From :
..သမ္မတရုံး
..
www.MyanmarExpress.net
နေပြည်တော် မတ်လ၂၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ Mr. Evan Greenberg
အားယနေ့ညနေ (၄) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်
ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတ နှင့်အတူ
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်၊ ဘဏ္ဍာရေးနှင့်
အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်၊ အမျိုးသားစီမံကိန်းနှင့်
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး
ဒေါက်တာကံဇော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။
တွေ့ဆုံရာ၌ အမေရိကန်-အာဆီယံကုန်သွယ်မှု မြှင့်တင်ရေး၊
မြန်မာနိုင်ငံတွင် ရေနံ၊ သဘာဝဓာတ်ငွေ့၊ သစ်တော၊ သတ္တု၊ ဘဏ္ဍာရေးနှင့်
ငွေကြေးကဏ္ဍ၊ အာမခံလုပ်ငန်းကဏ္ဍများတွင် ခိုင်မာသော ကတိကဝတ်များဖြင့် ရေရှည်
ရင်းနှီးမြှုပ်နှံနိုင်ရေး၊ အရင်းအနှီးသာမက နည်းပညာ၊ အသိပညာ
သင်ကြားလေ့ကျင့်မှုများကိုပါ တစ်ပါတည်း အကောင်အထည်ဖော် ဆောင်ရွက်ရေး
ကိစ္စများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်