From :
..သမ္မတရုံး
..
www.MyanmarExpress.net
နေပြည်တော် ဧပြီ ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ဇနီး ဒေါ်ခင်ခင်ဝင်း သည်
စင်္ကာပူသမ္မတနိုင်ငံသမ္မတ H.E. Dr. Tony Tan Keng Yam ၏ဇနီး Mrs. Mary Tan
ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၄ နာရီ ၁၅
မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းဆောင်၌ လက်ခံ
တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်၏ဇနီး ဒေါ်ခင်ခင်ဝင်းနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ဇနီး ဒေါ်လင်းလင်းတင်၊ ဟိုတယ်နှင့်
ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဋ္ဌေးအောင် ၏ဇနီး
ဒေါ်ချော၊ စင်ကာပူသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး
ဦးတင်ဦးလွင် ၏ဇနီး ဒေါ်မေမြင့်မောင်နှင့် သမ္မတရုံးမှ တာဝန်ရှိသူများ
တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် စင်ကာပူ
သမ္မတနိုင်ငံတို့တွင် သက်ကြီးရွယ်အို ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ
ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေး
လုပ်ငန်းဆောင်ရွက်ပေးနေမှု အခြေအနေများ၊ မိခင်နှင့်ကလေး
ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊
နှစ်နိုင်ငံ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍ အခြေအနေများနှင့် စပ်လျဉ်း၍
ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
2 comments:
ပြည် သူ ကိုချစ် တယ် ဆို ပြည် သူ ကို သ နား တယ် ဆို ပြည် သူ ကို တန် ဘိုး ထား တယ် ဆို ပြည် သူ တွေ ရဲ့ ဘဝ တွေ ကို မြှင့် တင် ပေး မယ် ဆို
ပြည် သူ တွေ ထဲ က ပြည် သူ တ ယောက် ပါ ဒီ မို က ရေ စီ စ နစ် ရောက် ပြီ လို့ ပြော ကြ ပေ မဲ့ ကျ နော် အ မြင် တော့ အောက် ခြေ မှာ ဘာ မျှ မ ပြောင်း ပါ ယ ခင် အ တိုင်း ပါ ဘဲ
သမ္မ တ နှင့် လွတ် တော် အ မတ် များ တိုင်း ပြည် ကို ချစ် ပါ သ လား ပြည် သူ တွေ သ နား ပါ သ လား ပြည် သူ တွေ က တင် ပြ တာ ရေး ပြ တာ ကို အ လေး ထား ပြိး ဖတ် ကြပါ ဆွေး နွေး ကြ ပါ အုးံ
တိုင်း ပြည် လို အပ် ချက် လစ် ဟာ ချက် ဖြင့် ပျက် နေ တာ တွေ ကို ပြည် သူ တွေ ပြော တဲ့ အ သံ ကို နား ထောင် သင့် တယ်
တိုင်း ပြည် ရဲ့ အောက် ချေ မှာ ဘာ မျှ မ ပြောင်း လဲ ပါ ယ ခင် အ တိုင် ပါ ဘဲ ပြည် သူ တွေ ဘဝ က တော့ နင်း ပြား ဘဝပါ ဘဲ အောက် ချေ ကို ပြု ပြင် ပြောင်း လဲ ကြ ပါ
စင်္ကာပူသက်ကြီးရွယ်အိုများအားစောင့်ရှောက်မှူ.။မိခင်နှင်ခလေးစောင့်ရှောက်
မှု ဘာတွေလဲ တော်တော်ရယ်ရတာပဲ. စင်္ကာပူဆိုတာလဲတရုတ်ပဲနော်
သတိတော့ထားပါ.ဗမာပြည်ကိုမတိုးတက်လေကြိုက်လေဆိုတာစင်ကာပူပဲ
စင်ကာပူကလက်ရှိဘာစနစ်လဲ။မြန်မာနိုင်ငံကိုဘယ်လိုသဘောထားလဲ
အဲဒါကိုမသိတာလား မသိချင်ဟန်ဆောင်တာလား။ဘယ်တုန်းကမှမလာခဲ့တာ
အခုတော့လာကြပြီ။ခွေးဦးနှောက်နဲံ့တိုင်းပြည်ခေါင်းဆောင်များသတိထားကြ
ပါ.စကားတွေ ကတိတွေကကျွံကြစေနဲ့။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်