From :
..Myit Makha Mediagroup on 1 Apr, 2013
..
www.MyanmarExpress.net
ပြီးခဲ့တဲ့လ
မတ်လ(၂၀)ရက်နေ့က မိတ္ထီလာ ရွှေဆိုင်တစ်ခုနေစလိုက်တဲ့ ပဋိပက္ခကြောင့်
(၂၂)ရက်နေ့မှာ စစ်တပ်က စစ်အုပ်ချုပ်ရေးစနစ် မဟုတ်ပဲနဲ့
မိတ္ထီလာခရိုင်(၄)မြို့နယ်ကို ၀င်ရောက်ထိန်းသိမ်းခဲ့လို့ ငြိမ်းအေး
ခဲ့ပေမယ့်၊ ဘေးထွက်ဆိုးကျိုး အဖြစ် အချို့ဒေသတွေမှာ
အကြမ်းဖက်မှုအနည်းငယ်ကြုံတွေ့ခဲ့ရတယ်လို့ လည်း သိရပါတယ်။ ဒါတွေကိုကြည့်ရင်
ပြဿနာဖြစ်ပွားရေးအတွက် ဆူပူအကြမ်းဖက်မှု ကြီးထွားအောင် လှုံ့ဆော်နေသူ အချို့
ရှိကောင်းရှိ နိုင်ပါတယ်၊
လက်ပံတောင်းတောင်ကိစ္စနဲ့ပတ်သက်ပြီး
မတ်လနောက်ဆုံးအပတ်အတွင်းက လက်ပံတောင်းတောင် ဒေသခံတွေအနေနဲ့
စီမံကိန်းရပ်ဆိုင်းရေး တရားဝင်ဆန္ဒထုတ်ဖော်ခဲ့ကြသလို၊ ရန်ကုန်-ဆူးလေမှာလည်း
လက်ပံတောင်းတောင်အမှု မှန်ပေါ်ပေါက်ရေး ကိစ္စနဲ့ပတ်သက်လို့ ဦးဆောင်သူအပါအ၀င်
ပြည်သူ အချို့ ဗန္ဓုလပန်းခြံကို လေးပတ်ပတ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။
ဒီလို
မငြိမ်းချမ်းမှုတွေနဲ့ ဖြတ်သန်းခဲ့တဲ့ မိတ္ထီလာပဋိပက္ခနဲ့ ဆက်စပ်ပြီး
နိုင်ငံအတွင်းမှာ ပဋိပက္ခဖြစ်ပွားလာ ရင် ငြိမ်းအေးအောင်ဆောင်ရွက်ရမဲ့အစား
ပြဿနာပိုမိုကြီးထွားလာအောင် နောက်ကွယ်ကနေ သွေးထိုး လှုံ့ဆော်မှုပြု
လုပ်နေတာတွေ၊ ကိုယ်တိုင်ပါဝင်လှုံ့ဆော်မှုတွေရှိနေသေးတယ်လို့ နိုင်ငံတော်
သမ္မတရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
“ပြဿနာတစ်ခုဖြစ်တိုင်း
ကိုယ့်နိုင်ငံအတွင်းမှာ ဖြေရှင်းဆောင်ရွက်ရုံနဲ့မပြီးပဲ ဒေသတွင်းမှာရော
နိုင်ငံ တကာနယ်ပယ်မှာပါ ရင်ဆိုင်ဖြေရှင်းနေရတဲ့အတွက် တိုင်းပြည်ရဲ့
ဂုဏ်သိက္ခာကိုများစွာထိခိုက်စေပြီး တိုင်းပြည်အတွက် အခွင့်အလမ်းများလည်း
နစ်နာဆုံးရှုံးစေခဲ့ပါတယ်။”လို့ နိုင်ငံတော်သမ္မတကြီးက မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
မိတ္ထီလာပဋိပက္ခဖြစ်စဉ်အပါအ၀င်
မြို့နယ်(၁၅)မြို့နယ်အတွင်းမှာ လူစုလူဝေးနဲ့ အကြမ်းဖက်မှု (၁၆၃)ကြိမ်
ဖြစ်ပွား ခဲ့ပြီး၊ သေဆုံးသူ (၄၃)ဦးနဲ့ ဒဏ်ရာရသူ (၈၆)ဦးအထိရှိတယ်လို့
