေပြည်တော်တွင် လက်ရှိမြင်တွေ့နေရသည်များက မြန်မာနိုင်ငံ၏ ဖြစ်ပေါ် တိုးတက်မှုများကို ထင်ဟပ်နေ ပါကြောင်း။ မိမိအနေဖြင့် နှစ်နိုင်ငံ အပြန်အလှန် ဖြစ်ပေါ် တိုးတက်မှုများကို အကောင်အထည်ဖော် ဆောင်ကြဉ်းသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံက မြန်မာနိုင်ငံတွင် နည်းပညာ သင်တန်းကျောင်း ဖွင့်လှစ်မည်ကို အဆွေတော်က လက်ခံသဖြင့် ဝမ်းမြောက်ရပါကြောင်း၊ မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းများ၊ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်နိုင်မည့် လူငယ်များ သင်ကြား လေ့ကျင့်ခွင့်ရမည် ဖြစ်သည့်အတွက် နှစ်ဖက်အကျိုးရှိမည် ဖြစ်ပါကြောင်းဖြင့် ပြန်လည် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံတွင် ပြည်သူတို့၏ဆန္ဒဖြစ်သည့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့၌ အရင်းအနှီး၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်များ ပြည့်စုံမှု မရှိသည့်အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နေပါကြောင်း၊ ယခုအခါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂကတို့ကလည်း စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ ပိတ်ဆို့မှုများကို များစွာ ဖြေလျှော့ပေးခဲ့ပြီ ဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများစွာ ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် လာပါက နိုင်ငံ၏ လိုအပ်ချက်များအနက် အရင်းအနှီးနှင့် နည်းပညာများ ရရှိလာမည်ဖြစ်ပြီး မိမိတို့အနေဖြင့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးရန်ကိုသာ အဓိကဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စင်ကာပူ လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်းဖြင့် ပြောကြားသည်။ 
       
ဆက်လက်၍ နှစ်နိုင်ငံသမ္မတများသည် စင်ကာပူလုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရေး၊ ပညာရေး၊ အိုးအိမ်ဆောက်လုပ်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။    

.. www.MyanmarExpress.net
 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် စင်ကာပူသမ္မတနိုင်ငံ သမ္မတ ဒေါက်တာတိုနီတန်ကင်ယမ်း နှင့်ဇနီးတို့အား ဂုဏ်ပြုကြိုဆို

From : ..သမ္မတရုံး


နေပြည်တော် ဧပြီ ၁
မြန်မာနိုင်ငံတွင် ချစ်ကြည်ရေးခရီး လည်ပတ်ရန် နေပြည်တော်သို့ ရောက်ရှိနေသည့် စင်ကာပူသမ္မတနိုင်ငံ သမ္မတ ဒေါက်တာတိုနီတန်ကင်ယမ်း နှင့်ဇနီးတို့အား နိုင်ငံတော် သမ္မတဦးသိန်းစိန် က ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားကို ယနေ့ ညနေ(၄)နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဥပစာမြက်ခင်းပြင်၌ ကျင်းပသည်။

ဧည့်သည်တော် စင်ကာပူသမ္မတနိုင်ငံ သမ္မတနှင့်ဇနီးတို့သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတ အိမ်တော်သို့ မော်တော်ယာဉ် များဖြင့် ရောက်ရှိ လာရာ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီးတို့က ရင်းနှီးခင်မင်စွာ ကြိုဆို နှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် စင်ကာပူသမ္မတနိုင်ငံသမ္မတတို့သည် အလေးပြုခံစင်မြင့်သို့သွားရောက်ကြပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြသည်။ ထိုအချိန်တွင် နိုင်ငံတော် တီးဝိုင်းက စင်ကာပူသမ္မတနိုင်ငံနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တို့၏ နိုင်ငံတော်သီချင်းများကို ဂုဏ်ပြုတီးမှုတ်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် စင်ကာပူသမ္မတနိုင်ငံသမ္မတတို့သည် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတအား စင်ကာပူသမ္မတနိုင်ငံသမ္မတက ၎င်းနှင့်အတူ လိုက်ပါ လာသည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတကလည်း ၎င်းနှင့်အတူကြိုဆို နှုတ်ဆက်ကြသည့် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ဦးသိန်းညွန့်၊ ဦးတင်နိုင်သိန်း၊ ဒေါက်တာကံဇော်၊ ဦးကျော်လွင်၊ ဦးဌေးအောင်နှင့် စင်ကာပူသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဦးလွင်တို့အား  စင်ကာပူသမ္မတနိုင်ငံ သမ္မတနှင့် ပြန်လည် မိတ်ဆက် ပေးသည်။  

အဆိုပါဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားတွင် နှစ်နိုင်ငံသမ္မတတို့အား နေပြည်တော် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းမှ ကင်းထောက်လူငယ် မောင်မယ်များကလည်း နှစ်နိုင်ငံ အလံငယ်များ ဝှေ့ယမ်း၍ ဂုဏ်ပြု ကြိုဆိုခဲ့ကြသည်။
.
. www.MyanmarExpress.net
 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်ခြင်း

From : ..သမ္မတရုံး

နေပြည်တော်  မတ် ၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ယန်ဟို့လန်သည် ယနေ့ နံနက် ၁၁ နာရီခွဲ တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

အဆိုပါ သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတ ရုံးဝန်ကြီး ဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရိန်သန့်ဇင်တို့ တက်ရောက်ကြသည်။

.. www.MyanmarExpress.net
 

ဂျပန်နိုင်ငံ၏ အကြီးဆုံး ဘဏ်တစ်ခုဖြစ်သော Bank of Tokyo Mitsubishi UFJ မှ ဘဏ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာ အကူအညီပေးမည်

From : ..eleven


4.1.5
ဘဏ်လုပ်ငန်းဝန်ဆောင်မှုဖွံ့ဖြိုးရေးအတွက် နားလည်မှုစာချွန်လွှာအားလဲလှယ်နေသည်ကို တွေ့ရစဉ်
ဂျပန်နိုင်ငံ၏ အကြီးဆုံးဘဏ် တစ်ခုဖြစ်သော Bank of Tokyo Mitsubishi UFJ (BTMU) ဘဏ်မှ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှု ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာ အကူအညီများ ပေးမည်ဖြစ်ကြောင်း သမ၀ါယမဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သမ၀ါယဘဏ် မန်နေဂျင်း ဒါရိုက်တာ ဦးဖေမြင့်က “ဘဏ်နှစ်ခုကြား နှစ်ဖက်ဘောတူစာချုပ် ချုပ်ဆိုတာပါ။ Bank of Tokyo Mitsubishi UFJ (BTMU) ဘဏ်က ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စတွေမှာ သမ၀ါယမဘဏ်ကို နည်းပညာ၊ နည်းစနစ်ပိုင်း ဆိုင်ရာတွေမှာ အကူအညီပေးမှာပါ။ ဂျပန်ဘဏ်ဘက်က ပညာရှင်တွေ၊ အကြံပေး ပုဂ္ဂိုလ်တွေ ဒီကိုလာပြီး အကူအညီပေးမှာပါ” ဟု ပြောသည်။
ဘဏ်နှစ်ဘဏ်ကြား လုပ်ငန်းစတင်နိုင်ရန်နှင့် လုပ်ငန်းပိုင်းဆိုင်ရာများ ထပ်မံတိုးမြှင့်ရန်အတွက် စာချုပ် ချုပ်ဆိုခြင်း ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် သမ၀ါယမဘဏ်နှင့် (BTMU) ဘဏ်တို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားကြောင်း၊ Bank of Tokyo Mitsubishi UFJ (BTMU) ဘဏ်သည် ဂျပန်နိုင်ငံတွင် အကြီးဆုံး ဘဏ်တစ်ခုဖြစ်ပြီး နှစ်တစ်ရာကျော် သက်တမ်းရှိသည့် ဘဏ်တစ်ခုဖြစ်ကြောင်း သိရသည်။
သမ၀ါယမဘဏ်နှင့် BTMU ဘဏ်တို့၏ customer များဖြစ်ကြသည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများနှင့် တစ်ဦးချင်း ပုဂ္ဂလိက ကုန်သည်များ၊ အသင်းအုပ်စု အဖွဲ့အစည်းများကို ရည်ရွယ်ထားကြောင်း၊ မြန်မာနိုင်ငံတွင် ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းများ ချော့မွေ့လာစေရန် အတွက် ၀န်ဆောင်မှုများကို ပေးလိုကြောင်း ဦးကျော်လင်းက ထည့်သွင်း ပြောကြားသည်။
“မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံမယ့် ဂျပန်လုပ်ငန်းရှင် အများစုက BTMU ဘဏ်နဲ့ အဆက်အဆံ ရှိသလို ကုန်သွယ်မှု အပိုင်းနဲ့ ပတ်သက်ရင် သူတို့ဘဏ်မှာ စာရင်းဖွင့်ထားတာတွေ များတယ်။ BTMU ဘဏ်နဲ့ချိတ်ဆက်ပြီး နောက်ပိုင်း ဂျပန်ကုမ္ပဏီတွေ စာရင်းလာဖွင့်တာ များလာတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထားသော နိုင်ငံခြားဘဏ် ကိုယ်စားလှယ် ရုံးခွဲပေါင်း ၂၄ ခုရှိပြီး The Bank of Tokyo Mitsubishi UFJ၊ Mizuho Coporate Bank Ltd၊ Sumitomo Mitsui Banking Corporation ဘဏ်တို့သည် ဂျပန်နိုင်ငံ အခြေစိုက် ဘဏ်များဖြစ်သည်။

