Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနား

From : ..သမ္မတရုံး

နေပြည်တော် ဧပြီ ၃ဝ

နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏ လူမှုစီးပွားရေး ဘက်စုံ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရာ၌ စွမ်းဆောင်ရည်ရှိသော အဖွဲ့အစည်းများနှင့် လူ့စွမ်းအား အရင်းအမြစ်များ တိုးတက်ပေါ်ထွန်းရေးအတွက် ရည်ရွယ်လျက် ယနေ့ ညနေပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ညီလာခံ ခန်းမကြီး၌ နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

အဆိုပါ နိုင်ငံ့စွမ်းဆောင်ရည်ဆုများ ချီးမြှင့်နိုင်ရန် လုပ်ငန်းကော်မတီ သုံးခုဖွဲ့စည်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပဏာမ ရွေးချယ်ပေးပို့လာသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား နိုင်ငံတော်သမ္မတရုံး၏ လမ်းညွှန်ချက်နှင့်အညီ အကဲဖြတ်မှု မှန်ကန်စေရေးအတွက် သတင်းမီဒီယာများနှင့်တကွ ကွင်းဆင်း စိစစ်အကဲဖြတ်ခြင်းနှင့် ညှိနှိုင်းအစည်းအဝေးများ ကျင်းပ၍ အကြိမ်ကြိမ်အခါခါ စိစစ်ပြီးမှသာ သက်ဆိုင်ရာ ကဏ္ဍအလိုက် နိုင်ငံတော်ကို အကျိုးပြုမည့် နိုင်ငံ့စွမ်းဆောင်ရည်ဆု ရရှိသူများကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ညနေ ၅ နာရီတွင် စတင်ကျင်းပရာ ဒီမိုကရေစီ နိုင်ငံရေးစနစ်၏ အသက်ဝိညာဉ်သည် တရားဥပဒေ စိုးမိုးရေးဖြစ်ပြီး တရားဥပဒေစိုးမိုးမှ တည်ငြိမ်အေးချမ်းမည် ဖြစ်ပါကြောင်း၊ တည်ငြိမ် အေးချမ်းမှ လူမှုစီးပွားရေးဘဝ တိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ အခမ်းအနားကို ကြွရောက်ချီးမြှင့်ကြသူများ အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဟု ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါကြောင်း။

ယခု အခမ်းအနားသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် မိမိတို့ကျရာ အခန်းကဏ္ဍမှ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များကို နိုင်ငံတော်အနေဖြင့် နိုင်ငံ့စွမ်းဆောင်ရည်ဆုများကို ချီးမြှင့်အပ်နှင်း သွားမည့် အခမ်းအနား ဖြစ်ပါကြောင်း။

နိုင်ငံ့စွမ်းဆောင်ရည်ဆုကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ တိုးတက်အောင် စွမ်းဆောင်ကြမည့် စီးပွားရေး စွမ်းဆောင်ရှင်များ၊ လူမှုရေး စွမ်းဆောင်ရှင်များ တိုးပွား ပေါ်ထွန်းလာစေရန်နှင့် ဈေးကွက် စီးပွားရေး စနစ်နှင့်အညီ ပုဂ္ဂလိက ကဏ္ဍ ပြောင်းလဲတိုးတက်ဖွံ့ဖြိုးရေး အားပေးမြှင့်တင် ဆောင်ရွက်ရန်ရည်ရွယ်ပြီး ချီးမြှင့်ခြင်း ဖြစ်ပါကြောင်း။

အခမ်းအနားတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ထုတ်လုပ်သူ တောင်သူ လယ်သမားအဆင့်မှ လုပ်ငန်းရှင်များ အဆင့်အထိ စွမ်းဆောင်ရှင်များ၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများမှ ပို့ကုန်လုပ်ငန်းရှင်များအထိ စွမ်းဆောင်ရှင်များ၊ အခွန်ပေးဆောင်မှု တာဝန်အကျေဆုံး လုပ်ငန်းရှင်များ၊ အများပြည်သူအတွက် သက်စွန့်ကြိုးပမ်း စွမ်းဆောင် ခဲ့ကြသူများ၊ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမား စွမ်းဆောင်ရှင်များကို စိစစ်ရွေးချယ်ပြီး နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင် ရည်ဆု ချီးမြှင့်သွားမည် ဖြစ်ပါကြောင်း။

ထို့ပြင် အထူးအစီအစဉ်အနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသော ဘာသာပေါင်းစုံ အဖွဲ့အစည်းအပါအဝင် ဘာသာရေးအတွက် သာမက လူမှုရေးအတွက်ပါ အားသွန်ခွန်စိုက် မနားမနေ ကြိုးစားဆောင်ရွက် နေသည့် ရဟန်းသံဃာများ၊ ဆင်းရဲနွမ်းပါးသူများနှင့် ကိုယ်လက်အင်္ဂါ ချို့တဲ့သူများကို စောင့်ရှောက် ကူညီပေးနေသည့် ရဟန်းသံဃာနှင့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများကိုလည်း နိုင်ငံတော်က ဂုဏ်ပြုသည့်အနေဖြင့် ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ပါကြောင်း။

မိမိတို့အစိုးရသည် ဒီမိုကရေစီ နိုင်ငံတော်သစ်အဖြစ် ပြုပြင်ပြောင်းလဲ တည်ဆောက်ရမည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး တာဝန်ကြီးကို ပြည်သူများနှင့်အတူ လက်တွဲ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည့်အတွက် ကမ္ဘာ့နိုင်ငံများက မြန်မာကို အသိအမှတ်ပြု လေးစား ဆက်ဆံလာကြပြီး ကမ္ဘာ့မျက်နှာစာတွင် မြန်မာတို့၏ ဂုဏ်သိက္ခာကို မြှင့်တင် နိုင်ခဲ့ကြ ပါကြောင်း။

တစ်ချိန်တည်း၌ပင် ဒုတိယအဆင့်ဖြစ်သော စီးပွားရေးပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အခြားနိုင်ငံများနည်းတူ ကာလတို၊ ကာလရှည် စီမံကိန်းများရေးဆွဲပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤသို့ ဆောင်ရွက်ရာတွင် အစိုးရက ဆောင်ရွက် ပေးရမည့်အပိုင်း၊ ပုဂ္ဂလိကကဏ္ဍက ကြိုးပမ်းဆောင်ရွက်ရမည့်အပိုင်း၊ အစိုးရနှင့်  ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရမည့်အပိုင်း၊ နိုင်ငံတကာနှင့် ဆက်ဆံဆောင်ရွက်ရမည့် အပိုင်းများ ပါဝင်သည့်အတွက် သူ့အပိုင်းနှင့် သူ ထိထိရောက်ရောက် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အစိုးရက လိုအပ်သည့် မူဝါဒနှင့် စီမံကိန်းများ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများ ရေးဆွဲပြီး တိုင်းရင်းသားလုပ်ငန်းရှင်များ လုပ်သာ ကိုင်သာ ရှိအောင် ဖြေလျှော့စီမံပေးရမည် ဖြစ်သကဲ့သို့ လက်တွေ့အကောင်အထည်ဖော် ရာတွင်လည်း ငွေကြေးအရင်းအနှီးနှင့် နည်းပညာ ရရှိရေး၊ စွမ်းဆောင်ရည် ပြည့်ဝသည့် လူ့အရင်းအမြစ် လေ့ကျင့်ပြုစုပျိုးထောင်ရေးနှင့် ဈေးကွက်ဝင်ရောက် ယှဉ်ပြိုင်နိုင်စွမ်း ရှိရေးတို့ကို ကြိုးပမ်းဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း။

လက်ရှိ မြန်မာနိုင်ငံစီးပွားရေးတွင် ပုဂ္ဂလိကပိုင် အခန်းကဏ္ဍ၊ သမဝါယမ အဖွဲ့အစည်း အခန်းကဏ္ဍနှင့် နိုင်ငံပိုင် အခန်းကဏ္ဍတို့၏ ပါဝင်မှု အချိုးအစားကိုကြည့်လျှင် အသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး စုစုပေါင်းတွင် ပုဂ္ဂလိကပိုင် ၉၁ ဒသမ ၇ ရာခိုင်နှုန်း၊ သမဝါယမ အဖွဲ့အစည်း ၁ ဒသမ ၂ ရာခိုင်နှုန်း၊ နိုင်ငံပိုင် ၇ ဒသမ ၁ ရာခိုင်နှုန်း ပါဝင်သည်ကို တွေ့ရှိရပါကြောင်း။

ပုဂ္ဂလိကကဏ္ဍသည် နိုင်ငံ့စီးပွားရေးတွင် အများဆုံးပါဝင်နေသည့် အတွက် ပုဂ္ဂလိက ကဏ္ဍစွမ်းဆောင်ရည် မြင့်မားလာအောင် အားပေးမြှင့်တင် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ခြင်းသည် ပုဂ္ဂလိက ကဏ္ဍအတွက် အနာဂတ် စွမ်းဆောင်ရည်ပြည့်ဝသော လူ့အရင်းအမြစ်များ တိုးပွားလာအောင် အားပေး မြှင့်တင်ရန်နှင့် ပြည်သူ့စွမ်းအားဖြင့် နိုင်ငံတော်ကို တည်ဆောက်သွားနိုင်ရန်ပင် ဖြစ်ပါကြောင်း။

ကောင်းမွန်သော စီးပွားရေးဝန်းကျင် ဖန်တီးရေးနှင့် မေခရို စီးပွားရေး တိုးတက် ကောင်းမွန်ရန်၊ ကုန်ပစ္စည်း ဈေးကွက်နှင့် ငွေကြေး အရင်းအနှီး ဈေးကွက် ကောင်းမွန်စွာ လည်ပတ်ရေး လိုအပ်ခြင်းကြောင့် ဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုကို အလေးထား စီမံဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

လက်ရှိ မြန်မာ့ကုန်ပစ္စည်း ဈေးကွက်ကို လေ့လာသုံးသပ်လျှင် ကုန်သွယ်မှုတွင် တရားဝင် တင်သွင်းခွင့် ပေးထားပြီး ဖြစ်သော ပစ္စည်းများကို မမှန်မကန် အကျိုးအမြတ်ရလိုမှုနှင့် အခွန် တိမ်းရှောင် မှောင်ခိုတင်သွင်းမှုများကြောင့် မှန်မှန်ကန်ကန် အခွန်ဆောင် တင်သွင်းသူများ အနေဖြင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ဘဲ ဈေးကွက် ပျက်ပြားနေသည့် အခြေအနေများ၊ တင်သွင်းလာသော ကုန်ပစ္စည်း အရည်အသွေး မမှန်ကန်သဖြင့် စားသုံးသူ ပြည်သူ ကျန်းမာရေးထိခိုက်စေမည့် အန္တရာယ်များ ရှိနေခြင်းကြောင့် ယှဉ်ပြိုင်မှု ဥပဒေ၊ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေများ ရေးဆွဲပြဋ္ဌာန်းရန်နှင့် အခွန်စနစ် ခေတ်မီတိုးတက်ရေး စီစဉ်နေသကဲ့သို့ ပုဂ္ဂလိက ကဏ္ဍ၌လည်း စီးပွားရေးကျင့်ဝတ်နှင့် စည်းမျဉ်းဥပဒေ လေးစားလိုက်နာတတ်ပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်မျိုး ရှိလာအောင် စိတ်ထား (Mindset) များ ပြုပြင်ပြောင်းလဲရေးအတွက် ပုဂ္ဂလိက ကဏ္ဍ ပြောင်းလဲတိုးတက် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ကို စနစ်တကျ စီမံဆောင်ရွက်သွားရန် လိုအပ်လာပြီဖြစ်ပါကြောင်း။

လက်ရှိအခြေအနေတွင်မူ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ စိုက်ပျိုးမွေးမြူ ထုတ်လုပ်မှုကဏ္ဍ အရှိန်အဟုန် နှေးကွေး ရခြင်း၏ အကြောင်းတစ်ရပ်သည် ဈေးကွက် ဖွံ့ဖြိုးမှုမရှိခြင်းပင် ဖြစ်ပါကြောင်း၊ အလားတူ ထုတ်လုပ်ကုန်ကျစရိတ်နှင့် အကျိုးအမြတ် တွက်ခြေမကိုက်ရသည့် အကြောင်းတစ်ရပ်သည် ကြားအဆင့်ဆင့် ကုန်ကျမှု (Transaction Cost) များနေမှုကြောင့် ဈေးကွက် ပေါက်ဈေးအတိုင်း ငွေကြေး ရသင့်သလောက်မရသည့် အချက်ဖြစ်ပါကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်၍ ထုတ်လုပ်မှု ကွင်းဆက် အချိတ်အဆက်မိအောင် ကန်ထရိုက်ထုတ်လုပ်မှု၊ ပုံမှန်ရောင်းသူ ဝယ်သူ ချိတ်ဆက်မှုများကို ဖြစ်နိုင်ခြေရှိသည့် လုပ်ငန်းနယ်ပယ်၊ ဖြစ်နိုင်ခြေရှိသည့် ဇုန်များ ထူထောင်ပြီး ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

မိမိတို့ အစိုးရတာဝန်ယူခဲ့သည့် နှစ်နှစ်တာကာလတွင် နိုင်ငံစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် နိုင်ငံတကာ ဆက်ဆံရေးတွင် သာမက စီးပွားရေးကဏ္ဍကိုပါ တံခါးဖွင့်ပေးထားခဲ့ပြီး ဖြစ်သော်လည်း မိမိတို့၏ ပုဂ္ဂလိကကဏ္ဍသည် ဤနှစ်နှစ် အတွင်းတွင် အားယူနေရဆဲ အခြေအနေ၌ပင် ရှိနေသေးသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း။