ပြည်ထဲရေးဝန်ကြီးဋ္ဌာနရဲ့ သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီလို
ပဋိပက္ခဖြစ်စဉ်တွေကြောင့် အမေရိကန်သံရုံးက မြန်မာနိုင်ငံရောက်
အမေရိကန်နိုင်ငံသားတွေကို ရန်ကုန်မှာရှိတဲ့ ဆူပူမှုဖြစ်ပွားနိုင်တဲ့ နေရာတွေ
မသွားကြဖို့ ကြေညာချက်ထုတ်ပြန်ထိန်းသိမ်းမှုဖြစ်တာကို သမ္မတကြီးက
ဆိုလိုဟန်တူပါတယ်။
ပြည်တွင်းမှာ
ဆူပူမှုဖြစ်ပွားအောင် သွေးထိုးလှုံ့ဆော်နေသူတွေ ရှိနေတယ်လို့
သမ္မတကြီးကိုယ်တိုင်က မိန့်ခွန်းမှာ ယခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။
“ တချို့ကလည်း ပြဿနာတစ်ခုဖြစ်လာရင် အမြန်ငြိမ်းအေးအောင် ပူးပေါင်းဆောင်ရွက်ကြရမဲ့ အစား ပြဿနာပိုမိုကြီးထွားလာအောင် နောက်ကွယ်ကနေ သွေးထိုးလှုံ့ဆော်မှုများ ကိုယ်တိုင်ပါဝင်လှုံဆော်မှုများ ရှိနေကြပါတယ်”ဟု နိုင်ငံတော်သမ္မတကြီးက ပြောကြားခဲ့တာပါ။
လက်ရှိ
အွန်လိုင်းမီဒီယာအချို့ကနေ
အကြမ်းဖက်မှုဖြစ်ပွားအောင်လှုံဆော်ရေးသားနေမှုတွေကို အရေး ယူနိုင်ဖို့
ဆိုင်ဘာလောတစ်ရပ်ပြဋ္ဌာန်းနိုင်ဖို့ စီစဉ်နေတယ်လို့လည်း
ပြည်ထဲရေးအသိုင်းအ၀ိုင်းက သိရပါ တယ်။
ဒီဥပဒေသာ
အတည်ပြုပြီးသွားရင်တော့ အခုလို ၀က်ဆိုဒ်တွေ၊ လူမှုကွန်ယက်စာမျက်နှာတွေ ကနေ
မဟုတ်မမှန် လှုံ့ဆော်ရေးသားနေမှုတွေလည်း
အတန်အသင့်ပျောက်ကွယ်သွားနိုင်မှာဖြစ်တယ်လို့ ရဲဝန်ထမ်းတစ်ဦးထံက သိရပါတယ်။
ယနေ့မြန်မာနိုင်ငံမှာ
ဖြစ်ပွားနေတဲ့ အကြမ်းဖက်လုပ်ရပ်တွေမှာ အဖွဲ့အစည်းတစ်ခုခုက ဦးဆောင်ပြီး
ပုံဖော်နေတယ်လို့ ယုံကြည်နေသူတွေရှိနေကိုလည်း ပြည်သူများထံက သိရပါတယ်။
ဒါတင်မကသေးပါဘူး
အကြမ်းဖက်မှုလုပ်ရပ်တွေမှာ သံဃာများကို အကြည်ညိုပျက်အောင် ၊ လူထုက
ယုံကြည်လေးစား တဲ့ ခေါင်းဆောင်များကို နာမည်ပျက်အောင် ၊ လူထုက
ယုံကြည်အားကိုးတဲ့ အဖွဲ့ အစည်းများကို နာမည်ပျက်အောင် ဖျက်စီးဖို့
နည်းမျိုးစုံအသုံးချပြီး နေတာလည်း တွေ့ရတယ်လို့ အကြမ်းဖက်ဖြစ်ပွားရာဒေသက
နယ်ခံတွေဆီကနေ တဆင့် ပြန်ကြားရတာတွေလည်းရှိပါတယ်။
အခုဖြစ်ပွားနေတဲ့
အကြမ်းဖက် လုပ်ရပ် ဖြစ်စဉ်များကို သေချာစွာ ပြန်လည် စဉ်းစားကြည့်
