From :
..သမ္မတရုံး
.
. www.MyanmarExpress.net
နေပြည်တော် ဧပြီ ၁
မြန်မာနိုင်ငံတွင် ချစ်ကြည်ရေးခရီး လည်ပတ်ရန်
နေပြည်တော်သို့ ရောက်ရှိနေသည့် စင်ကာပူသမ္မတနိုင်ငံ သမ္မတ
ဒေါက်တာတိုနီတန်ကင်ယမ်း နှင့်ဇနီးတို့အား နိုင်ငံတော် သမ္မတဦးသိန်းစိန် က
ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားကို ယနေ့ ညနေ(၄)နာရီတွင် နေပြည်တော်ရှိ
နိုင်ငံတော်သမ္မတ အိမ်တော် ဥပစာမြက်ခင်းပြင်၌ ကျင်းပသည်။
ဧည့်သည်တော် စင်ကာပူသမ္မတနိုင်ငံ
သမ္မတနှင့်ဇနီးတို့သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ရန်
နိုင်ငံတော်သမ္မတ အိမ်တော်သို့ မော်တော်ယာဉ် များဖြင့် ရောက်ရှိ လာရာ
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီးတို့က ရင်းနှီးခင်မင်စွာ ကြိုဆို
နှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်
စင်ကာပူသမ္မတနိုင်ငံသမ္မတတို့သည် အလေးပြုခံစင်မြင့်သို့သွားရောက်ကြပြီး
ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြသည်။ ထိုအချိန်တွင် နိုင်ငံတော်
တီးဝိုင်းက စင်ကာပူသမ္မတနိုင်ငံနှင့် ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်တို့၏ နိုင်ငံတော်သီချင်းများကို ဂုဏ်ပြုတီးမှုတ်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် စင်ကာပူသမ္မတနိုင်ငံသမ္မတတို့သည် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတအား
စင်ကာပူသမ္မတနိုင်ငံသမ္မတက ၎င်းနှင့်အတူ လိုက်ပါ လာသည့် ချစ်ကြည်ရေး
ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတကလည်း ၎င်းနှင့်အတူကြိုဆို
နှုတ်ဆက်ကြသည့် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊
ဦးသိန်းညွန့်၊ ဦးတင်နိုင်သိန်း၊ ဒေါက်တာကံဇော်၊ ဦးကျော်လွင်၊
ဦးဌေးအောင်နှင့် စင်ကာပူသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး
ဦးတင်ဦးလွင်တို့အား စင်ကာပူသမ္မတနိုင်ငံ သမ္မတနှင့် ပြန်လည် မိတ်ဆက်
ပေးသည်။
အဆိုပါဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားတွင်
နှစ်နိုင်ငံသမ္မတတို့အား နေပြည်တော် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းမှ
ကင်းထောက်လူငယ် မောင်မယ်များကလည်း နှစ်နိုင်ငံ အလံငယ်များ ဝှေ့ယမ်း၍
ဂုဏ်ပြု ကြိုဆိုခဲ့ကြသည်။
. www.MyanmarExpress.net
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်