ကမ္ဘာ့အခြေအနေနှင့် မြန်မာ့အခြေအနေ လျင်မြန်စွာ ပြောင်းလဲဖြစ်ပေါ်မှုသည် ပုဂ္ဂလိကကဏ္ဍ အသင့်ဖြစ်မှုနှင့် ကြိုးစားအားထုတ် လုပ်ကိုင်နိုင်မှု စွမ်းဆောင်ရည်ကို ပြန်လည်သုံးသပ်စီမံရန် တွန်းအားများ ဖြစ်ပေါ်လာခဲ့ပါကြောင်း၊ ထိုတွန်းအားများမှာ ယခင် တံခါးပိတ်နေခဲ့ရာမှ တံခါးဖွင့်လိုက်သည့်အချိန်တွင် နိုင်ငံတကာကို ထွက်ပြီး ကူးလူးဆက်ဆံ စီးပွားရှာနိုင်အောင် ကြိုးစား ကြရမည် ဖြစ်သကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သော အရင်းအနှီးနှင့် နည်းပညာ စီးဝင်လာရေးအတွက် နိုင်ငံတကာက ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံ ကုန်သွယ်မှုကို လက်ခံဆောင်ရွက်ကြရမည့် အချိန်အခါ ဖြစ်ပါကြောင်း။

ဒေသတွင်း၌လည်း အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုအတွက် တိုင်းရင်းသား လုပ်ငန်းရှင်များ ထိခိုက်မှု မရှိအောင်နှင့် ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် ပြင်ဆင် ကြိုးပမ်းရမည့် အချိန်ကာလသည်လည်း နီးကပ်နေပြီ ဖြစ်ပါကြောင်း၊ စီးပွားရေး ပိတ်ဆို့မှု ရှိစဉ်က ထုတ်လုပ်တင်ပို့ ရောင်းချခြင်းကို မြှင့်တင်နိုင်ခြင်း မရှိခဲ့သော်လည်း ယခုအခါ စီးပွားရေး ပိတ်ဆို့မှုများ အဆင့်လိုက် ရုပ်သိမ်းပေးနေပြီဖြစ်သဖြင့် ယင်းအခွင့်အရေးကို အကျိုးရှိစွာ အသုံးပြုပြီး ထုတ်လုပ်မှု မြှင့်တင်ရေးနှင့် ချိတ်ဆက် တင်ပို့ရောင်ချနိုင်မှု ရှိရေး အသင့်ရှိအောင် ပြင်ဆင်ဆောင်ရွက်ရန် အချိန်ရောက်နေပြီ ဖြစ်ပါကြောင်း။

ဤသို့ လျင်မြန်စွာပြောင်းလဲနေသော အခြေအနေအပေါ်တွင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန်ဖြင့် စနစ်တကျစီမံ အားပေးမြှင့်တင်ဆောင်ရွက်ရန် လိုအပ်လာခြင်းကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေစဉ် တစ်ပြိုင်တည်းတွင် ပုဂ္ဂလိကကဏ္ဍပြောင်းလဲ တိုးတက်ဖွံ့ဖြိုးရေး (Private Sector Development Reform) လုပ်ငန်းစဉ်ကို မိမိတို့ အစိုးရ၏ စတုတ္ထအဆင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အဖြစ် သတ်မှတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် လုပ်ငန်းကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ယူထားသော ဝန်ကြီးဌာန အသီးသီးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး တာဝန်ယူထားသော တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအသီးသီးက စီမံပံ့ပိုးရမည့် လုပ်ငန်းများရှိသကဲ့သို့ အစိုးရဌာနများနှင့် ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းများစွာ ပါဝင်သည့်အတွက် အစိုးရဌာနများက ကမကထပြုပြီး ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲတိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ အစိုးရ၊ ပုဂ္ဂလိက ညှိနှိုင်း ဆွေးနွေးမှုများကို အမြန်ဆောင်ရွက်ကြရန်နှင့် အားပေးမြှင့်တင် ဆောင်ရွက်မည့် အစီအမံများ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းအပ် ပါကြောင်း။

စီးပွားရေးနှင့်လူမှုရေး ပြုပြင်ပြောင်းလဲမှု အခြေခံမူဘောင်ကို မူဝါဒချမှတ်ရေးဆွဲထားပြီး ဖြစ်ပါကြောင်း၊ ယင်းအခြေခံ မူဘောင်ထဲတွင် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကို အလေးထား စီမံ ဆောင်ရွက်မည် ဖြစ်သည့်အတိုင်း ယခုဆိုလျှင် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖြစ်ပေါ်ရောက်ရှိအောင် အစိုးရ ယန္တရား ပြုပြင်ပြောင်းလဲမှု အစိတ်အပိုင်းတစ်ရပ်အဖြစ် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်ထိ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများ ပူးပေါင်းပါဝင်ဆောင်ရွက်သည့် ပြည်သူလူထု ဗဟိုပြုအုပ်ချုပ်မှုစနစ်ကို စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ပါကြောင်း၊ ထိုသို့ ပြည်သူလူထုဗဟိုပြုသည့် မူဝါဒလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရသည့် အကြောင်း အရင်းမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဘာသာမျိုးစုံ မှီတင်းနေထိုင်ကြသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး၏ နိုင်ငံသားအားလုံး ပါဝင် ဆောင်ရွက်နိုင်ရန် ဖြစ်ပါကြောင်း။

အစိုးရအနေဖြင့် တရားဥပဒေ စိုးမိုးရေးကို ထိရောက်စွာ ကိုင်တွယ် ဆောင်ရွက်နေသကဲ့သို့ ပြည်သူများကလည်း ဥပဒေကို လေးစားလိုက်နာ ကြရမည်ဖြစ်ပါကြောင်း၊ လူအုပ်စုဖွဲ့ အကြမ်းဖက်မှုများနှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် သွေးထိုးလှုံ့ဆော်မှုများကိုလည်း ပြည်သူများက ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် ပြည်သူ့ဘဝ လုံခြုံမှုအတွက် ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း။

မိမိတို့နိုင်ငံသည် အဘက်ဘက်တွင် များစွာနောက်ကျကျန်နေပါကြောင်း၊ သို့သော်လည်း အချိန်မနှောင်းသေးပါကြောင်း၊ မိမိတို့နိုင်ငံ တည်ငြိမ်အေးချမ်းရန်၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်၊ မိမိတို့ကိုယ်တိုင် စည်းစည်းလုံးလုံးဖြင့် ကြိုးစားအလုပ် လုပ်ကြမှသာ အခြားနိုင်ငံများကို ရင်ပေါင်တန်းနိုင်မည် ဖြစ်ပါကြောင်း၊ ပြင်းထန်သည့် စိတ်ဓာတ် အစွဲများကို ပဋိပက္ခဖြစ်မည့် နေရာများတွင် မသုံးဘဲ ညီညီညွတ်ညွတ်ဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အသုံးချမည်ဆိုလျှင် မိမိတို့အမြန်တိုးတက်မည် ဖြစ်ပါကြောင်း၊ မတော် လောဘရလိုသည့် စိတ်များ၊ အချောင်ရလိုသည့် စိတ်များကို ဖျောက်ကြ ရမည် ဖြစ်ပါကြောင်း။

နိုင်ငံ့စွမ်းဆောင်ရည်ဆုနှင့် နိုင်ငံ့စွမ်းဆောင်ရည် ဂုဏ်ပြုလက်မှတ် ချီးမြှင့်ခြင်း ခံရသူများကလည်း မိမိတို့ နယ်ပယ်ဒေသ အလိုက် ဖွံ့ဖြိုးတိုးတက်မှုတွင် စံနမူနာပြ ဦးဆောင်ကြရန်၊ မိမိတို့ လုပ်ဖော်ကိုင်ဖက်များ တိုးပွားလာအောင်၊ စုပေါင်းလုပ် ဆောင်တတ်သည့် အလေ့အကျင့်များ ပွားများအောင် ကြိုးပမ်းဆောင်ရွက် ပေးကြရန်နှင့် ပြည်သူ့စွမ်းအားဖြင့် နိုင်ငံတော်ကို တည်ဆောက်ကြပါစို့ဟု ပြောကြားရင်း နိဂုံးချုပ်အပ်ပါ ကြောင်းဖြင့် ပြောကြားခဲ့သည်။

ယင်းနောက် ဘာသာရေး အဖွဲ့အစည်းများမှ ရဟန်းသံဃာ၊ လူပုဂ္ဂိုလ်/ အဖွဲ့အစည်း များအား အထူးအစီအစဉ်ဖြင့် ချီးမြှင့်သော နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိကြသည့် စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် ဒေါက်တာ ဘဒ္ဒန္တဥာဏိဿရ ရန်ကုန်တိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပဋိပတ္တိမဟာ ဌာနမှူး ပါမောက္ခဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ၊ မန္တလေးတိုင်းဒေသကြီး အောင်မြေ သာစံမြို့နယ် ဒေါနဘွား ရပ်ကွက်ရှိ ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးတွဲဖက်အထက် တန်းကျောင်း၊ ဗိုလ်တထောင်မြို့နယ် မဟာဗန္ဓုလလမ်း အမှတ်(၂၆၃)ရှိ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့နှင့် ဒဂုံမြို့နယ် သံတမန်လမ်း၊ အမှတ်(၂) ရှိ မေရီချက်ပ်မင်း နားမကြားသော ကလေးများ ကျောင်းတို့နှင့် ပတ်သက်၍ ဆုချီးမြှင့်ရခြင်း အကြောင်းအရင်းများကို Video Clips ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ဒေါက်တာ ဘဒ္ဒန္တဥာဏိဿရ၊ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒနှင့် ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေး တွဲဖက်အထက်တန်း ကျောင်းအတွက် ဘဒ္ဒန္တနာယကတို့အား နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်များ ဆက်ကပ်သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ရရှိသူများ၏ စွမ်းဆောင်ချက် များနှင့်စပ်လျဉ်း၍ အခမ်းအနားမှူးများက ဆုတစ်ခုချင်းအလိုက် အနှစ်ချုပ် ထုတ်နုတ် တင်ပြပြီး သက်ဆိုင်ရာဆု ချီးမြှင့်ရေး လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက နိုင်ငံ့စွမ်းဆောင်ရည်ဆုရရှိသူနှင့် ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူများ၏ အမည်စာရင်း များကို ရှင်းလင်းချက် များနှင့်တကွ ကြေညာဆောင်ရွက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်း ဆောင်ရည်ဆု ရရှိသူများအား ဆုများချီးမြှင့်ပေးအပ်ရာ စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး တောင်သူလယ် သမားဆုအတွက် ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် သုံးခွကျေးရွာအုပ်စု ပဲနွတ်ကျေးရွာမှ ဦးသိန်းမြင့်၊ စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆုအတွက် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်မှ ပင်လယ်ကိုးသွယ် ကုမ္ပဏီ လီမိတက် ပိုင်ရှင် ဦးအောင်သန်းဦး၊ မွေးမြူထုတ်လုပ်မှု အကောင်းဆုံး လူပုဂ္ဂိုလ်ဆုအတွက် ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် နောင်ကုန်ကျေးရွာမှ ဦးကျမော့၊ မွေးမြူထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆုအတွက် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် တောမကျေးရွာမှ ဦးခင်မောင်ဝင်း၊ ရေထွက်ပစ္စည်း မွေးမြူ ထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆုအတွက် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ပထော်ပထက်ကျွန်းမှ ဦးလှသန်း၊ အများပြည်သူ ဘေးအန္တရာယ် ကျရောက်မှုအား သက်စွန့်ကြိုးပမ်း ကယ်တင်စွမ်းဆောင်သူဆုအတွက် လသာမြို့နယ် အရန်မီးသတ် ဒုတိယတပ်ရင်းမှူး ရဲကျော်စွာအောင်လှ၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားစွမ်းဆောင်ရည် အကောင်းဆုံးဆု အတွက် ဆုတံဆိပ် (၅၂) ဆုရှင် မြားပစ် အားကစားမယ် မအောင်ငှိမ်း၊ အကောင်းဆုံး ပို့ကုန်လုပ်ငန်းရှင်ဆုအတွက် ဧရာဝတီတိုင်း ဒေသကြီးမှ Golden Delta Co., Ltd ပိုင်ရှင် ဦးချစ်ခိုင်၊ တန်ဖိုးမြင့် ထုတ်ကုန် အကောင်းဆုံး ထုတ်လုပ်ရောင်းချနိုင်သည့် စီးပွားရေး လုပ်ငန်းရှင်ဆုအတွက် နေရှင်နယ် ဝုဒ်အင်ဒက်စတွီ လီမိတက်ပိုင်ရှင် ဦးကျော်ဝင်း၊ နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာ တာဝန်အများဆုံး သယ်ပိုးထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင်ဆုအတွက် ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ ထုတ်လုပ်ရောင်းချမှု အကောင်းဆုံးအသေးစား စီးပွားရေး လုပ်ငန်းရှင်ဆုအတွက် သဇင်နွယ် မိသားစုရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် ပိုင်ရှင် ဒေါ်သန်းသန်းဆွေ၊ ထုတ်လုပ်ရောင်းချမှု အကောင်းဆုံး အလတ်စား စီးပွားရေး လုပ်ငန်းရှင်ဆုအတွက် သံရည်ကျိုလုပ်ငန်းရှင် ဦးအေးဝင်း၊ အထူးအစီအစဉ်ဖြင့် နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်လက်မှတ် ရရှိကြသည့် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ကိုယ်စား ဦးစိန်ဝင်းအောင်နှင့် မေရီချက်ပ်မင်း နားမကြားသော ကလေးများကျောင်း ကိုယ်စား ဦးဒေါ်ညွန့်ညွန့်သိန်းတို့က လက်ခံရယူကြသည်။

စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး တောင်သူလယ်သမားဆုရရှိသည့် ဦးသိန်းမြင့်က ''ကျွန်တော်က နှစ်ပေါင်း ၅ဝ လယ်ယာလုပ်ငန်း လုပ်ခဲ့တဲ့သူပါ။ ကျွန်တော့်အသက် ၂ဝ အရွယ်ကတည်းက လုပ်လာတာပါ။ ဒီနေ့ ကျွန်တော်ရရှိတဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ စွမ်းဆောင်ရည်ဆုဟာ ရှေးယခင်ကတတည်းက ကြိုးစားခဲ့တဲ့ အချက်က အဓိကဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ လယ်မြေဧက ၁ဝဝဝ ကို ချုံနွယ်တွေ၊ သစ်ငုတ်တွေနဲ့ ကိုင်းတောကြီး ဖြစ်နေတဲ့ အနေအထားကနေ သတ်မှတ်ကာလ ငါးနှစ်အတွင်းရှင်းလင်းပြီး စိုက်ပျိုးလုပ် ကိုင်ခဲ့တာဖြစ်ပါတယ်။

ကျွန်တော်တို့ဒေသမှာ ကျန်တဲ့တောင်သူတွေကိုလည်း ကျွန်တော့်လို ကြိုးစားချင် လာအောင် စံပြဆောင်ရွက်နေပါတယ်။ ကျွန်တော့်အနေနဲ့ မြေလွတ်မြေလပ် ဧက ၁ဝဝဝ ကို ချုံနွယ်ပိတ်ပေါင်းတွေ ရှင်းလင်းပြီး စိုက်ပျိုးနိုင်ခဲ့တာရယ်၊ အဲဒီဧက ၁ဝဝဝ ကို အဆင့်မြင့် လယ်ယာမြေ လုပ်မယ်ဆိုတဲ့ အချက်ရယ်၊ နောက်ပြီး ပတ်ဝန်းကျင်မှာရှိတဲ့ ဧက ၂ဝဝဝဝ ကိုလည်း အဆင့်မြင့် လယ်ယာဖြစ်အောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်မယ်ဆိုတဲ့ ရည်မှန်းချက်ရယ်၊ ဒါ့အပြင် ဒေသမှာ စပါး၊ ပဲနဲ့ အခြားသီးနှံတွေကို နိုင်ငံတော်က ရည်မှန်းချက်ထားတဲ့ အထွက်နှုန်းမျိုးရအောင် ဆောင်ရွက်နိုင်ခဲ့တဲ့ အချက်တွေကြောင့် ထိုက်ထိုက် တန်တန် ဆုချီးမြှင့်ခြင်းခံရတာလို့ ထင်ပါတယ်''ဟု ပြောပြခဲ့သည်။

ထို့ပြင် စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆု ရရှိသည့် ဦးအောင်သန်းဦး ကလည်း ''နိုင်ငံတော်သမ္မတကြီး ချီးမြှင့်တဲ့ နိုင်ငံ့စွမ်းဆောင်ရည်ဆု ရရှိတာ အင်မတန်မှ ဝမ်းသာပါတယ်။ ကျွန်တော်တို့ လုပ်ငန်းရှင်တွေ၊ တောင်သူတွေကို နိုင်ငံတော်အတွက် အကျိုးပြုတဲ့ စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံတော် အနေနဲ့ အခုလို အားပေးချီးမြှောက်တာ အားလုံးက ဝမ်းပန်းတသာနဲ့ ကြိုဆိုပါတယ်။

ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့တော့ လယ်ယာကဏ္ဍ၊ စပါးကဏ္ဍကို အဓိက တိုးတက်အောင် ဆောင်ရွက်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဆန်စပါးကို စိုက်ပျိုးထုတ်လုပ်သည်မှ နိုင်ငံခြားတင်ပို့ ရောင်းချရသည်အထိ Supply Chain တစ်ခု လုံးကို ဆောင်ရွက်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီက အထူးစပ်မျိုးစပါးတွေ၊ မျိုးစေ့ထုတ်တယ်၊ ပြီးရင် မျိုးကောင်း မျိုးသန့်တွေကိုလည်းပဲ စိုက်ပျိုးထုတ်လုပ်တယ်။ ပြီးရင် ခေတ်မီဆန်စက်ကြီးတွေနဲ့ ကြိတ်ခွဲတယ်။ ရိတ်သိမ်း ခြွေလှေ့တာကိုလည်း ရိတ်သိမ်း ခြွေလှေ့စက်တွေနဲ့ ရိတ်သိမ်းတယ်၊ စက်မှုလယ်ယာကို အပြည့်အဝ အသုံးပြုပြီးတော့ နိုင်ငံတော်ရဲ့ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

ဒါ့အပြင် ကျွန်တော်တို့အနေနဲ့ ၂ဝ၁၂ ခုနှစ်က ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဆန်စပါး ညီလာခံမှာလည်း မြန်မာနိုင်ငံက ပေါ်ဆန်းမွှေးကို ပထမရအောင် လုပ်နိုင်တဲ့အတွက် အခုလို ဂုဏ်ပြုဆု ချီးမြှင့်ခြင်းခံရတယ်လို့ မှတ်ယူပါတယ်။ ဒုတိယ အချက်အနေနဲ့ကတော့ တောင်သူတွေ စီးပွားရေးဘဝ ဖွံ့ဖြိုး တိုးတက်စေဖို့ အတွက် မျိုးကောင်းမျိုးသန့်သုံးစွဲတတ်အောင်၊ ဝင်ငွေတိုးတက်အောင် တစ်ဖက်တစ်လမ်းက ပံ့ပိုးတဲ့လုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။

ဒီလို ဆောင်ရွက်တဲ့နေရာမှာ တောင်သူတွေကို မျိုးစေ့၊ စိုက်စရိတ်၊ သွင်းအားစု ဒါတွေကို ပံ့ပိုးပြီးတော့ ဒီလိုပံ့ပိုးတဲ့ နေရာမှာလည်း လူတွေဆီက အတိုးမယူဘဲနဲ့ ငွေကြေး ပံ့ပိုးပေးတယ်။ ပြီးရင် သီးနှံကို ဈေးကောင်းလည်းပေးဝယ်ပြီး တောင်သူတွေရဲ့ဘဝ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နေတဲ့ ဆန်စပါးအထူးပြု ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်မှန်းချက်တွေ အများကြီး ထားပါတယ်'' ဟု ပြောပြခဲ့သည်။

ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူများအား ဆုများချီးမြှင့်ပေးအပ်ရာ စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး တောင်သူလယ်သမားဆုအတွက် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် မင်းကုန်းကျေးရွာမှ ဦးချစ်သိန်းနှင့် မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်မှ ဦးထွန်းလှိုင်၊ စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆုအတွက် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ညောင်ပင်သာကျေးရွာမှ မြတ်အိနြေ္ဒ ကုမ္ပဏီလီမိတက် ပိုင်ရှင် ဦးမြတ်သူနှင့် စစ်ကိုင်းတိုင်း ဒေသကြီး ထီးချိုင့်မြို့နယ် မောင်ကုန်းကျေးရွာမှ ဂရိတ်ဝေါ ကုမ္ပဏီလီမိတက်ပိုင်ရှင် ဦးတင်မောင်၊ မွေးမြူထုတ်လုပ်မှု အကောင်းဆုံး လူပုဂ္ဂိုလ်ဆုအတွက် ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့နယ် ပြင်ရွာကျေးရွာမှ ဦးအောင်ရွှေနှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းကျေးရွာမှ ဒေါ်ထုလိန်၊ မွေးမြူထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆုအတွက် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် နမ့်ကွပ်ကျေးရွာမှ ဒေါက်တာသိန်းစိန်နှင့် နေပြည်တော် ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ရွှေမြို့ကျေးရွာမှ ဦးမောင်မောင်လွင်၊ ရေထွက်ပစ္စည်း မွေးမြူထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆု အတွက် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် သောင်ဇားကျေးရွာအုပ်စုမှ ဦးရွှေကြိုင်နှင့် ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် မင်းရပ်ကျေးရွာမှ ဦးကျော်မိုးခိုင်၊ သက်စွန့်ကြိုးပမ်း ကယ်တင် စွမ်းဆောင်သူဆုအတွက် ငပုတောမြို့နယ်မှ အလယ်တန်းပြဆရာ ဦးဆောင်းမင်းစိုးနှင့် မြစ်ကြီးနားမြို့ အရန်မီးသတ် တပ်ကြပ်မြင့်ဝင်းတို့က လက်ခံရယူ ကြသည်။

အလားတူ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူများအား ဆုများချီးမြှင့်ပေးအပ်ရာ အားကစား စွမ်းဆောင်ရည်ဆုအတွက် မြန်မာနိုင်ငံ လှေလှော်အားကစား အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အားကစား အဖွဲ့ချုပ်၊ အကောင်းဆုံး ပို့ကုန်လုပ်ငန်းရှင်ဆုအတွက် နယူးဂိုးဒင်းဂိတ် ၁၉၉၁ ပိုင်ရှင် ဦးအုန်းဆိုင်နှင့် မော်လမြိုင် Holding Co., Ltd. ပိုင်ရှင် ဦးဝင်းတင်၊ တန်ဖိုးမြင့် ထုတ်ကုန် အကောင်းဆုံးထုတ်လုပ် ရောင်းချနိုင်သည့် စီးပွားရေးလုပ်ငန်း ရှင်ဆုအတွက် ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်ပိုင်ရှင် ဒေါက်တာအောင်လွင်နှင့် မြဘုရင် နို့ချက်စက်ရုံ ပိုင်ရှင် ဦးဝင်းမောင်၊ အခွန်ဘဏ္ဍာ တာဝန်အများဆုံး သယ်ပိုး ထမ်းဆောင် ခဲ့သည့် လုပ်ငန်းရှင်ဆုအတွက် အေစီအီး ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်အုပ်ချုပ်မှု ဒါရိုက်တာ ဦးဇော်မိုးဝင်းနှင့် မက်(စ်)မြန်မာ ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ထုတ်လုပ်ရောင်းချမှု အကောင်းဆုံး အသေးစားစီးပွားရေး လုပ်ငန်းရှင်ဆုအတွက် သီရိမြန်မာ မြန်မာ့လက်မှုအနုပညာနှင့် အထွေထွေလုပ်ငန်းပိုင်ရှင် ဦးမြင့်ထွေးနှင့် စိန်ရက်ကန်း ကုန်ထုတ် သမဝါယမအသင်းပိုင်ရှင် ဦးကြီးရွှေ၊ ထုတ်လုပ်ရောင်းချမှု အကောင်းဆုံး အလတ်စား စီးပွားရေးလုပ်ငန်းရှင်ဆု အတွက် အဆင့်မြင့်ရေဘုံဘိုင် လုပ်ငန်းရှင် ဦးထွန်းအောင်နှင့် စွမ်းအားပြည့် ရေယာဉ်ပန်ကာ လုပ်ငန်းရှင် ဦးဝင်းထိုက်တို့က လက်ခံရယူခဲ့ကြသည်။

ဆက်လက်၍ ဆုရရှိသူများကိုယ်စား ရေထွက်ပစ္စည်းမွေးမြူထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆုရရှိသည့် ဦးလှသန်းက ကျေးဇူးတင်စကား ပြောကြားပြီးနောက် နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများသည် ဆုရရှိသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

မွေးမြူထုတ်လုပ်မှု အကောင်းဆုံး လူပုဂ္ဂိုလ်ဆုရရှိသည့် ဦးကျမော့က ''ကျွန်တော်ကတော့ ငါးမွေးမြူရေး၊ ကြက်မွေးမြူရေး၊ နွားမွေးမြူရေးတွေ လုပ်တဲ့အပြင် ရော်ဘာလည်း စိုက်ပျိုး ပါတယ်။ ၂ဝဝဝ ခုနှစ်မှာ ငါးစပြီး မွေးမြူပါတယ်၊ ၂ဝဝ၄ ခုနှစ်မှာ ကြက် မွေးပါတယ်၊ ၂ဝဝ၅ ခုနှစ်မှာ ကျွဲ၊ နွား မွေးမြူရေးလုပ်ပါတယ်၊ ကြက်က အကောင် ၆၈ဝဝ ကျော်ရှိပါတယ်၊ ငါးကတစ်နေ့ကို ပိဿာ ၈ဝဝဝ လောက် ထွက်ပါတယ်၊ နွားက ၄၂၆ ကောင် ရှိပါတယ်၊ ဒေသနွားပါ၊ ကျွဲက ၅၅ ကောင်ရှိပါတယ်။ အလုပ်သမား ခြောက်ယောက်လောက်နဲ့ လုပ်တာပါ။ အခုလို နိုင်ငံတော်သမ္မတကြီးက ဆုချီးမြှင့်တဲ့အတွက် အများကြီးပဲဝမ်းသာအား တက်မိပါတယ်''ဟု ပြောပြခဲ့သည်။

အလားတူ မွေးမြူထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆု ရရှိသည့် ဦးခင်မောင်ဝင်း ကလည်း ''အခုလို ဆုရတဲ့အတွက် အလွန်ကို ဝမ်းသာတာပေါ့ဗျာ၊ ကျွန်တော်တို့ လုပ်ခဲ့တဲ့ အောင်မြင်မှု တစ်ခုပေါ့။ ကျွန်တော့် လုပ်ငန်းကတော့ နို့စားနွားမွေးမြူရေးလုပ်ငန်း ဖြစ်ပါတယ်။ နို့ဆီချက်တယ်၊ လယ်လုပ်တယ်၊ လယ်ကရတဲ့ဟာကို နွားခြံကိုပို့တယ်၊ လယ်ကရတဲ့ ဟာကို နွားပြန်ကျွေးတယ်၊ နွားကရတဲ့ဟာကို နို့ချက်စက်ရုံပို့တယ်။