မယ်ဆိုရင် ၊ လုပ်ရပ်တော်တော် များများမှာ ဦးဆောင်ကြသူတွေဟာ ရဟန်းသံဃာများ
မဟုတ်သလို ၊ ဒေသခံများလည်း မပါဝင်ဘူးလို့ သိရပါတယ်။
အဓိကလုပ်ကိုင်ဆောင်ရွက်နေကြသူအများစုဟာ
နဂိုကတည်းက အဖွဲ့အစည်းတခုအောက်မှာ အတူတူ အလုပ်လုပ်ဘူးကြတဲ့ လူတွေ ဖြစ်ဖို့
များတယ်လို့လည်း အတွေးရောက်နေသူတစ်ဦးက အခုလိုဆိုပါတယ်။
“
အရင် အစိုးရလက်ထက်က နာမည်ဆိုးနဲ့ ကျော်ကြားဘူးတဲ့ စွမ်းအားရှင်အဖွဲ့ဆိုတာ
ရှိသေးလား၊ မရှိတော့ဘူး လားဆိုတာလည်း မသိရတော့ ပြည်သူတွေက သို့လောသို့လော
ထင်နေကြတယ်” လို့ မိတ္ထီလာနယ်ခံ တစ်ဦးက ပြောပါတယ်။
အဲ့ဒီစွမ်းအားရှင်အဖွဲ့ဝင်အများစုဟာ
စိတ်ကြမ်း၊ လူကြမ်း ထောင်ထွက်များ ၊ အရပ်နာမည်ပျက်နဲ့ ထင်ရှားတဲ့
လူမိုက်အများစုကို အခြေခံတယ်ဆိုတာ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းက သက်သေရှိ
တယ်လို့လည်း ၄င်းက ဆက်ပြောပါတယ်။
အစိုးရသစ်တက်လာပြီးနောက်ပိုင်းမှာ
စွမ်းအားရှင်အဖွဲ့ ရဲ့ လုပ်ရှားမှုများ ငြိမ်သက်သွားတယ်၊ အဲ့ဒီက လူတွေ လည်း
အဖွဲ့အစည်းအသွင်ပျောက်ပြီး သွာလာလှုပ်ရှားနေကြတယ်လို့လည်း ကမာရွက်မြို့
နယ်နေ ပြည်သူတစ်ဦးက အခုလိုဆိုပါတယ်။
“
သူတို့တစ်တွေ တကယ်ပျောက်သွားတာလားဆိုတော့ မဟုတ်ပါဘူး.........သူတို့
တတွေဟာ ရှိနေဆဲပါ၊ အခါအခွင့် မသင့်သေးလို့ ရုပ်ဖျက် ကိုယ်ယောင်ဖျောက်ပြီး
အသွင်းပြောင်း ထားတာပါ” လို့ကမာရွတ် မြို့နယ် နေပြည်သူတစ်ဦးက ဆိုပါတယ်။
၎င်းက
နိုင်ငံတော်သမ္မတကြီးပြောသလို ပွင့်လင်းမြင်သာတဲ့ ခေတ်ကို တကယ်
ရောက်ရှိနေပြီဆိုတာ မှန်ခဲ့ရင် လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်မှာ
“စွမ်းအားရှင် အဖွဲ့ အစည်းဟာ ယနေ့ ထိ ရှိနေဆဲလား ။ ဖျက်သိမ်းလိုက်ပြီလား’’လိုတဲ့ မေးခွန်းကို ပြည်သူတွေကိုယ်စားပေးပေးဖို့ကိုလည်း ၄င်းက ဆက်လက်တိုက် တွန်းပြောကြားခဲ့ပါသေးတယ်။
ဒါပေမဲ့ဒီလိုအကြမ်းဖက်မှုမျိုးကို စွမ်းအားရှင်တွေအနေနဲ့ မလုပ်လောက်ဖူးလို့ ဟင်္သာတနယ်ခံတစ်ဦးက သူ့အမြင်ကို အခုလို ဆိုပါတယ်။
“
ဒီအကြမ်းဖက်လုပ်ရပ်တွေက စွမ်းအားရှင်တွေလုပ်တယ်လို့ ပြောနေတာထက်စာရင်
လက်ညှိုးထိုးနေတဲ့သူ တွေ ကိုယ်တိုင် လုပ်တာမျိုးကော မဖြစ်နိုင်ဘူးလား၊