.. www.MyanmarExpress.net
 

၂၀၁၅ ရွေးကောက်ပွဲများ လွတ်လပ်တရားမျှတစွာ ကျင်းပနိုင်ရန် စတင်ဆောင်ရွက်နေကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ပြောကြား

From : ..eleven


4.1.7
၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်တွင် ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲများကို ရေတွက်ရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်
၂၀၁၅ ရွေးကောက်ပွဲများ လွတ်လပ်၊ တရားမျှတစွာ ကျင်းပနိုင်ရန် လိုအပ်သော ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ယခုကတည်းက စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မတ်လ ၂၉ ရက်တွင် ပြုလုပ်သည့် ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားသည်။
ပထမအကြိမ် လွှတ်တော်ပုံမှန် သက်တမ်းတစ်ရပ်အတွက် ရွေးကောက်ပွဲများ ကျင်းပခဲ့သည်မှာ နှစ်နှစ်ကျော်ခဲ့ပြီ ဖြစ်ကြောင်း၊ လာမည့် ဒုတိယအကြိမ် လွှတ်တော်ပုံမှန် သက်တမ်းအတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို ၂၀၁၅ ခုနှစ် နှစ်ကုန်ခါနီး လများအတွင်း ကျင်းပပေးရန် ရှိကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ပါဝင်သော ပြည့်စုံမှန်ကန်သည့် မဲစာရင်း ရရှိရေးအတွက် စမ်းသပ်မဲစာရင်း ကောက်ယူရေး လုပ်ငန်းကို ဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။


သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများကလည်း သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲ၏ ကြီးကြပ်မှုကို ခံယူ၍ ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲစာရင်းကို အခြေခံပြီး စမ်းသပ်မဲစာရင်း ကောက်ယူမည် ဖြစ်ကြောင်း၊ ထိုမဲစာရင်း စမ်းသပ်ကောက်ယူမှုမှ တစ်ဆင့် တစ်နိုင်ငံလုံးရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် မဲစာရင်းများကို ဆက်လက်ကောက်ယူရန် စီစဉ်ထားကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် New Myanmar Foundation မှ မမြနန္ဒာက “ကော်မရှင် ဥက္ကဋ္ဌက ကော်မရှင်ကို လွတ်လပ်တဲ့ အဖွဲ့အစည်းအဖြစ် လုပ်ဆောင်သွားမယ်လို့ အာမခံ ပြောကြားခဲ့တယ်။ နောက်ပြီး ထူးခြားတာက တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ ပညာရေးဌာနတို့ ဘာတို့ဆိုရင် ပြောသမျှ ခေါင်းညိတ်တဲ့ ပုံစံမဟုတ်ဘဲ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ တွေ့ကြုံခဲ့ရတာတွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေရှိတဲ့ ဒေသနဲ့ ဆိုင်တဲ့ မဲစာရင်းကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားတာတွေ တွေ့ရတော့ ပြောင်းလဲလာတယ်လို့ ပြောလို့ရတယ်” ဟု ပြောကြားသည်။
၂၀၁၀ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်က ကျင်းပခဲ့ပြီး အဆိုပါ ရွေးကောက်ပွဲမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၂၅ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၆၆၁ ဦးကို ရွေးကောက်ခဲ့သည်။
ထို့အပြင် နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတများနှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ၀န်ကြီးများအဖြစ် ခန့်အပ်ခြင်း ခံရသဖြင့် နုတ်ထွက်သွားသော လွှတ်တော် ကိုယ်စားလှယ်များ၏ လစ်လပ်မဲဆန္ဒနယ် ၄၅ နယ်၌ ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်တွင် ကျင်းပခဲ့ပြီး အဆိုပါ ရွေးကောက်ပွဲမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၇ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ခြောက်ဦးနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် နှစ်ဦးကို ရွေးကောက်ခဲ့သည်။

.. www.MyanmarExpress.net
 

သေတ္တာထဲက ရွှေ ၁၀သားနဲ့ ငွေ ၇၅သိန်းကို ရွှေ ၁၀ သားနဲ့ ငွေ ၃သိန်း ချန် ခိုးသွားတာ သူခိုးရဲ့ မေတ္တာ၊ သစ္စာ၊ စေတနာများလား