ကျွန်တော်မွေးမြူရေးလုပ်တယ်၊ မွေးမြူရေးလုပ်တဲ့ နေရာကနေပြီး စွန့်ပစ်ပစ္စည်းကို တောင်ယာလုပ်တယ်၊ တောင်ယာက ထွက်လာတဲ့ဟာကို တိရစ္ဆာန်ကျွေးတယ်၊ လူစာလုပ်တယ်၊ ရတဲ့ဟာကို ကြိတ်ခွဲတယ်၊ နို့ချက်စက်ရုံအတွက် လောင်စာလုပ်တယ်၊ အဲဒီလို ဆက်စပ်မှုရှိအောင် လုပ်တဲ့အတွက် ဆုချီးမြှင့်ခံရတယ်လို့ မြင်ပါတယ်။ ကျွန်တော့် အတွက် ဒီဆုရရှိတာဟာ အားတက်စေပါတယ်။ မွေးမြူရေးကို တိုးချဲ့မယ်၊ လယ်ယာလုပ်ငန်းကို တိုးချဲ့မယ်လို့ အားတွေတက်လာပါတယ်။ ကျွန်တော်တို့လိုပဲ အားကြိုးမာန်တက် လုပ်ကြဖို့၊ အားကြိုးမာန်တက်လုပ်ရင် အလုပ်ဆိုတာ အောင်မြင် သွားကြမှာပါပဲလို့ ပြောချင် ပါတယ်''ဟု ပြောပြခဲ့သည်။

ညပိုင်းတွင် နိုင်ငံတော်သမ္မတသည် ဆုရရှိသူများအား Banquet Hall ၌ ညစာစားပွဲဖြင့် ဂုဏ်ပြုချီးမြှင့် တည်ခင်းခဲ့ကြောင်းနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တေးသရုပ်ဖော်၊ အက များဖြင့် ဖျော်ဖြေဧည့်ခံခဲ့ကြကြောင်း သတင်းရရှိသည်။

ဥက္ကံ ပဋိပက္ခ မြင်ကွင်းများ - ၃ (ဓာတ်ပုံ - ၈ ပုံ)

From : ..dvb

 ဧပြီလ ၃၀ ရက် ဥက္ကံမြို့နယ် ဖြစ်စဉ်အတွင်း ဥက္ကံမြို့ပေါ်မှာ ဘာသာရေးစာသင်ကျောင်း ၁ ခု ဈေးဆိုင်ခန်း ၁၅ ခု၊ လူနေအိမ် ၅၃ လုံး ပျက်ဆီးခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။ ဒေသတွင်း ကျေးရွာတွေဖြစ်တဲ့ မီးလောင်စခန်း၊ ပနီပင်၊ ကျွဲပုံလေး၊ ခြောက်တဲနဲ့ ရတနာကုန်းကျေးရွာစတဲ့ ကျေးရွာ ၅ ရွာမှာတော့ ဗလီ ၁ လုံးမီးလောင်၊ ၃ လုံးပျက်ဆီးခဲ့ပြီး၊ ဘာသာရေးစာသင်ကျောင်း ၂ ကျောင်း မီးလောင်၊ ၂ ကျောင်း ပျက်ဆီးခဲ့တဲ့အပြင် လူနေအိမ် ၁၅၁ လုံး မီးလောင်၊ ပျက်ဆီးမှုတွေ ရှိခဲ့တယ်လို့လည်း အဲ့ဒီ အုပ်ချုပ်ရေးမှူး ရုံး သတင်းထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။ လက်ရှိအခြေအနေမှာတော့ အဲ့ဒီဒေသကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က အင်အားအသုံးပြု ထိန်းသိမ်း ထားတယ်လို့လည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ဒုတိယ ရဲတိုင်းမှူးသက်လွင်က ပြောပါတယ်။ 












 .. www.MyanmarExpress.net

ဧပြီလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဥကံ္ကမြို့ ပဋိပက္ခဖြစ်စဉ် မေလ ၁ ရက် နံနက်ပိုင်းတွင် တည်ငြိမ်လျက်ရှိနေ၊ မေလ ၁ ရက် နံနက်ပိုင်းတွင် ကျူးလွန်သူဟု ယူဆထားသူ ၁၅ ဦးအား ရဲတပ်ဖွဲ့ဝင် ၁၀၀ ၀န်းကျင်ဖြင့် ဖမ်းဆီးခဲ့

From : ..eleven

5.1.4
ဖမ်းဆီးစစ်ဆေးထားသည့် ၁၅ ဦးထံမှ သိမ်းဆည်းရမိသည့် ဂျင်ကလိအချို့မေ ၁ ရက်နေ့ နံနက် ၃ နာရီက တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
ဧပြီလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဥကံ္ကမြို့ ပဋိပက္ခဖြစ်စဉ်မှာ မေလ ၁ ရက် နံနက်ပိုင်းတွင် တည်ငြိမ်လျက် ရှိနေကြောင်း ဥကံ္ကမြို့နယ် ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးမြင့်မောင်က မေ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ တွင် ဖြေကြားခဲ့သည်။
ဥကံ္ကမြို့တွင် ဧပြီ ၃၀ ရက် နံနက်ပိုင်းက မူစလင် အမျိုးသမီး တစ်ဦးနှင့် ကိုရင်တစ်ပါးတို့ ၀င်ရောက်တိုက်မိရာမှ ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်အား အမြန်ဆုံး ထိန်းသိမ်းနိုင်ရန်အတွက် ကျူးလွန်သူများကို အမြန်ဆုံး ဖမ်းဆီးပြီး ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက မေလ ၁ ရက်နေ့နံနက် ၃ နာရီခွဲတွင် ပြောကြားခဲ့သည်။
အဆိုပါ ဖြစ်စဉ်အား ပါဝင်ကျူးလွန်သူများဟု သံသယရှိသူ ၁၅ ဦးကို မေလ ၁ ရက် နံနက် ၁ နာရီ ခွဲတွင် ရဲတပ်ဖွဲ့အင်အား ၁၀၀ ၀န်းကျင်ဖြင့် ဥကံ္ကမြို့၊ ပနီပင်ကျေးရွာအတွင်း ၀င်ရောက်ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
5.1.4
ပို့ဆောင်ရန် ဥက္ကံရဲစခန်းအတွင်း စီစဉ်နေမှုမြင်ကွင်းကို မေ ၁ ရက်နေ့ နံနက် ၄ နာရီက မြင်တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
ယင်းကဲ့သို့ ဖမ်းဆီးခဲ့ရာတွင် ဂျင်ကလိ ၁၃ ခု၊ ဓားမတစ်ချောင်းနှင့် လေးခွ ၂ ခုတို့ကို စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဒုတိယ ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး သက်လွင်က''ဒီဖြစ်စဉ်က ဒီလောက် ဖြစ်သွားစရာ အကြောင်းမရှိဘူး။ အဓိကတော့ ပြည်သူအချို့က အသိဥာဏ် မရှိလို့ဘဲ။ အခုလို ပဋိပက္ခ ဖြစ်စဉ်တွေ ဆက်လက်ဖြစ်ပွား နေမယ်ဆိုရင်တော့ နိုင်ငံတကာ ထိုးနှက်မှုတွေနဲ့ ကြုံတွေ့လာနိုင်ပါတယ်။ ဒီဖြစ်စဉ်ကို ဆက်လက်မဖြစ်ပွားဖို့ ပါဝင်ကျူးလွန်ခဲ့တဲ့ သူတွေကို အမြန်ဆုံး ဖမ်းဆီးပြီးတော့ ထိရောက်စွာ အရေးယူသွားပါမယ်။ ကျူးလွန်ခဲ့တယ်လို့ ယူဆထားပြီး ဖမ်းဆီးစစ်ဆေးနေတဲ့ ၁၅ ဦးလုံးက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တယ်။ ကျွန်တော်တို့ ရရှိထားတဲ့ သတင်းအရဆိုရင် ကျူးလွန်သူတွေ အများကြီး ကျန်ရှိနေသေးတယ်။ ဒါကြောင့် ဆက်လက် ဖမ်းဆီးသွားပါမယ်။'' ဟု ပြောကြားခဲ့သည်။
လက်ရှိအချိန်ထိ ဖမ်းဆီးစစ်ဆေးလျက်ရှိသည့် ၁၅ ဦးအနက်မှ ၉ ဦးကို မင်္ဂလာဒုံမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ကျန် ၆ ဦးကို အင်းစိန်ရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးလျက် ရှိကြောင်း ဥက္ကံရဲစခန်းတွင် ဖြစ်စဉ်အား လာရောက် ထိန်းသိမ်းနေသည့် ရန်ကုန်တိုင်းဒေသကြီး ဒုတိယ ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး သက်လွင်က မေ ၁ ရက်နေ့ နံနက် ၄ နာရီက ပြောကြားခဲ့သည်။
5.1.4
လုံခြုံရေးဆောင်ရွက်ရန် ရောက်ရှိလာသော တပ်မတော်သားများကို မေ ၁ ရက် နံနက် ၁ နာရီခွဲခန့်က တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
''အခုဥကံ္ကမြို့ပေါ် ရပ်ကွက်တွေရော ကျေးရွာတွေ အားလုံးမှာ တင်းမာမှုတွေ၊ ပဋိပက္ခ ဖြစ်စဉ်တွေ မဖြစ်တော့ပါဘူး။ ဒါပေမဲ့ လှုံခြုံရေး အရတော့ တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေတုန်းပါဘဲ'' ဟု မေလ ၁ ရက် နံနက် ၁၀ နာရီ ၅၀ တွင် ဥကံ္က မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့သည်။
ဥက္ကံပဋိပက္ခ ဖြစ်စဉ်တွင် အပြင်းအထန် ဒဏ်ရာရရှိသူ ၃ ဦး အနက်မှ ဇော်ဇော်နိုင် ဆိုသူမှာ မေ ၁ ရက်နေ့ နံနက် တစ်နာရီခွဲတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ပဋိပက္ခ ဖြစ်စဉ်အတွင်း မီးလောင်မှုကြောင့် နေအိမ် ၈၁ လုံး ဗလီတစ်လုံး၊ စာသင်ကျောင်း တစ်ကျောင်းနှင့် ဥက္ကံမြို့ပေါ် ရပ်ကွက်များရှိ နေအိမ်များနှင့် ဆိုင်ခန်း ၅၀ ၀န်းကျင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
ဥကံ္ကမြို့အတွင်း ပဋိပက္ခ ဆက်လက်ဖြစ်ပွားခဲ့ပါက အမြန်ဆုံး ထိန်းသိမ်းနိုင်ရန်အတွက် ရဲတပ်ဖွဲ့ဝင်အင်အား တိုးချဲ့ထားသည့်အပြင် တပ်မတော်သားများကိုလည်း လုံခြုံရေး ဆောင်ရွက်ရန် ရောက်ရှိနေကြောင်း ဒုတိုင်းရဲတပ်ဖွဲ့မှူးထံမှ သိရှိရသည်။

.. www.MyanmarExpress.net
 

မြန်မာ နိုင်ငံ၏ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ် များတွင် ကုလ သမဂ္ဂ အဖွဲ့အစည်း များက အင်တိုက် အားတိုက် ကူညီပေးခဲ့

