From :
.. popular
.
. www.MyanmarExpress.net
တနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်မြို့နယ်ရှိ ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းအတွက်ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ရန်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကုန်သွယ်မှုနှင့်
စားသုံးသူရေးရာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများသွားရောက်ကြည့်ရှု့ကြောင်းသိရသည်။
မြန်မာသမ္မတ ဦးသိန်းစိန် နှင့် ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ် တို့ ဘရူးနိုင်းနိုင်ငံတွင် တွေ့ဆုံခဲ့ပြီးနောက် မေလ(၁၁)ရက်
နေ့တွင် ဖွင့်လှစ်မည်ဟု သတင်းထွက်ပေါ်လာသော တနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်မြို့နယ်ရှိ ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းအတွက်ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ရန်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကုန်သွယ်မှုနှင့်စားသုံးသူရေးရာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဦးညွန့်အောင်နှင့်အဖွဲ့ဝင်များ၊တိုင်းဒေသကြီးအစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ခရိုင်အုပ်ချုပ်ရေးဦးစီးမှူးနှင့် တာဝန်ရှိသူများနှင့် ထားဝယ်ခရိုင်ကုန်သည်ကြီးများအသင်းမှစီးပွားရေးလုပ်ငန်းရှင်များသည်
ဧပြီ၂၈ရက် နံနက်ပိုင်းကထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းသို့သွားရောက်ကာလိုအပ်သည့်ကြိုတင်ပြင်ဆင်မှု
များပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ နယ်စပ်ကုန်သွယ်ရေးစခန်းကိုဖွင့်လှစ်ရန် ကြိုးပမ်းနေသည်မှာကြာပြီဖြစ်သော်လည်း
တကယ်တမ်းဖွင့်လှစ်ပြီဆိုပါက ထိုင်းဘက်က အဆင်သင့်ဖြစ်နေသည်မှာကြာပြီဖြစ်၍ကုန်သွယ်မှုတွင်
ထိုင်းဘက်ကအသာစီးရနိုင်မည်ဟုထင်မြင်ကြောင်း၊ ထားဝယ်ဒေသဘက်က ကုန်စည်စီးဆင်းမှုမှာ
အဆင်သင့်ဖြစ်နိုင်ပါ့မလား ဟုစိုးရိမ်မိကြောင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကသုံးသပ်သည်။
ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းသည် ထားဝယ်ဒေသတွင် အကောင်အထည်ဖော်နေသော
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့်ထားဝယ် -
ဘန်ကောက် အဝေးပြေးလမ်းမကြီးပေါ်တွင် အဓိကကျသည့်နေရာတစ်ခုလည်းဖြစ်သည်။
ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်း မဖွင့်မီကပင် ထိုလမ်းကြောင်းမှတစ်ဆင့်ထိုင်းကုန်ပစ္စည်းများဝင်ရောက်မှုရှိကြောင်းဒေသခံများကဆိုသည်။
ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်ပြီးပါက ခရီးသွားလုပ်ငန်းသည်လည်း ဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း
ခန့်မှန်းကြပြီး ၊လမ်းတစ်လျှောက် အိမ် ၊ခြံ ။မြေ ဈေးကွက်သည်လည်း မြင့်တက်သွားဖွယ်ရာရှိသည်။နယ်စပ်ကုန်သွယ်ရေးစခန်းများဖွင့်လှစ်နိုင်ရေး
အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်နှင့်အဖွဲ့သည်
ယနေ့နံနက်ပိုင်းတွင်လေကြောင်းခရီးဖြင့်ကော့သောင်းမြို့သို့ဆက်လက်ထွက်ခွာသွားပြီဖြစ်သည်။ထိုမှတစ်ဆင့် မြိတ်မြို့သို့လာရောက်ကာ မေလ(၈)ရက်နေ့တွင်ဖွင့်လှစ်မည့် မောတောင်
နယ်စပ်ကုန်သွယ်ရေးစခန်းသို့ သွားရောက်မည်ဖြစ်ကြောင်းသိရသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်