From : ..hot news




မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ သဲပြင် ကျေးရွာတွင် ငွေကျပ် သိန်း(၇၀) ကျော်ခန့် ဖောက်ထွင်းအခိုးခံရ မှုဖြစ်ပွားကြောင်း သတင်းရရှိ သည်။ ဖြစ်စဉ်မှာ
(၂၈-၃-၂၀၁၃) ရက် နံနက် (၁၀း၂၀)အချိန်ခန့် က သဲပြင်ကျေးရွာနေ မကေသွယ် မိုး(၃၂)နှစ်သည် နေအိမ်အပေါ် ထပ်ရှိ သေတ္တာအတွင်းမှ ငွေများ ခိုးယူခံရကြောင်း၊ (၂၇-၃-၂၀၁၃) ရက် ည(၂း၃၀)အချိန်ခန့်က မကွေသွယ်မိုးသည် သားဖြစ်သူ မောင်အာကာစွမ်း(၇)လသားနှင့် အတူ နေအိမ်နှင့်တွဲလျက်မြောက် ဘက်ရှိ လသာဆောင်အောက် ထပ်ခန်းတွင် အိပ်ကြောင်း၊ အိပ် မပျော်မီတံခါးစေ့ရုံသာ စေ့ထား ၍ အတွင်းမှ လေ့ချရန်မေ့ပြီး အိပ်ပျော်သွားခဲ့ကြောင်း၊ သမီး ဖြစ်သူ မအိမ်ကဗျာ၊ ညီမ၀မ်းကွဲ တော်စပ်သူ မဌေးဌေးမာ၊ မဆွေ ဆွေဦးတို့ (၃)ဦးမှာ နေအိမ်ဧည့် ခန်းအတွင်း အိပ်၍ မောင်ဝမ်းကွဲ တော်စပ်သူ မောင်ဝင်းဘိုမှာ နေအိမ်နောက်ဖေးတွဲလျက်ရှိ မီး ဖိုဆောင်အတွင်း အိပ်ကြောင်း၊ ခင်ပွန်းဖြစ်သူ ကိုအောင်ကိုကို လင်းမှာ အလုပ်ကိစ္စဖြင့် ရန်ကုန် သို့ ထိုနေ့ည(၆) နာရီတွင် ခရီး ထွက်ခွာသွားကြောင်း (၂၈-၃-၂၀၁၃)ရက် နံနက် (၆း၃၀)အချိန် ခန့် မကေသွယ်မိုး အိပ်ယာမှ မနိုး မီ မဆွေဆွေဦးက အိမ်ပေါ်ထပ် သို့ တံမြက်စည်းလှည်းရန် သွားရာ မှ အိမ်အပေါ်ထပ် လသာဆောင် တွင်သွားသော တံခါးမကြီးပွင့် နေပြီး အပေါ်ထပ်တွင်ထားသော သေတ္တာ(၃)လုံးအနက် ရွှေထည် နှင့် ငွေများသိမ်းစည်းထားသော သေတ္တာမှာ ပတ္တာပျက်လျက် တွေ့ရ၍ မကေသွယ်မိုးအား နှိုး ၍ပြောပြကြောင်း၊ မကေသွယ် မိုးက သေတ္တာအား စစ်ဆေးရာ ရွှေ(၁၀)သားခန့်နှင့် ငွေကျပ် (၇၅) သိန်းအနက်မှ ငွေကျပ် (၇၂)သိန်း ပျောက်ဆုံးနေကြောင်း သိရှိရသည်ဆို၏။ ယင်းဖြစ်စဉ် နှင့်ပတ်သက်၍ မကေသွယ်မိုးမှ ၎င်းင်း၏ အိမ်မှ ငွေများခိုးယူသူ အား ဥပဒေနှင့်အညီ စုံစမ်းဖော် ထုတ်အရေးယူပေးပါရန် တရား လိုပြုလုပ်တိုင်တန်းသဖြင့် တောင် တွင်းကြီးမြို့မရဲစခန်းက (ပ)၆၁/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၈၀ အရ အမှုဖွင့်လှစ်ထားပြီး အမှုစစ် ဒု ရဲအုပ်သန်းဇော်မှ တရားခံအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် သက်ဆိုင်ရာဒေသဖွံ့ဖြိုးရေးနှင့် ဒု စရိုက်နှိမ်နင်းရေး၊ ရဲတပ်ဖွဲ့ဝင် များနှင့် ပူးပေါင်း၍ တရားခံ အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး အတွက် စုံစမ်းထောက်လှမ်းစစ် ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