From : ..မြဝတီ

နေပြည်တော်   ဧပြီ  ၂၉
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ  ဦးသိန်းစိန်သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပသည့် (၆၉)ကြိမ်မြောက် ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ် စီးပွားရေးနှင့် လူမှုရေး ကော်မရှင် အစည်းအဝေးသို့  တက်ရောက်ပြီး အရှေ့တီမော ဝန်ကြီးချုပ် H.E.Mr.Ha- nana Gusmao၊ ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ် Mr.Jan Eliassonနှင့် ESCAP အမှုဆောင် အတွင်းရေးမှူး Dr.Noeleen Heyzer တို့အား ယနေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း တို့တွင် ထိုင်းနိုင်ငံရှိ ESCAP အဆောက်အအုံ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် နံနက်  ၁၁ နာရီ ၁၅ မိနစ်တွင်  ဗန်ကောက်မြို့၌ ရောက်ရှိနေသော အရှေ့ တီမော ဝန်ကြီးချုပ်  H.E.Mr.Hanana Gusmao  နှင့်တွေ့ဆုံသည်။
တွေ့ဆုံရာတွင် နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ရေး၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ကဏ္ဍနှင့် လယ်ယာ စိုက်ပျိုးရေး ကဏ္ဍ များတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အလားအလာများ၊ အရှေ့တီမော နိုင်ငံ အနေဖြင့် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှု များတွင် ပိုမို ပါဝင်နိုင်မည့် အလား အလာများကို ဆွေးနွေးသည်။
ထို့နောက်   နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ် Mr.Jan Eliasson နှင့် အဖွဲ့ အား လက်ခံတွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတက ကုလသမဂ္ဂ အနေဖြင့် မြန်မာ နိုင်ငံ၏ ပြောင်းလဲ တိုးတက်မှု များကို အသိအမှတ် ပြုသည့် အတွက် ကျေးဇူး တင်ပါကြောင်း၊ ထိုကဲ့သို့ အသိအမှတ် ပြုခြင်းသည် မြန်မာ ပြည်သူများ၏ ဒီမို ကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေး ကြိုးပမ်းမှုကို အသိအမှတ် ပြုခြင်း ဖြစ်၍ ပြည်သူများမှလည်း ကျေးဇူးတင်မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ဖြစ်သည့်အတွက် ကုလသမဂ္ဂနှင့် ဆက်ဆံရေးကို များစွာ အလေးထား ပါကြောင်း၊ မြန်မာနိုင်ငံ၏ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ် များတွင် ကုလသမဂ္ဂ အဖွဲ့အစည်း များက အင်တိုက်အားတိုက် ကူညီ ပေးခဲ့ပါကြောင်း၊ ထိုကဲ့သို့ ကူညီခဲ့သည့် အတွက် အောင်မြင်မှုများ လည်း ရရှိခဲ့ပါကြောင်း၊ သို့သော် စိန်ခေါ် မှုများလည်း ပေါ်ပေါက် ခဲ့ပါကြောင်း၊ ထိုစိန်ခေါ်မှုများကို   မိမိတို့ အားလုံး ပူးပေါင်းပြီး ကျော်လွှား ကြရမည် ဖြစ်ပါကြောင်း၊ ပဋိပက္ခ ဖြစ်ပွားခဲ့သော ရခိုင် ပြည်နယ်တွင် လူ့အဖွဲ့အစည်း အားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး၊ ပြည်နယ်အတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး၊ ပညာရေး၊ကျန်းမာ ရေး ကဏ္ဍများ အဆင့် မြှင့်တင်ရေး တို့တွင် ကုလသမဂ္ဂမှ ပါဝင်ကူညီ ဆောင်ရွက်စေ လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက်   ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ်က မြန်မာ နိုင်ငံတော် သစ်ကို ကိုယ်စားပြုသည့် သမ္မတကြီးနှင့် ကိုယ်စားလှယ် အဖွဲ့ကို တွေ့ဆုံ ဂါရဝ ပြုခွင့်ရသည့် အတွက် ဂုဏ်ယူ ဝမ်းမြောက်  ပါကြောင်း၊ မိမိအနေဖြင့် ၁၉၈ဝ ပြည့် လွန်နှစ်များအတွင်းက ဆွီဒင်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင်စဉ် ကပင် မြန်မာ နိုင်ငံဆိုင်ရာ ကိစ္စများကို ထိတွေ့ ဆောင်ရွက် ခဲ့ရပါကြောင်း၊ ယခု အချိန်တွင် မိမိ အနေဖြင့် မာလီ၊ ဆီးရီးယားနိုင်ငံ အရေး အခင်းများကို ဆောင်ရွက် နေရပါကြောင်း၊ ထိုနိုင်ငံများတွင် ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှု များကြောင့် ပြည်သူများ မည်မျှ ထိခိုက်နစ်နာ ဆုံးရှုံးသည်ကို တွေ့ရှိ နေရပါကြောင်း၊ သမ္မတကြီး၏ မိတ္ထီလာ အရေးအခင်းနှင့် ပတ်သက်သည့် မိန့်ခွန်း ကို လှိုက်လှိုက်လှဲလှဲ ထောက်ခံပါကြောင်း၊  နိုင်ငံ တစ်နိုင်ငံတွင် ငြိမ်းချမ်းမှု ဖွံ့ဖြိုး တိုးတက်မှုနှင့် လူ့အခွင့်အရေးတို့ လေးစားမှုများ ဟန်ချက် ညီညီ ပေါင်းစပ်နိုင်မှ နိုင်ငံတော်သစ်ကို တည်ဆောက် နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ကုလသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံ အပေါ် လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီနှင့်  ဖွံ့ဖြိုး တိုးတက်ရေး အကူအညီများ ပိုမိုပေးအပ် နိုင်ရေး ကြိုးပမ်းသွားမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ အနေဖြင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အပြည့်အဝ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။
ယင်းနောက် နိုင်ငံတော် သမ္မတသည်  ESCAP အမှုဆောင် အတွင်းရေးမှူး Dr.Noeleen Heyzer အား လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံရာတွင် ESCAP  ၏  အစီအစဉ်ဖြင့် တစ်နှစ်လျှင် မြန်မာ နိုင်ငံမှ ထူးချွန်လူငယ်  ၁ဝဝ အား  ICT နည်းပညာများ သင်ကြားပေးမည့် ငါးနှစ် စီမံကိန်း ဆောင်ရွက်မှု အခြေအနေ၊ မြန်မာ နိုင်ငံ စီးပွားရေးနှင့် လူမှုရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲမှု မူဘောင် အတွင်းမှ  စီးပွား ရေး၊ လူမှုရေး ဖွံ့ဖြိုး တိုးတက်မှု များတွင် ESCAP  မှ ကူညီ ဆောင်ရွက်ပေးနိုင် မည့် အလားအလာများကို ဆွေးနွေးခဲ့ ကြသည်။
ညနေပိုင်းတွင်  နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား ESCAP  ၌  တာဝန် ထမ်းဆောင်နေကြသည့် မြန်မာ မိသားစု ဝင်များနှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ ဖြစ်သော  UNHCR ၊ UNAIDS ၊ UNIAP ၊ UNOPS ၊ UNODS ၊ FAO  အစရှိသည့် အဖွဲ့အစည်း များတွင် တာဝန် ထမ်းဆောင်နေကြ သည့် မြန်မာ မိသားစုများက လာရောက် ဂါရဝပြု တွေ့ဆုံနှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတက ယခုလို လာရောက်ပြီး အလုပ်လုပ် နေကြသည်ကို ဝမ်းသာပါကြောင်း၊ သို့ရာတွင် မိမိတို့ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရန် ကြိုးစားနေချိန် ဖြစ်သောကြောင့် ကိုယ့်တိုင်းပြည် ဖွံ့ဖြိုး တိုးတက်စေရန် အတွက်လည်း ဝိုင်းဝန်းကူညီ ပေးစေလိုကြောင်း၊ ကျန်းမာ ချမ်းသာကြစေ ရန်နှင့်   နိုင်ငံ့အကျိုး အတွက် ဆောင်ရွက်နိုင် ပါစေကြောင်း ဖြင့် မှာကြားသည်။
တွေ့ဆုံပွဲများတွင် နိုင်ငံတော် သမ္မတ နှင့်အတူ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း နှင့် ဒေါက်တာကံဇော်၊ ဒုတိယ ဝန်ကြီး ဦးရဲထွဋ်၊ မြန်မာသံအမတ်ကြီး ဦးတင် ဝင်းနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ တက်ရောက်ကြသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော အဖွဲ့ဝင်များသည် ညနေ ပိုင်းတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှ နေပြည်တော်သို့ အပြည်ပြည် ဆိုင်ရာ မြန်မာ လေကြောင်း အထူးလေယာဉ် ဖြင့် ပြန်လည်ထွက်ခွာလာရာ  ညနေ ၆ နာရီတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိသည်။
နိုင်ငံတော် သမ္မတအား ဒုတိယ သမ္မတ များဖြစ်ကြသည့်   ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊  ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းမှူးနှင့် တာဝန် ရှိသူများ က ကြိုဆိုကြသည်။ 


.. www.MyanmarExpress.net
 

ဇီးကုန်း မြို့နယ် အမှတ် (၁) ရပ်ကွက် မြရတနာ ရေကန်အား နယ်မြေခံ တပ်မတော်သား များမှ ပြန်လည် တူးဖော်

From : ..မြဝတီ

ဇီးကုန်းမြို့နယ်၊ အမှတ်(၁) ရပ်ကွက်တွင် ဧပြီလ(၂၈) ရက်နေ့ က အလျား(၁၅၀)ပေ၊ အနံ(၁၀၀)ပေရှိ မြရတနာ သောက်သုံး ရေကန် ပြန်လည် တူးဖော် ခြင်းအား  နယ်မြေခံ တပ်မတော်သား များဖြင့် ဆောင်ရွက်ခဲ့ရာ အလျား(၃၀) ပေ၊အနံ (၂၀)ပေခန့် နွံ များ ဆယ်ယူ ပြီးစီး ခဲ့သည်။





.. www.MyanmarExpress.net
 

သီပေါ မြို့နယ် ကျေးရွာသား (၁၂) ဦး အား SSA (ဝမ်ဟိုင်း) အဖွဲ့မှ မတရား ဖမ်းဆီး F

From : ..မြဝတီ

၂၀၁၃ ခုနှစ်၊ ဧပြီလ (၂၇)ရက်နေ့ (၀၁၀၀) အချိန်တွင် SSA (ဝမ်ဟိုင်း) အဖွဲ့မှ အင်အား(၁၀) ဦးခန့်သည် လက်နက်ငယ် ကိုယ်စီဖြင့် သီပေါမြို့နယ် မိုင်းလင်း ကျေးရွာနှင့် ခုတ်နမ့် ကျေးရွာရှိ ရွာသား (၁၂) ဦးအား  ထော်လာဂျီ ၁ စီးဖြင့် ခိုနဖား ကျေးရွာသို့ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သိရှိရသည်။
အဆိုပါ (၁၂) ဦးမှာ-
(၁) မောင်အောင်ခန့် (၂၅)နှစ်၊ (ဘ)ဦးပန်၊ ခုတ်နမ့် ကျေးရွာ၊ သီပေါမြို့နယ်။
(၂) ဦးအောင်သိန်း (၅၆)နှစ်၊ (ဘ) ကျယ်လှ၊ ခုတ်နမ့်ကျေးရွာ၊ သီပေါမြို့နယ်။
(၃) ဦးစိုင်းဆိုင်လောင်း (၃၅)နှစ်၊ (ဘ) ဦးစိုင်းလုံ၊ ခုတ်နမ့်ကျေးရွာ၊ သီပေါမြို့နယ်။
(၄) မောင်စိုင်းရွှေလန်းဦး (၁၇)နှစ်၊ (ဘ) ဦးညိုသန်း၊ ခုတ်နမ့်ကျေးရွာ၊ သီပေါမြို့နယ်။
(၅) မောင်စိုင်းတန် (၁၆)နှစ်၊ (ဘ) ဦးစံထွန်း၊ ခုတ်နမ့်ကျေးရွာ၊ သီပေါမြို့နယ်။
(၆) ဦးစိုင်းစံအေး (၅၂)နှစ်၊ (ဘ) ဦးကားလို၊ ခုတ်နမ့်ကျေးရွာ၊ သီပေါမြို့နယ်။
(၇) မောင်စိုင်းပီး (၁၆)နှစ်၊ (ဘ) ဦးနန္ဒိယ၊ ခုတ်နမ့်ကျေးရွာ၊ သီပေါမြို့နယ်။
(၈) မောင်စိုင်းလှထွန်း (၂၇)နှစ်၊ (ဘ) ဦးစံထွန်း၊ မိုင်းလင်းကျေးရွာ၊ သီပေါမြို့နယ်။
(၉) မောင်စိုင်းသိန်းအောင် (၂၀)နှစ်၊ (ဘ) ဦးမိန်သာ၊ မိုင်းလင်းကျေးရွာ၊ သီပေါမြို့နယ်။
(၁၀) မောင်စိုင်းကျော်လွန် (၂၅)နှစ်၊ (ဘ) ဦးဝိန်းကျော်၊ မိုင်းလင်းကျေးရွာ၊ သီပေါမြို့နယ်။
(၁၁) မောင်စိုင်းသာဟန် (၁၇)နှစ်၊ (ဘ) ဦးဖိုင်ကန်၊ မိုင်းလင်းကျေးရွာ၊ သီပေါမြို့နယ်။
(၁၂) ဒေါ်နှိုင်းမတ် (၅၈)နှစ်၊ (ဘ) ဦးကိုလိန်၊ မိုင်းလင်းကျေးရွာ၊ သီပေါမြို့နယ်။
ဖမ်းဆီး ခံရသူများ ပြန်လည် လွတ်မြောက်ရေး အတွက် နယ်မြေခံ စစ်ကြောင်းများမှ အစွမ်းကုန် ရှာဖွေမှုများ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

.. www.MyanmarExpress.net
 

ထားဝယ် ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်နိုင်ရန် ကြိုတင်ပြင်ဆင်နေ

From : .. popular
.
. www.MyanmarExpress.net
 

သဲကုန်း မြို့နယ် ၊ ချောင်းကမ်းလေး ကျေးရွာရှိ သောက်သုံး ရေကန်အား နယ်မြေခံ တပ်မတော်သား များဖြင့် ပြန်လည် တူးဖော်

From : ..မြဝတီ

သဲကုန်းမြို့နယ်၊ ချောင်းကမ်းလေး ကျေးရွာတွင် ဧပြီလ(၂၈) ရက်နေ့ က အလျား(၁၅၀)ပေ၊ အနံ(၁၅၀)ပေရှိ သောက်သုံး ရေကန် ပြန်လည် တူးဖော် ခြင်းအား နယ်မြေခံ တပ်မတော်သား များဖြင့် ဆောင်ရွက်ခဲ့ရာ အလျား(၄၀) ပေ၊အနံ (၃၀)ပေ အနက်(၁)ပေ ခန့် တူးဖော် ပြီးစီး ခဲ့ပါသည်။