ဆူမှထမင်းစားရမယ့်သူတွေလည်း ရှိနေတော့ ၊ ကျွန်တော် တော့ အဲ့ဒီလိုပဲထင်တယ် “
ဟု ရန်ကုန်၌ အလုပ်လုပ်ကိုင်နေတဲ့ ဟင်္သာတနယ်မြို့ခံ ကျောင်းသားတစ်ဦးက ပြောပါတယ်။
အခုလို
ဒီမိုကရေစီကနုနု မုန်တိုင်းက ထန်ထန်ဆက်ဖြစ်နေဦးမယ်ဆိုရင်တော့ ပြည်တွင်းနေ
ပြည်သူ အများစုလိုလားနေတဲ့ ဒီမိုကရေစီအစစ်အမှန်ရရှိနိုင်ဖို့အတွက်
ခက်ခဲနေဦးမှာပါ ။ ဒီအကြမ်းဖက်ကြုံတွေ့ နေရတဲ့ အခက်အခဲကို ဖြေရှင်းဖို့
အတွက်လည်း စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းပြီး အရေးယူ
ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။
နိုင်တော်သမ္မတကြီးကလည်း
ဒီမိုကရေစီကို ဖျက်စီးသူ၊ အကြမ်းဖက်သမားတွေနဲ့ ပြည်သူလူထုရဲ့ အသက်
အိုးအိမ်စည်းစိမ်မှန်သမျှကို ထိပါးတဲ့လုပ်ရပ်မှန်သမျှကို
ရဲရဲဝံ့ဝံ့ပြတ်ပြတ်သားသားအရေးယူဖို့ ပြည်ထဲရေးဝန်ကြီးဋ္ဌာနကို
တာဝန်ပေးထားကြောင်းကိုလည်း သိရပါတယ်။
ပဋိပက္ခတွေ ဆူပူအကြမ်းဖက်မှုတွေ ဆက်လက် မဖြစ်ပွားစေဖို့အတွက်“ရဟန်းရှင်
လူပြည်သူအပေါင်းတို့က တိုင်းပြည်တည်ငြိမ်းအေးချမ်းရေး၊ တရားဥပဒေ
စိုးမိုးရေးနဲ့ စည်းကမ်းရှိစွာ ဒီမိုကရေစီရှင်သန်ဖွံ့ဖြိုးရေး အတွက်
ဝိုင်းဝန်းကူညီကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်” လို့ သမ္မတကြီးကတော့ သူ့ရဲ့ မိန့်ခွန်းမှာ ထည့်ပြောထားတာပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေက
သမ္မတအား အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များနှင့်အညီ ပြည်သူတွေရဲ့အသက်
အိုးအိမ်စည်းစိမ်အား အတတ်နိုင်ဆုံးအကာအကွယ်ပေးသွားလို့လည်း သမ္မတကြီးက
ပြောကြားထား ပါတယ်။
1 comments:
မြန်မာပြည်မှာ ကုလားတွေ ဘယ်လိုစီးပွားရှာနေတယ်ဆိုတာ ဒီပြဿနာက သက်သေ ပြနေတယ်လို့ ထင်ပါတယ်။ အဲဒိအချိန်မှာ တန်ရာတန်ကြေး ပေးပြီး သမာအာဇီဝ ကျကျ သာ စီးပွားရှာမယ် ဆိုရင် ဒီပြဿနာတွေ ဖြစ်လာစရာ အကြောင်း မရှိပါဘဘူး။ အခုတော..........?
သမာအာဇီဝ ဆိုတဲ စကားရဲ အဓိပ္ပာယ်ကို မသိရင် ကုလားတွေ မြန်မာနိုင်ငံမှာ စီးပွားမရှာသင့်ဘူး။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်