.. www.MyanmarExpress.net
 

တန်ဖိုးနည်းမိုဘိုင်းဖုန်း Sim-Card များဧပြီလတွင် စတင်ရောင်းချမည်

From : ..hot news



နေပြည်တော်တွင်ကျင်းပ ပြုလုပ်ခဲ့သော (၂၉.၃.၂၀၁၃)  မိုဘိုင်းလ်ဖုန်း Sim-Card များ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချ   ပေးနိုင်ရေးညှိနှိုင်း အစည်းအဝေး   တွင် နိုင်ငံတော်သမ္မတကြီးမှ ဆက်သွယ်ရေးကဏ္ဍသည် နိုင်ငံ တော်၏ စီးပွားရေး၊ပညာရေး၊ ကျန်းမာရေး၊လူမှုရေး၊အုပ်ချုပ်ရေး၊   လုံခြုံရေးစသည် ကဏ္ဍစုံအတွက်    အလွန်အထောက်အကူပြုနေသည့်   အတွက် ပြည်သူများတယ်လီဖုန်း   သုံးစွဲနိုင်မှုများပြားလာအောင် ဆောင်ရွက်နေကြောင်း မြန်မာ နိုင်ငံ၏တယ်လီဖုန်းသိပ်သည်းဆ မှာ ၇ရာခိုင်နှုန်းသာရှိသေးသော ကြောင့် (၂၀၁၃-၁၄)ခုနှစ်တွင်း လိုင်းပေါင်း(၈)သနိးပ်သည်းဆ  (၂၇)ရာခိုင်နှုန်း (၂၀၁၄-၁၅)ခုနှစ် တွင် လိုင်းပေါင်း(၁၈)သန်းသိပ် သည်းဆ (၅၀)ရာခိုင်နှုန်းထိ အ နိမ့်ဆုံးရည်မှန်းချက်အဖြစ် ဖြစ် မြောက်အကောင်အထည်ပေါ် ပေါက်လာအောင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မိုဘိုင်းလ်တယ် လီဖုန်း Sim-Card များကို ယခင်  ပြည်သူများဝယ်ယူသုံးစွဲရာ၌ ဈေး  နှုန်းကြီးမြင့်ရခြင်းမှာ ပြည်သူများ  ထံမှ ရောင်းချရသည့်ငွေများဖြင့်    အခြေခံအဆောက်အအုံများတည် ဆောက်ခြင်းနှင့်လိုင်းများတပ်ဆင် ရခြင်းကြောင့်ဖြစ်ပြီး ယခုအခါ လိုင်းများများသုံးနိုင်ရန်အတွက် Sim-Card များကို ပြည်သူများအား   သက်သာသောဈေးနှုန်းဖြင့်ရောင်း  ချပေးသွားတော့မည်ဖြစ်ကြောင်း   နှင့်ရောင်းချပေးမည့်ရက်နှင့်ဈေး နှုန်းကိုလည်းသတင်းထုတ်ပြန် ကြေငြာပေးသွားမည်ဟု ၎င်းတိုင်း  ဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့  များသည် တယ်လီဖုန်းမရရှိသေး သည့် ပြည်သူများမျှမျှတတရရှိ  အောင် စနစ်တကျ ဖြန့်ခွဲရောင်း ချပေးသွားရန်ဖြစ်ကြောင်း ဈေး   မကစားရေးအတွက် Sim-Card များ ကိုတူညီသည့်ဈေးနှုန်းဖြင့်     လစဉ်ရောင်းချပေးသွားမည်ဖြစ်   သလို hand set  များကိုလည်း ဈေးမကစားနိုင်အောင်အပြိုင်အ ဆိုင်ရောင်းချပေးစေမည်ဖြစ်သလို   အခွန်နှုန်းထားများလည်း လျော့ ချပေးသွားမည်ဖြစ်ကြောင်း Sim-Card  များကိုဈေးနှုန်းမပြောင်းလဲ ဘဲ လစဉ်ရောင်းချပေးသွားမည်   ဖြစ်သည့်အတွက် ယခုလအတွင်း   မရရှိပါက နောက်လတွင်ရရှိမည် ဖြစ်ကြောင်း Sim-Card များရရှိ ပြီး နောက်ဖုန်းလိုင်းများ ကြပ် တည်းမှုမရှိစေရေးအတွက်လည်း  ကြိုတင်စီမံဆောင်ရွက်သွားရန်နှင့်   တန်ဖိုးနည်းမိုဘိုင်းဖုန်း Sim-Card များကို ဧပြီလမှ စတင်၍ တိုင်း ဒေသကြီးနှင့် ပြည်နယ်များသို့ တစ်လလျှင် Sim-Card (၃၅၀၀၀၀)   နှုန်းစဉ်ဆက်မပြတ်ဖြန့်ဖြူးပေးရာ တွငှ်ငာ ဃမေိ  များစုဆောင်းဝယ်  ယူ၍ ဈေးကွက်လက်ဝါးကြီး အုပ်မှုမဖြစ်စေရန် ပွင့်လင်းမြင် သာမှုမရှိစေရန် ရောင်းချမည့်အစီ အစဉ် လက်ရှိအခြေအနေ နောင် ဆက်လက်ဆောင်aရွက်မှုအစီအစဉ်  များကို မီဒီယာများမှ တစ်ဆင့်စဉ် ဆက်မပြတ်အသိပေးတင်ပြသွား   မည်ဖြစ်သလို စက်အင်အားကန့် သတ်ချက်ကြောင့် Sim-Card အရေအတွက်ကန့်သတ်ရောင်းချ  နေရခြင်းဖြစ်ပြီး ဆက်သွယ်ရေး   ဥပဒေအတည်ပြုပြဋ္ဌာန်းပြီးပါက   ပြည်တွင်းပြညပ ပုဂ္ဂလိကရင်းနှီး  မြှုပ်နှံသူများနှင့်မြန်မာ့ဆက်သွယ်  ရေးလုပ်ငန်းအကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊  ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမီ တက်ကိုအများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲကာ ပြည်သူများ၏လို အပ်ချက်ကိုကန့်သတ်ချက်မရှိ     ဖြည့်တင်နိုင်ရန်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းပြောကြားသွားခဲ့ သည်။