.. www.MyanmarExpress.net
 

၁၅၀၀ တန်ဖုန်း နဲ့ အချောင်သမားစိတ်ဓာတ်

From : ...hot news



မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းက ဧပြီ ၂၄ရက်နေ့က အများ ပြည်သူ ဆက်သွယ်ရေး အဆင် ပြေချောမွေ့စေရန်အတွက် ရည် ရွယ်ပြီး တန်ဖိုးနည်းတယ်လီဖုန်း လိုင်းတစ်ခုဖြစ်သည့် ၁၅၀၀ ကျပ် တန် CDMA 800 MHZ ၏ မိုဘိုင်းဖုန်းများကို စတင်ရောင်းချ ပေးခဲ့သည်။
၁၅၀၀ တန်ဖုန်းနှင့် ပတ် သက်၍ အများပြည်သူများက ကျေနပ်ဝမ်းမြောက်သံများ ထွက် ပေါ်လာခဲ့သော်လည်း လူနည်းစု ကတော့ အမျိုးမျိုးပြစ်တင်ဝေဖန် မှုများ ရှိနေသည်။ လူ့လောက ထုံးစံအတိုင်း အကောင်းမြင်ရှိ သလို အဆိုးမြင်များလည်း ရှိကြ ပါသည်။ ရွှေပြည်တံခွန်က ၅၀၀၀ ကျပ်နှင့် ရောင်းပေးမည့်ဆင်းကတ် များကိုကျော်ပြီး မြန်မာ့ဆက် သွယ်ရေးက ၁၅၀၀ ကျပ်ဖြင့် ရောင်းချပေးလိုက်သဖြင့် အများ ပြည်သူများကြားတွင် သို့လော သို့လော အတွေးများ၊ ထင်မြင် ယူဆချက်များ ဖြစ်ပေါ်နေသည်။ ပုဂ္ဂလိကက ကုမ္ပဏီတစ်ခုက အနည်းဆုံး ရောင်းချနိုင်သည့် ဈေးနှုန်းအပေါ် အစိုးရအဖွဲ့က သာလွန်ကျော်ပြီး ရောင်းချပေး သည့်ပမာဏသည် ယခုအခါ စံချိန်တင်ပမာဏ ဖြစ်ခဲ့သည်။ နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ် များ၊ မည်သို့မည်ပုံရောင်းချသည်၊ မဲနှိုက်သည့်အခါ မည်သို့ မသမာ မှုများပြုသည်ကို ရေးသားတင်ပြ မှုမပြုလိုပါ။ စာရေးသူတင်ပြလို သည်မှာ မြန်မာလူမျိုးအချို့၏ မကောင်းတတ်သည့်ညာဉ်ဆိုးကို ပြောပြလိုခြင်းဖြစ်သည်။
စာရေးသူနေထိုင်သော တောင်ဥက္ကလာပ(၁၃)ရပ်ကွက် တွင် အများရပ်ကွက်တွေလိုပဲ မဲနှိုက်ကြရပါသည်။ ဖုန်းကတ် မဲနှိုက်ရန်အတွက် ရပ်ကွက်အုပ် ချုပ်ရေးမှူးထံသို့ ဖုန်းကတ် လျှောက်လွှာ သန်းခေါင်စာရင်း မိတ္တူ၊ မှတ်ပုံတင်မိတ္တူတို့တင်ပြီး လျှောက်ရပါသည်။ အိမ်ထောင်စု  တစ်စု(သို့) သန်းခေါင်စာရင်း တစ်ခုကို တစ်ဦးလျှောက်ကြရပါ သည်။ ရပ်ကွက်ဓမ္မာရုံ၌ လော်စပီ ကာကြီးဖြင့် မဲနှိုက်၍ ကံစမ်းမဲဖွင့် ကြပါသည်။ စာရေးသူက ဖုန်း တစ်လုံး ၅သိန်းခေတ်ကတည်း က တစ်လုံးဝယ်ကိုင်ထားသဖြင့် လျှောက်လွှာမတင်ခဲ့ပါ။ သို့သော် သူငယ်ချင်းအများစုကတော့ လျှောက်လွှာတင်ပြီး မဲနှိုက်ကြပါ သည်။ မဲလာနှိုက်သူများထဲတွင် ၅ သိန်းဖုန်းကိုင်နေသူများ၊ ၂သိန်း ဖုန်းကိုင်နေသူများ အများအပြား ကို တွေ့ရသည်။ ပိုဆိုးသည်က ၁၅ သိန်းဖုန်းကိုင်နိုင်သူများလည်း ပါဝင်လာသည်ကို မြင်တွေ့နေရ ၏။
စာရေးသူက မနေနိုင်မထိုင် နိုင်၍ ၎င်းဖုန်းလက်ဝယ်ကိုင်ပြီး သားသူများ လျှာရှည်မေးမိရာ အချို့က ““အိမ်က သမီးလေး အတွက်””ဟု ဖြေလာသည်။ သူ့ သမီးမှာ ယခုမှ သူငယ်တန်းတက် ခါစ အရွယ်ပင်။ သူ၏အိမ်တွင် သူက တစ်လုံး၊ သူ့မိန်းမက တစ် လုံးနှင့် သူ၏သားကြီးက ဖုန်းတစ် လုံးစီကိုယ်စီ ပိုင်ကြပါသည်။ သူငယ်တန်းသမီးလေးအတွက် မလိုအပ်သေးဘဲ ၁၅၀၀ ကျပ်ဖြင့် အလကားမူးတင်နီးပါးရသော ဖုန်းကတ်အပေါ် လောဘတက် နေကြသည်ကို  တွေ့ရသည်။ တကယ်တမ်း အဆိုပါပုဂ်္ဂိုလ် ဖုန်း ကတ်ပေါက်သွားပါသည်။ မလို အပ်သောလူတစ်ဦး၏လောဘ ကြောင့် အမှန်တကယ်လိုအပ်သူ တစ်ဦး ဖုန်းကတ်ရခြင်းမှ နစ်နာ သွားခဲ့သည်။  ဖုန်းကတ်လာ လျှောက်သူ ၅၀ရာခိုင်နှုန်းလောက် မှာ အမှန်တကယ် လိုအပ်၍ မဟုတ်ဘဲ ဈေးပေါ၍ အလကား နီးပါးမျှရ၍ လာလျှောက်ကြခြင်း ဖြစ်နေသည်ကို မြင်တွေ့ရချိန်တွင် ““မြန်မာပြည်သူတွေ အလကားရ ရင် ဆင်တောင်အကြွေးနဲ့ဝယ်စီး”” တယ်ဟုဆိုသော ရှေးလူကြီးတို့၏ ဆိုရိုးစကားကို ပြေးမြင်မိသည်။
ကိုယ့်မှာက မလိုအပ်ရင် အရေးပေါ်မလိုအပ်ရင် တကယ် လိုအပ်သူအတွက် ကိုယ့်ရဲ့အခွင့် အရေး မဲတစ်မဲကို ဖယ်ပေးလိုက် ခြင်းက ဒီမိုကရေစီနိုင်ငံသားတစ် ဦးရဲ့ ရဲရင့်သော စိတ်ဓာတ်ဟု အသိအမှတ်ပြုလိုက်ချင်သည်။ အခုတော့ ၁၅၀၀ ဖုန်းကြောင့် အချောင်သမားတွေအများကြီးပဲ။ စာရေးသူတို့နိုင်ငံမှာ ရှိနေသေး တယ်။ ငါ့အခွင့်အရေးပဲဆိုပြီး အတ္တ၀ါဒီတွေ သောင်းကျန်းနေ သေးတာကို တွေ့လိုက်ရပါတယ်။
ဒီလိုစံနှုန်းတွေနဲ့ တိုင်းပြည် ကို ဒီမိုကရေစီဖော်ဆောင်ရေး အတွက် လမ်းလျှောက်ကြမယ် ဆိုရင်ဖြင့်… ဟင်း…ဟုသာ သက်ပြင်းချလိုက်မိပါတော့တယ်။

. www.MyanmarExpress.net
 

အမေရိကန်ထိပ်တန်း Ford ကားပြည်တွင်း၌ ရောင်းချတော့မည်

From : ..popular

အမေရိကန်ထိပ်တန်း Ford ကားများအား ယခုနှစ်အတွင်း ပြည်တွင်း၌ စတင်ရောင်းချသွားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏ်ီမှ ယနေ့နံနက် ၁၀ နာရီတွင် အင်းလျားလိခ်ဟိုတယ်၌ ရှင်းလင်းပြောကြားခဲ့သည်။

Ford ကုမ္ပဏီအနေဖြင့် ပြည်တွင်းမှ Capital Automotive ကုမ္ပဏီနှင့် ပူးပေါင်း၍ မော်တော်ကားအသစ်များ စတင်တင်သွင်းသွားမည် ဟု Capital Automotive ကုမ္ပဏီမှ ဦးခင်ထွန်းကပြောသည်။

ပထမဦးဆုံး အရောင်းပြခန်းအား ရန်ကုန်မြို့ လှိုင်မြို့နယ် အင်းစိန်လမ်းမပေါ်တွင် တည်ဆောက်နေပြီဖြစ်ပြီး ၀န်ဆောင်မှုအပိုင်းနှင့် အပိုပစ္စည်း များအတွက်ပါထောက်ပံ့ပေးသွားမည်ဖြစ်သည်။

အဆိုပါ အရောင်းပြခန်း၌ Ford ၏ One Ford ကားများ ၊ ထရပ်ကားများနှင့် SUV ကားများ စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.
. www.MyanmarExpress.net
 

ရခိုင်ပြည်နယ်တွင် ပဋိပက္ခ အချိန်မရွေးထပ်ဖြစ်နိုင် ပြီး စစ်တပ်ဆက်လက် အုပ်ချုပ်သင့်ကြောင်း ကော်မရှင်အစီရင်ခံ

From : ..voa

ပဋိပက္ခကြောင့် လူပေါင်း ၁၉၀ ကျော် သေဆုံးခဲ့သော ရခိုင်ပြည်နယ်တွင် အချိန်မရွေး ပဋိပက္ခ ထပ်မံဖြစ်ပွားနိုင်ကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ တရားဥပဒေစိုးမိုးရေး အကြံ ပြုချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ပဋိပက္ခ ထပ်မံမဖြစ်ပွားရေး အတွက် နယ်စပ်အပါအဝင် လုံခြုံရေးအင်အားများ တိုးမြှင့်ရန် အကြံပြု ထားကြောင်း ကော်မရှင်အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်က ပြောကြား သည်။

ရခိုင်ပြည်နယ်အတွင်းရှိ တပ်မတော်၊ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာန၊ တရားစီရင်ရေးဌာန၊ အထွေထွေအုပ်ချုပ်ရေး၊ အကျဉ်းဦးစီးဌာန၊ ရှေ့နေချုပ်ရုံး စသည်တို့တွင် ဖွဲ့စည်းပုံအင်အားနှင့် လက်ရှိအင်အား ကွာဟနေခြင်းကြောင့် ပဋိပက္ခဖြေရှင်းရေး၊ တရား ဥပဒေစိုးမိုးရေး ဖော်ဆောင်ရေး၊ တည်ငြိမ်အေးချမ်းမှု ဖော်ဆောင်ရေး တို့တွင် မအောင်မြင်ရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လုံခြုံရေးနှင့် ဥပဒေပြုရေးတို့ကို ဖွဲ့စည်းပုံ အင်အားနှင့်အညီ အပြည့်အဝ ဖြည့်ဆည်း ပေးသင့်ကြောင်း ကော်မရှင် အစီရင်ခံစာတွင် ပါရှိသည်။

လုံခြုံရေးအင်အားကို ရုတ်တရက် မလျှော့သင့်သည့်အပြင် လုံခြုံရေးတာဝန် ယူထားသော တပ်မတော်၊ ရဲတပ်ဖွဲ့၊ သတင်းနှင့် ထောက်လှမ်းရေး၊ နယ်စပ်ဒေသ လူဝင်မှု စိစစ်ရေး ကွပ်ကဲမှုဌာနချုပ် (နစက) အင်အား တို့ကို နှစ်ဆတိုးမြှင့်ရန် လိုအပ်ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။
"ဒေသခံတွေကို မေးကြည့်တဲ့အခါ စစ်သားတွေ ပြန်ထွက်သွားမှာကို စိုးရိမ်နေကြတာ တွေ့ရတယ်" ဟု ဒေါက်တာ ကျော်ရင်လှိုင်က ဆိုသည်။

အစီရင်ခံစာတွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအတိုင်း အမြန်ဆုံး အကောင်အထည်ဖော် လုပ်ဆောင်ရန် အကြုံပြုထားပြီး နိုင်ငံသားဖြစ်ခွင့် ရရှိသူများကို နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးရန် အကြံပြုထားကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုကြီးက ပြောကြားသည်။

လတ်တလောတွင် အတူမနေထိုင်ဘဲ သီးခြားစီဖြစ်နေသော လူ့အဖွဲ့အစည်း နှစ်ခု ငြိမ်းချမ်းစွာ အတူနေထိုင်ရေး အတွက် အချိန်ယူပြီး လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ လူ့အဖွဲ့အစည်းနှစ်ခု လုံးက သဘောထား ပျော့ပျောင်းသော ခေါင်းဆောင်များကို အလုပ်ရုံ ဆွေးနွေးပွဲများ လုပ်ကာ အဖြေရှာ လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၄င်းကသုံးသပ်သည်။

ယင်းအပြင် အစီရင်ခံစာတွင် ဒုက္ခသည်များ၏ ရင်ဆိုင်နေရသော အခက် အခဲများ၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ လူ့အဖွဲ့အစည်းနှစ်ခု သဟဇာတဖြစ်ရေး ကိစ္စများ၊ တရားဥပဒေ စိုးမိုးရေး ကိစ္စများနှင့် လုပ်ဆောင်သင့်သော အချက်များကို အကြုံပြု တင်ပြထားသည်။

လူပေါင်း ၂၀၀၀ ကျော်ကို တွေ့ဆုံမေးမြန်းချက် များကို အခြေခံကာ အစီရင်ခံ တင်ပြထားသည့် စာမျက်နှာ ၁၈၃ မျက်နှာ ပါဝင်သော ရခိုင်ပြည်နယ် ပဋိပက္ခ အစီရင်ခံစာကို နှစ်ကြိမ် နောက်ဆုတ်ခဲ့ပြီး ဧပြီလ ၂၂ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ထံသို့ အစီရင်ခံခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသော ပဋိပက္ခကြောင့် လူပေါင်း ၁၉၂ ဦးသေဆုံး ပြီး ဒဏ်ရာ ရရှိသူ ၂၆၅ ဦးနှင့် လူတစ်သိန်းကျော် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု ကော်မရှင်က ဆိုသည်။


 .. www.MyanmarExpress.net
 

ဥက္ကံမြို့သတင်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်

From : . မြန်မာနိုင်ငံရဲတပ်ဖွဲ့.
 


