From :
..မြဝတီ
၂၀၁၃ ခုနှစ်၊ ဧပြီလ (၂၇)ရက်နေ့ (၀၁၀၀)
အချိန်တွင် SSA (ဝမ်ဟိုင်း) အဖွဲ့မှ အင်အား(၁၀) ဦးခန့်သည် လက်နက်ငယ်
ကိုယ်စီဖြင့် သီပေါမြို့နယ် မိုင်းလင်း ကျေးရွာနှင့် ခုတ်နမ့် ကျေးရွာရှိ
ရွာသား (၁၂) ဦးအား ထော်လာဂျီ ၁ စီးဖြင့် ခိုနဖား ကျေးရွာသို့ ဖမ်းဆီး
ခေါ်ဆောင် သွားကြောင်း သိရှိရသည်။
အဆိုပါ (၁၂) ဦးမှာ-
(၁) မောင်အောင်ခန့် (၂၅)နှစ်၊ (ဘ)ဦးပန်၊ ခုတ်နမ့် ကျေးရွာ၊ သီပေါမြို့နယ်။
(၂) ဦးအောင်သိန်း (၅၆)နှစ်၊ (ဘ) ကျယ်လှ၊ ခုတ်နမ့်ကျေးရွာ၊ သီပေါမြို့နယ်။
(၃) ဦးစိုင်းဆိုင်လောင်း (၃၅)နှစ်၊ (ဘ) ဦးစိုင်းလုံ၊ ခုတ်နမ့်ကျေးရွာ၊ သီပေါမြို့နယ်။
(၄) မောင်စိုင်းရွှေလန်းဦး (၁၇)နှစ်၊ (ဘ) ဦးညိုသန်း၊ ခုတ်နမ့်ကျေးရွာ၊ သီပေါမြို့နယ်။
(၅) မောင်စိုင်းတန် (၁၆)နှစ်၊ (ဘ) ဦးစံထွန်း၊ ခုတ်နမ့်ကျေးရွာ၊ သီပေါမြို့နယ်။
(၆) ဦးစိုင်းစံအေး (၅၂)နှစ်၊ (ဘ) ဦးကားလို၊ ခုတ်နမ့်ကျေးရွာ၊ သီပေါမြို့နယ်။
(၇) မောင်စိုင်းပီး (၁၆)နှစ်၊ (ဘ) ဦးနန္ဒိယ၊ ခုတ်နမ့်ကျေးရွာ၊ သီပေါမြို့နယ်။
(၈) မောင်စိုင်းလှထွန်း (၂၇)နှစ်၊ (ဘ) ဦးစံထွန်း၊ မိုင်းလင်းကျေးရွာ၊ သီပေါမြို့နယ်။
(၉) မောင်စိုင်းသိန်းအောင် (၂၀)နှစ်၊ (ဘ) ဦးမိန်သာ၊ မိုင်းလင်းကျေးရွာ၊ သီပေါမြို့နယ်။
(၁၀) မောင်စိုင်းကျော်လွန် (၂၅)နှစ်၊ (ဘ) ဦးဝိန်းကျော်၊ မိုင်းလင်းကျေးရွာ၊ သီပေါမြို့နယ်။
(၁၁) မောင်စိုင်းသာဟန် (၁၇)နှစ်၊ (ဘ) ဦးဖိုင်ကန်၊ မိုင်းလင်းကျေးရွာ၊ သီပေါမြို့နယ်။
(၁၂) ဒေါ်နှိုင်းမတ် (၅၈)နှစ်၊ (ဘ) ဦးကိုလိန်၊ မိုင်းလင်းကျေးရွာ၊ သီပေါမြို့နယ်။
ဖမ်းဆီး ခံရသူများ ပြန်လည် လွတ်မြောက်ရေး အတွက် နယ်မြေခံ စစ်ကြောင်းများမှ အစွမ်းကုန် ရှာဖွေမှုများ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
.. www.MyanmarExpress.net

1 comments:
SSAဆို တာ သူ ပုန် တွေ ပါ လက် နက် အား ကိုး ပြိး ပြည် သူ ကို အ နိုင် ကျင့် နေ တဲ့ ကောင် တွေ ပါ အ စိုး ရ က အ ပြတ် ရှင်း ပေး ပါ တ ရုတ် ခွေး တွေ က လဲ မြှောက် ပင် ပေး နေ တယ်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်