.. www.MyanmarExpress.net
 

မီဒီယာသမားများမှ တစ်စောင် ၂၀၀ ဖြင့် စီးပွားရေး သောင်းကျန်း လာသော ပုဂ္ဂလိက သတင်းစာအား ရန်ကုန်တစ်ခုသာ စမ်းဝယ်ကြပြီး အခြားဒေသများတွင် မည်သူမျှ ဝယ်မဖတ်

From :dvb


မီဒီယာသမားများမှ တစ်စောင် ၂၀၀ ဖြင့် စီးပွားရေး ချဲ့ထွင်လာသော ပုဂ္ဂလိက သတင်းစာအား ရန်ကုန်တစ်ခုသာ စမ်းဝယ်ကြပြီး အခြားဒေသများတွင် မည်သူမျှ ဝယ်မဖတ်ကြကြောင်း သတင်းရရှိသည်။

မန္တလေးမြို့မှာတော့ ရန်ကုန်လောက် ၀ယ်မဖတ်ကြဘူးလို့ ထွန်းဦးစာပေဖြန့်ချိရေးပိုင်ရှင် ဦးထွန်းဦးက ပြောပါတယ်။

“မန္တလေးက နဂိုကတည်းက လက်လီဝယ်ဖတ်တဲ့အကျင့် နည်းတယ်။ လပေးယူတာ များတယ်။ လက်လီဝယ်ဖတ်တယ်ဆိုတာ လက်ဖက်ရည်ဆိုင်တွေမှာ ခင်းထားတဲ့ဟာကို ဖတ်တာမျိုး၊ ကိုယ်တိုင် ၀ယ်ဖတ်တာ နည်းတယ်။ လောလောဆယ်တော့ မရသေးဘူး၊ အနည်းဆုံး ၄-၅ လလောက်မှ အဖြေထွက်မှာပဲ။”

မွန်းတည့် ၁၂ နာရီလောက်ထိ သူ့ဖြန့်ချိရေးကို ပြည်ထောင်စုနေ့စဉ်နဲ့ သည်ဗွိုင့်နေ့စဉ်တို့ပဲ ရောက်သေးကြောင်း၊ ပြည်ထောင်စုနေ့စဉ်က စောင်ရေ ၃၅၀ အခမဲ့ဖြန့်ချိဖို့ ရောက်နေပြီး သည်ဗွိုင့်ကတော့ စောင်ရေ ၁၃၀၀ ဖြန့်ထားတယ်လို့ ဆိုပါတယ်။

ရန်ကုန်၊ စမ်းချောင်းက စာဖတ်ပရိသတ်တဦးဖြစ်တဲ့ ကိုအောင်မျိုးထွန်းကလည်း ဒီနေ့ထွက်လာတဲ့ သတင်းစာတွေကို မြည်းစမ်းကြည့်ကြတဲ့သဘောနဲ့ ၀ယ်ကြတာတွေ့ရတယ်လို့ ပြောပါတယ်။ ဈေးနှုန်းကလည်း တစောင် ကျပ် ၂၀၀ ဆိုတော့ ဂျာနယ်တွေထက် သက်သာပြီး ဂျာနယ်ရောင်းသူတွေ ရောင်းရတယ်လို့ ဆိုပါတယ်။