၃ဝ-၄-၂ဝ၁၃ ရက်နေ့ ဝ၉:ဝဝ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဆင်ဖြူရှင်ရပ်ကွက်နေ အလံတိုင်ကျောင်းတိုက် ကျောင်းအကျိုးတော်ဆောင် ဦးလှိုင်တင်(၆၂)နှစ်သည် တိုက်ကြီးရဲစခန်းသို့ ရောက်ရှိလာပြီး အလံတိုင်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်သည့် ကိုရင်အရှင်ပုည (၁၁)နှစ်သည် ဥက္ကံဈေးတောင်ဘက်၊ ဘုရားကြီးလမ်းအတိုင်း ဆွမ်းခံကြွလာစဉ် ဈေးဝယ်လာသူ မဝင်းဝင်းစိန် မှ ဝင်ရောက်တိုက်မိ၍ သပိတ်လွတ်ကျပြီး အဖုံးကွဲသွားကြောင်း သိရှိရသဖြင့်
မဝင်းဝင်းစိန်ကို အရေးယူပေးရန် တိုင်တန်း၍ ဥက္ကံရဲစခန်း(ပ)၁၁၂/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၂၉၅ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မကျေနပ်သည့် ဗုဒ္ဓဘာသာဝင်ပြည်သူ(၂ဝဝ)ဦးခန့်မှ ၁၃:၁၅ အချိန် ဥက္ကံမြို့၊ အနော်ရထာ ရပ်ကွက်ရှိ ဈေးဗလီသို့ ရောက်ရှိလာပြီး လူ(၁ဝ)ဦးခန့်မှ အုတ်နီခဲဖြင့် ပစ်ပေါက်၍ ထွက်ပြေး သွားခဲ့သဖြင့်

ဗလီရှေ့ရှိ ၃ × ၃ ပေခွဲခန့်ရှိ မှန်(၆)ချပ် ကွဲသွားခဲ့ပြီး လျှပ်စစ်မီတာပုံး(၂)ပုံး ကျိုးပဲ့ပျက်စီးကာ လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်းနှင့် အခင်းဖြစ်နေရာသို့ တိုက်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးသည့် တပ်ဖွဲ့ဝင်များမှ အခြေအနေ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

၁၄:၂၅ အချိန်တွင် ဈေးအနီး ဆိုင်ခန်း(၂၅)ခန်းအတွင်းရှိ ပစ္စည်းများအား လူ(၂၅)ဦးခန့်မှ လမ်းမပေါ်သို့ ဆွဲချခဲ့ပြီး ပြည်သူ(၂ဝဝ)ဦးခန့်မှ ဝိုင်းဝန်းကြည့်ရှုနေကြောင်း သိရှိရသည်။

၁၄:၄ဝ အချိန်မှ ၁၄:၄၅ အချိန်အတွင်း အခြေအနေထိန်းသိမ်းနိုင်ရန် မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးအဖွဲ့မှ သေနတ်(၄)ချက် ချောက်လှန့်ပစ်ခတ်ခဲ့သည်။

၁၅:ဝဝ အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့ ရောက်ရှိ လာပြီး နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ ၁၅:၁ဝ အချိန် အခြေအနေ ထိန်းသိမ်းနိုင်ခဲ့ပါသည်။

၁၅:၄၅ အချိန်တွင် ဥက္ကံမြို့ပြင်၊ မင်းရဲကျော်စွာရပ်ကွက်၊ လယ်ကွင်းကောက်ရိုးပုံအနီးတွင် ဒဏ်ရာရရှိသူ(၂)ဦးအား တွေ့ရှိ ရသဖြင့် ဆေးကုသနိုင်ရေး ဒုတိယတိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးနှင့်အဖွဲ့မှ ဆေးရုံသို့ပို့ဆောင်ပေး ခဲ့ကြောင်းနှင့် ပြစ်မှု ကျူးလွန်သူများအား ဥပဒေအရ အရေးယူနိုင်ရေး ဖော် ထုတ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အထက်ပါဖြစ်စဉ်တွင် ဒဏ်ရာရရှိသူ ၈ ဦးထပ်မံတွေ့ရှိရသဖြင့် စုစုပေါင်း ဒဏ်ရာရရှိသူ ၁၀ ဦးရှိကြောင်း သိရှိရပါသည်။


. www.MyanmarExpress.net

 

ဒေါ်စု ပထမ စာမေးပွဲ ကျရှုံး

From : ..OE


လက်ပံတောင်း ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကော်မရှင် တစ်ရပ် ဖွဲ့စည်းခဲ့သည်။


 ထိုအချိန်တွင် လက်ပံတောင်း ပြဿနာကို ဒေါ်အောင်ဆန်းစုကြည် မဖြေရှင်းနိုင်ကြောင်း၊ ပြဿနာများကို ကြားဝင်ဖြေရှင်းနိုင်သည့် အရည်အချင်း ဒေါ်အောင်ဆန်းစုကြည်တွင် မရှိကြောင်း၊ လက်ပံတောင်း ပြဿနာသည် ဒေါ်အောင်ဆန်းစုကြည်အတွက် ပထမဆုံး စိန်ခေါ်မှုဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အတွက် ပထမအဆင့် စာမေးပွဲဖြစ်ကြောင်း ဝေဖန်သံများ ဆူညံခဲ့ပြီး အများစုမှ ဤစာမေးပွဲအား အောင်မြင်အောင် ဖြေဆိုနိုင်သည့် အရည်အချင်း ဒေါ်အောင်ဆန်းစုကြည်တွင် ရှိကြောင်း ယုံကြည်ခဲ့ကြသည်။

မီးလောင်ဗုံး ဆိုသည့် ပြဿနာကို ဒေါ်အောင်ဆန်းစုကြည်မှ ရှင်းခဲ့သည်။ သို့သော် အမေက ခိုင်းရင် ဘာမဆို လုပ်သူများ ပါးစပ်၌ ယနေ့ထိ မီးလောင်ဗုံးဟု သုံးနှုံးလျှက် ရှိသေးသည်။ လက်ပံတောင်း စီမံကိန်းကြီး ဆက် လုပ် သင့်သည်ဟု အကြံပေးသည်။ အစီရင်ခံစာ ထွက်ပြီး မကြာခင် ဆူပူမှုများ ဖြစ်သည်။ ကိုယ်တိုင် သွားရှင်း တာတောင် အဆင်မပြေခဲ့။ ဒေါ်အောင်ဆန်းစုကြည် တစ်သက်တာတွင် စိတ်ပျက်ဖွယ် အကောင်းဆုံး အခြေ အနေဟု ပြောရလောက်အောင် ဝေဖန်မှုများ ရင်ဆိုင်ခဲ့ရသည်။ ယခင် အကျယ်ချုပ်ကျစဉ်က အင်္ဂါနေ့တိုင်း ဆု တောင်းပေးခဲ့သည့် နော်အုံးလှတို့ ရန်ကုန်တွင် ဆန္ဒပြသည်။ ကွန်ယက်ဆိုသည့် အဖွဲ့များမှ ဆက်တိုက် ကန့် ကွက်သည်။

လျော်ကြေးယူသူက ယူသည်။ မယူသူက မယူကြ။ နောက်ဆုံးတွင် ရဲတပ်ဖွဲ့ဝင်များကို ရန်ပြုသည် အထိ အခြေ အနေက ဆိုးရွားလာသည်။ ၄င်းတို့၏ တောင်းဆိုချက်မှာ လက်ပံတောင်း စီမံကိန်းကြီး လုံးဝ ရပ်ဆိုင်းသွားရန် ဖြစ်ပြီး ထို အချက်နှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်မှ အစီရင်ခံစာတွင် အသေးစိတ် ရှင်းပြခဲ့ မှု အပေါ် မည်သူမျှ နားမ၀င်ကြ။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ပညာရှင် အများအပြား ပါဝင်ခဲ့ကာ ရေးသားခဲ့ကြသည့် အစီရင်ခံစာသည် လူ ၈ ယောက်အပေါ် မည်သည့် သက်ရောက်မှုမှ မရှိသဖြင့် စီမံကိန်းလည်း ဆက်မလုပ်နိုင်။ တည်ငြိမ်မှုလည်း မရှိ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကပင် နောက်ထပ် ၀င်ရောက်ပြောဆိုမှု မရှိကာ မျက်နှာလွှဲ ခဲပစ်လုပ် ပြီးနောက် အဆိုပါ ၈ ယောက်မှ ရွာထဲတွင် စတည်းချသည်။ ရွာသားများကို စည်းရုံးသည်။ ရဲတပ်ဖွဲ့မှ ဥပဒေအတိုင်း အမှုဖွင့်၍ တရားစွဲရန် ပြင်သည်။ လက်ခံထားသူများကို အရေးယူမည်ဟု ဆိုသည့်အခါ လက်ခံထားတာ သူတို့ဆိုပြီး ရွာသားများက လာအဖမ်းခံသည်။ ရွာတွင်းသို့ ရဲတပ်ဖွဲ့ဝင်များ ၀င်ဖမ်းမရသည့် အခြေ အနေမှာ တရားဥပဒေ စိုးမိုးမှု ရှိနေသည့် အခြေအနေလည်း မဟုတ်။ ရဲ ၁၅ ယောက်၊ ရွာသား ၃ ယောက် ဒဏ်ရာ ရသည့် အနေအထားကိုပင် ရဲများ အကြမ်းဖက်သည်ဟု မီဒီယာများက ခေါင်းစဉ်တပ် သည်။

တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဌ ရာထူးယူထားသော်လည်း ပြည်တွင်း၌ တရားဥပဒေ စိုးမိုးမှု မရှိသေး။ လက်ပံတောင်းကိစ္စကို ကော်မရှင် ဥက္ကဌ လုပ်ပြီး အကြံပေးသော်လည်း အရာ မရောက်။ အစီရင်ခံစာကြီး ရေး သားခဲ့သော်လည်း မီဒီယာကော၊ ဆူပူသူများပါ တစ်ရွက်မကိုးကား၊ လှန်၍ မကြည့်။ ကော်မရှင်တွင်တော့ မပါ နောက်ကွယ်မှ ပံ့ပိုးပါမည် ဆိုသည့် ၈၈ များကလည်း ကြေငြာချက်ထုတ်ကာ ရဲတပ်ဖွဲ့ဝင်များကို အပုပ်ချ အပြစ် ဆိုခြင်းမှလွဲပြီး ပါဝင်ခြင်း မရှိ။ အဆုံး ဆိုလျှင်ကား အားကိုးယုံကြည်စွာဖြင့် ကော်မရှင်ကို ဦးဆောင်စေကာ တာဝန် တစ်ခု ယူစေသော် လည်း မအောင်မြင်သော တာဝန်ထမ်းဆောင်မှု တစ်ခုသာ ဖြစ်လေတော့ သည်။

တိုင်းရင်းသား လက်နက်ကိုင်များ အရေးကိုလည်း ငြိမ်းချမ်းအောင် ဖြေရှင်းနိုင်ခြင်း မရှိ။ ပြည်တွင်း ဆူပူမှုကို လည်း တားဆီးနိုင်ခြင်း မရှိ။ တာဝန်ယူရသည့် ဥက္ကဌ ရာထူးများမှလည်း မည်သည့် ရလာဒ်မှ မပြနိုင်သေး။ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင်ကြီး အနေဖြင့် သမ္မတ မဖြစ်မချင်း ဆုတွေယူ ရင်း ပြီးတော့မှာလား ဟူ၍ မေးခွန်းထုတ်စရာများ ရှိလာသည်။


လက်ပံတောင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အရည်အချင်းစစ်မှန်ကို အားလုံးက သိရှိပြီးဖြစ်၍ နောက်နောင်တွင် "အစိုးရက ကမ်းလှမ်းလာပါက ကြားဝင်ဆောင်ရွက်ရန်အဆင့်သင့် ရှိပါတယ်" ဟူသော လူကြားကောင်းသည့် စကားမျိုး မပြောရဲတော့ပေ။

 .. www.MyanmarExpress.net
 

အပြောင်းအလဲကြောင့် မြန်မာ့စီးပွားရေးတိုးတက် IMF သုံးသပ်

From : ..voa

IMF အဖွဲ့ရဲ့ အာရှ-ပစိဖိတ်ဒေသ အကြီးအကဲ Anoop Singh (ဓာတ်ပုံ - IMF)

.
မြန်မာနိုင်ငံဟာ စီးပွားရေးကို ခေတ်မှီအောင် ပြုပြင်ပြီး ကမ္ဘာ့စီးပွားရေး အသိုင်းအ၀ိုင်းထဲ ပြန်ဝင်လာတာ တွေ့ရသလို ပြီးခဲ့တဲ့နှစ်ထဲမှာ နိုင်ငံတွင်း အပြောင်းအလဲတွေ လုပ်ဆောင်နေတဲ့အတွက် စီးပွားရေး ကြီးထွားမှု လျင်လျင်မြန်မြန် ဖြစ်လာတာတွေ့ရတယ်လို့ IMF နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ကြီးက ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံပါဝင်တဲ့ အာဆီယံနိုင်ငံတွေနဲ့ အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံတွေရဲ့ ၂၀၁၃ ခုနှစ်အတွက် စီးပွားရေး ကြီးထွားမှုနှုန်း သိသိသာသာ မြင့်မားလာတာကြောင့် ကမ္ဘာ့စီးပွားရေး ပြန်ပြီး နလန်ထူဖို့ ဖြစ်လာတယ်လို့လည်း IMF ရဲ့ နောက်ဆုံး ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။