သူ့အနေနဲ့တော့ ဒီနေ့ထွက်လာတဲ့ သတင်းစာ ၄ စောင်ကို သိပ်အားမရသေးဘဲ စောင့်ကြည့်ဦးမယ်လို့ ပြောပါတယ်။

“သတင်းစာပိုင်ရှင်တွေဆိုတာလည်း ဂျာနယ်ထုတ်လာခဲ့တဲ့သူတွေပဲလေ။ သူတို့နဂိုထွက်တဲ့ သူတို့ရဲ့လမ်းကြောင်းကို ကြိုတင် ခန့်မှန်းလို့ရသလို ဖြစ်တာပေါ့။ သို့သော် တကယ်ထွက်လာတဲ့အချိန်၊ ရေးလာတဲ့အချိန်မှာ သူတို့လည်း အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း၊ မှားရင် မှားနေတယ်ဆိုတာ ရဲရဲတင်းတင်း ဝေဖန်ထောက်ပြ ရေးလာနိုင်လား၊ မရေးလာနိုင်ဘူးလား ဆိုတာ ရှေ့ဆက်စောင့်ကြည့်ရမှာပေါ့။”

သည်ဗွိုင့်စ်နေ့စဉ်သတင်းအယ်ဒီတာချုပ် ဦးကျော်မင်းဆွေကတော့ သူတို့မှာ အခက်အခဲတွေနဲ့ စွန့်စားရတာတွေ အများကြီး ရှိတယ်လို့ ပြောပါတယ်။

“မြန်မာပြည်မှာက အခက်အခဲတွေအများကြီး။ နိုင်ငံတကာနဲ့မတူဘူး။ နိုင်ငံတကာက ခင်ဗျားမှာ လုပ်ငန်းခိုင်ခိုင်မာမာရှိတယ်။ ပိုင်ဆိုင်မှုလည်း ရှိတယ်။ လုပ်ငန်းလည်း ပုံမှန်ရှိတယ်ဆိုရင် ဘဏ်တွေကနေ ငွေချေးပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေကို ၁၀၀ ရာခိုင်နှုန်းလုပ်စရာမလိုဘူး။  ဒီနိုင်ငံမှာတော့ အစစအရာရာ ၁၀၀ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံရတယ်။ ကျနော်တို့အခုလုပ်တယ်ဆိုလည်း စက်ဝယ်ဖို့၊ လုပ်ငန်းလုပ်ဖို့ သတင်းစာတိုက်ကြီးတခုဆိုတာ လွယ်တာမဟုတ်ဘူးလေ။ ကျနော်တို့က ရတဲ့အနေအထားနဲ့ ကြုံသလို သွားကြရတာ။ ဥပမာ ပုံနှိပ်စက်ဝယ်မယ်ဆိုရင် ကျနော်တို့ ပိုက်ဆံနဲ့အကုန်ဝယ်ရမှာ။ နိုင်ငံတကာမှာတော့ ချေးငွေနဲ့ဝယ်ရတာ။ ဥပမာ မြေယာပေါ့။ မြေယာဆိုရင် ကျနော်တို့မှာ မရှိဘူး။ ငှားရတယ်။ တခြားနေရာတွေမှာ အဲလိုမဟုတ်ဘူး။ သတင်းစာစတည်ထောင်ကတည်းက အင်အားကြီးကြီးမားမားနဲ့ ရှယ်ယာတွေခေါ်ပြီးလုပ်ကြတယ်။ ဒီမှာတော့ လူတွေက ချက်ချင်းမယုံဘဲနဲ့ စောင့်ကြည့်မယ်ဆိုတာတွေက ရှိသေးတယ်။ အရင်အောင်မြင်အောင် လုပ်ပြရတဲ့ အနေအထားရှိတယ် ဒီမှာရှိတဲ့ လုပ်ငန်းတွေက။ အောင်မြင်လာမှ ရှယ်ယာဝင်ချင်တာတို့၊ ကူညီချင်တာတို့လာတာလေ။ ကျနော်တို့မှာ အဲဒါ ကွာခြားချက် ရှိတယ်။ နောက်တခုက တိုင်းပြည်ရဲ့ နိမ့်ကျနေသေးတဲ့ သယ်ယူပို့ဆောင်ရေးစနစ်၊ အခြေခံအဆောက်အဦအရ တနိုင်ငံလုံးအနှံ့ကို အချိန်နဲ့တပြေးညီဖြန့်ဖို့ဆိုတာ အင်မတန် အခက်အခဲရှိတယ်။”

သည်ဗွိုင့်စ်နေ့စဉ်သတင်းစာကို လောလောဆယ် စာမျက်နှာ ၂၀ ပါ ၁ စောင်ကို ၁၃၀ ကျပ်နဲ့ စောင်ရေ ၂ သောင်းခွဲ ထုတ်ဝေ ဖြန့်ချိ ရောင်းချနေတယ်လို့ ဆိုပါတယ်။