၂၀၁၃ ခုနှစ်အတွက် ကမ္ဘာ့နိုင်ငံတွေမှာ ထွက်ကုန်ပမာဏ ၃ ဒဿမ ၃ ရာခိုင်နှုန်း မြင့်မားလာပြီး ဒါဟာ အဓိက အမေရိကန် ပြည်ထောင်စု အတွင်း စီးပွားရေး ပြန်လည် နလန်ထူလာစ ပြုလာတာကြောင့်အပြင် အာရှနိုင်ငံတွေရဲ့ စီးပွားရေး ကြီးထွားမှုနှုန်းက သိပ်ကို အရေးပါတဲ့ကဏ္ဍမှာ ရှိနေတယ်လို့ IMF အဖွဲ့ရဲ့ အာရှ-ပစိဖိတ်ဒေသ အကြီးအကဲ အနွတ် ဆင်းမ် (Anoop Singh) က ပြောပါတယ်။

“အာရှနိုင်ငံတွေမှာကြည့်မယ်ဆိုရင် စီးပွားရေးကြီးထွားမှုနှုန်းက ဒီနှစ်မှာ ၅ ဒဿမ ၇ ရာခိုင်နှုန်းလောက်ကို ဖြစ်လာနေပြီး၊ ၆ ရာခိုင်နှုန်းလောက်အထိကို တက်သွားနိုင် ပါတယ်။ ဒါ့အပြင် အာရှဒေသတွင်း ထူးထူးခြားခြား တိုးတက်မှုကနေ ၇ ရာခိုင်နှုန်းလောက်အထိကို ဖြစ် လာနိုင်တာပါ။”

၂၀၁၃ ခုနှစ် ကမ္ဘာ့စီးပွားရေး ပြန်လည်ပြီး ကောင်းမွန်လာတာဟာ အာရှဒေသ စီးပွားရေး ကောင်းမွန်လာလို့ဖြစ်သလို၊ ဒေသတွင်း ပြည်တွင်း ၀ယ်လိုအား
မြင့်မားလာတာနဲ့ အလုပ်လက်မဲ့နှုန်း ကျဆင်းလာတာဟာ အဓိကလို့ ဆိုပါတယ်။

“အာရှဒေသအတွက် ကြည့်မယ်ဆိုရင်တော့ အထူးသဖြင့် တိုးတက်လာနေတဲ့ အာရှဒေသတွင်း နိုင်ငံတွေမှာ ၀ယ်လိုအား သိပ်မြင့်လာတာ စီးပွားရေး ကြီးထွားမှုကို အဓိက ဖြစ်စေတဲ့အချက်ပါ။ ဒေသတွင်း စားသုံးမှု အနေအထားရော၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုပါ တိုးလာနေတာကို တွေ့ရမှာပါ။ ဒါ့အပြင် ကမ္ဘာ့စီးပွားရေးမှာရော၊
ဒေသတွင်း စီးပွားရေးအတွက်ပါ ပိုကောင်းလာစေတဲ့အချက်က အလုပ်သမား ဈေးကွက် ကောင်းနေတာကြောင့်မို့ဆိုတာ ရှင်းပါတယ်။”

မြန်မာနိုင်ငံဟာ ကမ္ဘာ့စီးပွားရေး အသိုင်းအ၀ိုင်းထဲ ပြန်လည် ၀င်နိုင်ဖို့ ကြိုးစားလာတာ တွေ့ရပြီး၊ ပြီးခဲ့တဲ့နှစ်ထဲ ပြုလုပ်ခဲ့တဲ့ အပြောင်းအလဲတွေကြောင့် စီးပွားရေး ကြီးထွားမှု လျင်လျင်မြန်မြန် ဖြစ်လာတာကို တွေ့ရတယ်လို့ IMF ရဲ့ ဧပြီလ အစီရင်ခံစာမှာ မြန်မာနိုင်ငံဆိုင်ရာ ခန့်မှန်းချက်ကို ဖော်ပြထားပါတယ်။

၂၀၁၃ ခုနှစ် ပထမ လေးလပတ်ထဲမှာ မြန်မာနိုင်ငံ သွင်းကုန်ထုတ်ကုန်လုပ်ငန်း တဟုန်ထိုး မြင့်မားလာပြီး ဒါဟာ အထည်ချုပ်စက်ရုံတွေရဲ့ ထွက်ကုန်တိုးတာနဲ့ စီးပွားရေးပိတ်ဆို့တဲ့ နိုင်ငံတွေက ပိတ်ဆို့မှုတွေ ယာယီ ရုပ်သိမ်းပေးခဲ့တာကြောင့်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပေးပြီး ပြုပြင်ပြောင်း လဲမှုတွေ လုပ်လာတဲ့အပေါ်မှာ မူတည်ပြီး စီးပွားရေး အလားအလာလည်း မြင့်မား လာတယ်လို့ ဖော်ပြပါတယ်။ ၀င်ငွေနည်း စီးပွားရေးလုပ်ငန်း တွင်ကျယ်တဲ့ ဒေသတွင်းနိုင်ငံတွေမှာ ဆင်းရဲတွင်း နက်နေတာဟာ ရသုံးငွေ ကွာဟမှုများတာကို ထိန်းညှိမပေးနိုင်လို့ဖြစ်ပြီး မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာတော့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်က သိပ်ကို ကြီးမားနေတာမို့ ဒါကို ထောက်ပံ့ကူညီနိုင်ဖို့အတွက် နှစ်စဉ် လိုငွေပြမှုကို ထိန်းထားနိုင်မယ့် မြင့်မားပြီး တည်ငြိမ်တဲ့ အခွန်ဘဏ္ဍာရအောင်လုပ်ဖို့ လိုအပ်နေတယ်လို့ အကြံပေးထားပါတယ်။

အစိုးရပိုင်းက စီမံခန့်ခွဲရေး ကောင်းမွန်အောင် လုပ်ဆောင်မှုတွေနဲ့အတူ အခွန်ကောက်ခံနှုန်း ပြောင်းလဲလာတာနဲ့ လူထုရဲ့ ငွေကြေး စီမံခန့်ခွဲမှုဆိုင်ရာ ပိုပြီး တိုးတက်လာတာကို တွေ့ရတဲ့အတွက် IMF က ကြိုဆိုလိုက်ပါတယ်။

AEC လို့ခေါ်တဲ့ အာဆီယံ စီးပွားရေး အသိုင်းအ၀ိုင်းနဲ့ ပူးပေါင်းပြီး ၂၀၁၅ မှာ ကမ္ဘာ့နိုင်ငံတွေကြား ငွေကြေးဆိုင်ရာ အလေးထားရတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာအောင် ကြိုးစားနေတဲ့ မြန်မာနိုင်ငံမှာ ဒီနှစ် နှစ်ဆန်းမှာ FESR လို့ခေါ်တဲ့ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်နေတာကို ချပြခဲ့ပြီး ဆင်းရဲမှု လျှော့ချရေးနဲ့ အစုရှယ်ယာ တန်ဖိုးတွေ မြင့်မားလာအောင် ရေရှည် စီးပွားရေး တိုးတက်ဖို့ လမ်းဖွင့်ပေးခဲ့တာ တွေ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

မြန်မာအာဏာပိုင်တွေဟာ ငွေကြေး ဖောင်းပွမှု သိပ်မရှိအောင် ဦးစားပေး ပြီး နိုင်ငံတကာနဲ့ ကုန်သွယ်မှုလုပ်ဖို့ ရည်ရွယ်ဆောင်ရွက်နေတာ တွေ့ရပေမဲ့
နိုင်ငံတကာက ၀င်လာမယ့် စီးပွားရေးလုပ်ငန်းတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ပြီး နိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု စီမံခန့်ခွဲရေးဟာ မြန်မာနိုင်ငံ အတွက် အဓိက စိန်ခေါ်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၀န်ထမ်းတွေကိုယ်တိုင် စောင့်ကြည့်လုပ်ဆောင်နေတဲ့ Staff Monitor Program လို့ခေါ်တဲ့ SMP လုပ်ငန်းမှာ IMF က မြန်မာအာဏာပိုင်တွေကို အကူအညီပေးနေတယ်လို့ ဆိုပါတယ်။ FESR နဲ့ SMP အစီအစဉ်တွေအတွက် ၂၀၁၃ ခုနှစ် အစောပိုင်းမှာပဲ အာရှဖွံ့ဖြိုးမှု ADB နဲ့ World Bank ကမ္ဘာ့ဘဏ်တို့အပြင်  မြန်မာနိုင်ငံ တင်ရှိနေတဲ့ ပဲရစ်ကလပ် မြီရှင်နိုင်ငံတွေက
မြန်မာနိုင်ငံကနေ ပေးရမယ့် ကြွေးကျန်တွေအတွက် ငွေချေးပုံစံ ပြောင်းလဲ ပြီးတာ၊ ငွေလျှော်ပစ်တာတွေ လုပ်ပေးခဲ့ပါတယ်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်းမှာ အခုလုပ်ဆောင်မှုတွေရဲ့ အကျိုးအမြတ်တွေ ကို မြန်မာနိုင်ငံ ခံစားရမှာဖြစ်ပြီး စီးပွားရေး ကြီးထွားမှုနှုန်း ၇ ရာခိုင်နှုန်းလောက်အထိ တက်လာနိုင်တယ်လို့လည်း IMF က ခန့်မှန်းထားပါတယ်။
. www.MyanmarExpress.net
 

ဝတပ်ကို တရုတ်က လက်နက်တပ်ဆင်ထားသောစစ်ရဟတ်ယာဉ်များပေးပို့

From : ..Kachin Daily News


UWSA ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဟာ ပထမဆုံးအကြိမ် အဖြစ် တရုတ်နိုင်ငံမှ ဆုံလည်ပစ်လို့ရတဲ့ လက် နက် တပ်ဆင်ထားတဲ့ ရဟတ်ယာဉ်များကို ရရှိခဲ့ကြောင်း ဧပြီ ၂၉ ထုတ် Janes Intelligence သ တင်း မှာ ဖော်ပြပါတယ်။ ဒါဟာ UWSA အမြန်လက်နက်ပြန်လည် တပ်ဆင်ရေးအတွက် လုပ် ရပ်ဖြစ်ေ ကြာင်း သိရပါတယ်။

ဖေဖော်ဝါရီလကုန်ပိုင်းနှင့် မတ်လ အစပိုင်းမှာလည်း TY-90 လက်နက် တပ်ဆင်ထားသော စစ်သုံး Mi-17 Hip အလတ်စားသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ကို ၀တပ်ကို ပေးပိုခဲ့ကြောင်းကို မြန်မာတိုင်းရင်းသား သတင်း ရပ်ကွက်နှင့် မြန်မာအစိုးရ သတင်းရပ်ကွက်အရ သိရကြောင်:ဖော်ပြ ထားပါတယ်။

တရုတ်နယ်စပ်တလျှောက် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းမှာ နေရာဖြန့်ကျက်ထားတဲ့ UWSA ဟာ လက် ရှိမှာ မြန်မာအစိုးရတပ်နဲ့ မခိုင်မြဲလှသော အပစ်ရပ်ရေးသဘောတူညီချက်ရယူထားပါတယ်။

အခု Mi-17 ရဟတ်ယာဉ်တွေကို တရုတ်နိုင်ငံကနေ တိုက်ရိုက် မဟုတ်ဘဲ လာအိုဘက်က တဆင့် မဲေ ခါင်မြစ်ကို ဖြတ်ပြီး ၀နယ်ကို ပေးပို့ခဲ့ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တဖွဲ့ကပြောဆိုပြီး စုစုပေါင်း ရဟတ် ယာဉ် ၅ စီးပေးပို့ခဲ့ကြောင်း လည်း ပြောဆိုခဲ့ပါတယ်။မြန်မာအစိုးရသတင်းရပ်ကွက်ကတော့ ရဟတ်ယာဉ် များ UWSA လက်ထဲသို့ ရောက်ရှိကြောင်း အတည်ပြုခဲ့ပေမဲ့ ရဟတ်ယာဉ် ၂ စီးကိုသာ ပေးပို့သည်ဟု ဆိုပါတယ်။

Mi-17 ရဟတ်ယာဉ်များကို ဝေဟင်အချင်းချင်း ပစ်နိုင်သည့် TY-90 လက်နက်တပ်ဆင်ထားတယ်ဆိုတဲ့ တိုင်းရင်း သားလက်နက်ကိုင် သတင်းရပ်ကွက်အဆို မှန်ကန်ခဲ့မယ်ဆိုရင် တပ်မတော်ရဲ့ ရုရှက မကြာသေး ခင်ကမှ ၀ယ်ယူထားသော Mi-24P Hind စစ်ရဟတ်ယာဉ်ကို ဟန့်တားနိုင်မှာ ဖြစ်တယ်လို့ Janes Intelligence သတင်းက ဆိုပါတယ်။

အဲဒီစစ်ရဟတ်ယာဉ်ကို တပ်မတော်က ကချင်လွတ်မြောက်ရေးတပ် KIO ကို တိုက်ခိုက်ခဲ့စဉ်က အ သုံးပြုခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

..
 www.MyanmarExpress.net