ဒီနေ့ထွက်လာတဲ့ သတင်းစာ ၄ စောင်ထဲ ပြည်ထောင်စုနေ့စဉ် သတင်းစာ ၁ စောင်ပဲ စာမျက်နှာ ၁၂ မျက်နှာနဲ့ ဆိုဒ်ကြီး ထုတ်ဝေလာတာဖြစ်ပြီး ကျန် ၃ စောင်ကတော့ ပုံမှန်ဂျာနယ်ဆိုဒ်နဲ့ စာမျက်နှာ ၂၀ ထုတ်ဝေ ဖြန့်ချိလာကြတာ ဖြစ်ပါတယ်။

ပုဂ္ဂလိကသတင်းစာ ၁၆ စောင် ထုတ်ဝေခွင့်ကျထားတာဖြစ်ပြီး ၄ စောင်ပဲ ဒီနေ့ ထုတ်ဝေလာတာ ဖြစ်ပါတယ်။ 

.. www.MyanmarExpress.net
 

စင်္ကာပူ သမ္မတ နှင့် ဇနီး နေပြည်တော်သို့ရောက်ရှိ

From : ..popular


စင်္ကာပူ နိုင်ငံ ၏ သမ္မတ ဒေါက်တာ တိုနီတန်ကင်ယမ်း သည် ယနေ့နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် မြန်မာနိုင်ငံ(နေပြည်တော် လေဆိပ်)သို့ ၄င်း၏ ဇနီးနှင့် အတူ ရောက်ရှိလာပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးဝဏ္ဏ မောင်လွင် မှ သွားရောက် ကြိုဆိုခဲ့ကြောင်းသိရသည်။

ဒေါက်တာ တိုနီတန်ကင်ယမ်း သည် မနက်ဖြန်မနက်ပိုင်းတွင် မန္တလေး မြို့သို့ ၄င်း စီးနင်းလာသော လေယာဉ် ဖြင့် သွားရောက်လည် ပတ်မည် ဖြစ်ကြောင်းသိရသည်။ ဒေါက်တာ တိုနီတန်ကင်ယမ်း သည် ၄င်း ၏ ဇနီးနှင့် အတူ အဖွဲ့ဝင် ၃၀ ဦးခန့် ခေါ်ဆောင်လာကြောင်းသိရသည်။
 



.. www.MyanmarExpress.net
 

စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ မလိုဟု ဒေါ်စု ပြောသော်လည်း ဒီမိုကရေစီမြန်မာလူထု စည်းကမ်းမရှိ

From : ..dvb


မန္တလေး မဟာအောင်မြေမြို့နယ်မှာ မတ်လ ၃၁ ရက်နေ့ညက လူနေအိမ်များရှေ ရပ်နားထားတဲ့ ကားတစီး မှန်တွေကို မူးယစ်နေတဲ့ လူငယ်တစ်စုက ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

ဒါဟာ တခြားအကြောင်းကြောင့်မဟုတ်ပဲ လူငယ်သဘာဝမူးယစ်ပြီး အုပ်စုဖွဲ ရမ်းကားတာမျိုးဖြစ်ကြောင်း၊ အခင်းဖြစ်ပွားချိန်မှာ ၁၂ ဦးရှိခဲ့ပေမယ့် ဖမ်းဆီးရမိချိန်မှာ ၁၁ဦးသာမိခဲ့ပြီး ခေါင်းဆောင်ဖြစ်သူ ဗေဒါကြီး ကို ဧပြီ(၁)ရက် နံနက်ပိုင်းမှာ သူအိမ်ရှေက ဖမ်းဆီးရမိခဲ့တယ်လို့ မဟာအောင်မြေမြို့နယ် အမှတ်(၉)ရဲစခန်းက တာဝန်ကျ ရဲအုပ် စိုးမိုးနိုင်မှပြောပြခဲ့ပါတယ်။

အခင်းဖြစ်ပွားချိန်မှာ ပြတ်ရှဒဏ်ရာကြောင့် မင်းပိုင်(၁၇) နှစ်ကိုလည်း ပြည်သူ့ဆေးရုံကြီးမှာ တင်ပို့ထားရတယ်လို့ သူကပဲ ပြောပြပါတယ်။ အခုလက်ရှိ သူတို့ကို ဥပဒေပုဒ်မ ၂၉၄(ဆဲဆိုရမ်းကားမှု) ၄၄၀၊ ၅၀၄၊ ၄၂၇၊၁၄၄တွေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

.. www.MyanmarExpress.net