Subscribe to our RSS Feed

ဒေါ်စု ပထမ စာမေးပွဲ ကျရှုံး

From : ..OE


လက်ပံတောင်း ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကော်မရှင် တစ်ရပ် ဖွဲ့စည်းခဲ့သည်။


 ထိုအချိန်တွင် လက်ပံတောင်း ပြဿနာကို ဒေါ်အောင်ဆန်းစုကြည် မဖြေရှင်းနိုင်ကြောင်း၊ ပြဿနာများကို ကြားဝင်ဖြေရှင်းနိုင်သည့် အရည်အချင်း ဒေါ်အောင်ဆန်းစုကြည်တွင် မရှိကြောင်း၊ လက်ပံတောင်း ပြဿနာသည် ဒေါ်အောင်ဆန်းစုကြည်အတွက် ပထမဆုံး စိန်ခေါ်မှုဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အတွက် ပထမအဆင့် စာမေးပွဲဖြစ်ကြောင်း ဝေဖန်သံများ ဆူညံခဲ့ပြီး အများစုမှ ဤစာမေးပွဲအား အောင်မြင်အောင် ဖြေဆိုနိုင်သည့် အရည်အချင်း ဒေါ်အောင်ဆန်းစုကြည်တွင် ရှိကြောင်း ယုံကြည်ခဲ့ကြသည်။

မီးလောင်ဗုံး ဆိုသည့် ပြဿနာကို ဒေါ်အောင်ဆန်းစုကြည်မှ ရှင်းခဲ့သည်။ သို့သော် အမေက ခိုင်းရင် ဘာမဆို လုပ်သူများ ပါးစပ်၌ ယနေ့ထိ မီးလောင်ဗုံးဟု သုံးနှုံးလျှက် ရှိသေးသည်။ လက်ပံတောင်း စီမံကိန်းကြီး ဆက် လုပ် သင့်သည်ဟု အကြံပေးသည်။ အစီရင်ခံစာ ထွက်ပြီး မကြာခင် ဆူပူမှုများ ဖြစ်သည်။ ကိုယ်တိုင် သွားရှင်း တာတောင် အဆင်မပြေခဲ့။ ဒေါ်အောင်ဆန်းစုကြည် တစ်သက်တာတွင် စိတ်ပျက်ဖွယ် အကောင်းဆုံး အခြေ အနေဟု ပြောရလောက်အောင် ဝေဖန်မှုများ ရင်ဆိုင်ခဲ့ရသည်။ ယခင် အကျယ်ချုပ်ကျစဉ်က အင်္ဂါနေ့တိုင်း ဆု တောင်းပေးခဲ့သည့် နော်အုံးလှတို့ ရန်ကုန်တွင် ဆန္ဒပြသည်။ ကွန်ယက်ဆိုသည့် အဖွဲ့များမှ ဆက်တိုက် ကန့် ကွက်သည်။

လျော်ကြေးယူသူက ယူသည်။ မယူသူက မယူကြ။ နောက်ဆုံးတွင် ရဲတပ်ဖွဲ့ဝင်များကို ရန်ပြုသည် အထိ အခြေ အနေက ဆိုးရွားလာသည်။ ၄င်းတို့၏ တောင်းဆိုချက်မှာ လက်ပံတောင်း စီမံကိန်းကြီး လုံးဝ ရပ်ဆိုင်းသွားရန် ဖြစ်ပြီး ထို အချက်နှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်မှ အစီရင်ခံစာတွင် အသေးစိတ် ရှင်းပြခဲ့ မှု အပေါ် မည်သူမျှ နားမ၀င်ကြ။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ပညာရှင် အများအပြား ပါဝင်ခဲ့ကာ ရေးသားခဲ့ကြသည့် အစီရင်ခံစာသည် လူ ၈ ယောက်အပေါ် မည်သည့် သက်ရောက်မှုမှ မရှိသဖြင့် စီမံကိန်းလည်း ဆက်မလုပ်နိုင်။ တည်ငြိမ်မှုလည်း မရှိ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကပင် နောက်ထပ် ၀င်ရောက်ပြောဆိုမှု မရှိကာ မျက်နှာလွှဲ ခဲပစ်လုပ် ပြီးနောက် အဆိုပါ ၈ ယောက်မှ ရွာထဲတွင် စတည်းချသည်။ ရွာသားများကို စည်းရုံးသည်။ ရဲတပ်ဖွဲ့မှ ဥပဒေအတိုင်း အမှုဖွင့်၍ တရားစွဲရန် ပြင်သည်။ လက်ခံထားသူများကို အရေးယူမည်ဟု ဆိုသည့်အခါ လက်ခံထားတာ သူတို့ဆိုပြီး ရွာသားများက လာအဖမ်းခံသည်။ ရွာတွင်းသို့ ရဲတပ်ဖွဲ့ဝင်များ ၀င်ဖမ်းမရသည့် အခြေ အနေမှာ တရားဥပဒေ စိုးမိုးမှု ရှိနေသည့် အခြေအနေလည်း မဟုတ်။ ရဲ ၁၅ ယောက်၊ ရွာသား ၃ ယောက် ဒဏ်ရာ ရသည့် အနေအထားကိုပင် ရဲများ အကြမ်းဖက်သည်ဟု မီဒီယာများက ခေါင်းစဉ်တပ် သည်။

တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဌ ရာထူးယူထားသော်လည်း ပြည်တွင်း၌ တရားဥပဒေ စိုးမိုးမှု မရှိသေး။ လက်ပံတောင်းကိစ္စကို ကော်မရှင် ဥက္ကဌ လုပ်ပြီး အကြံပေးသော်လည်း အရာ မရောက်။ အစီရင်ခံစာကြီး ရေး သားခဲ့သော်လည်း မီဒီယာကော၊ ဆူပူသူများပါ တစ်ရွက်မကိုးကား၊ လှန်၍ မကြည့်။ ကော်မရှင်တွင်တော့ မပါ နောက်ကွယ်မှ ပံ့ပိုးပါမည် ဆိုသည့် ၈၈ များကလည်း ကြေငြာချက်ထုတ်ကာ ရဲတပ်ဖွဲ့ဝင်များကို အပုပ်ချ အပြစ် ဆိုခြင်းမှလွဲပြီး ပါဝင်ခြင်း မရှိ။ အဆုံး ဆိုလျှင်ကား အားကိုးယုံကြည်စွာဖြင့် ကော်မရှင်ကို ဦးဆောင်စေကာ တာဝန် တစ်ခု ယူစေသော် လည်း မအောင်မြင်သော တာဝန်ထမ်းဆောင်မှု တစ်ခုသာ ဖြစ်လေတော့ သည်။

တိုင်းရင်းသား လက်နက်ကိုင်များ အရေးကိုလည်း ငြိမ်းချမ်းအောင် ဖြေရှင်းနိုင်ခြင်း မရှိ။ ပြည်တွင်း ဆူပူမှုကို လည်း တားဆီးနိုင်ခြင်း မရှိ။ တာဝန်ယူရသည့် ဥက္ကဌ ရာထူးများမှလည်း မည်သည့် ရလာဒ်မှ မပြနိုင်သေး။ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင်ကြီး အနေဖြင့် သမ္မတ မဖြစ်မချင်း ဆုတွေယူ ရင်း ပြီးတော့မှာလား ဟူ၍ မေးခွန်းထုတ်စရာများ ရှိလာသည်။


လက်ပံတောင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အရည်အချင်းစစ်မှန်ကို အားလုံးက သိရှိပြီးဖြစ်၍ နောက်နောင်တွင် "အစိုးရက ကမ်းလှမ်းလာပါက ကြားဝင်ဆောင်ရွက်ရန်အဆင့်သင့် ရှိပါတယ်" ဟူသော လူကြားကောင်းသည့် စကားမျိုး မပြောရဲတော့ပေ။

 .. www.MyanmarExpress.net
 

5 comments:

မင်းတို့ကလည်းလေငါ့မမစုကိုပဲပုတ်ခတ်နေကြတယ်သူလည်းကြိုးတော့ကြိုးစားပါတယ်ကွအရည်အချင်းတကယ်မရှိလို့မလုပ်တတ်မကိုင်တတ်နဲ့အလွဲလွဲအချော်ချော်တွေဖြစ်နေတာပါဟဲဟဲ

Daw Aung San Suu Kyi is a very funny woman. She got Nobel Peace Prize given by Norway Nobel Committee for her attempts for democracy & peace in Myanmar during 1988. What did she do for peace during 1988? I saw nothing done by her for peace in Myanmar. She is the real culprit of crimes committed by her followers. She must take responsibility for all crimes occured in 1988. Nobel Committee gives Nobel Prize to criminal Aung San Suu Kyi is a mistaken. Thus, I never esteem the Nobel Peace Prize and Nobel Prize holder Aung San Suu Kyi. That is all!

Wednesday, May 01, 2013
Myanmar Express Group


၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ


၁/ မိုးသီးဇွန်း, ခင်ဥမ္မာ, ဝေနှင်းပွင့်သုန် စသော ပြည်ပရောက် ကြေးစား အတိုက်အခံများ

30 (66%)


၂/ စာမတတ်၊ ကျောင်းမတတ်သည့် ၈၈ ကျောင်းသားကြီးများ

26 (57%)


၃/ ဧရာဝတီ, မဇ္ဈိမ, BBC, VOA, DVB, RFA စသော ပြည်ပအထောက်အပံ့စား မီဒီယာများ

24 (53%)


၎/ အစိုးရရဲ့အောင်မြင်မှုကို လက်မခံနိုင်သည့် NLD ကဲ့သို့သော အတိုက်အခံပါတီဝင်များ

22 (48%)


၅/ အားတိုင်းဖွဲ့နေကြသည့် ၁၀ ယောက်တစ်ဖွဲ့ ကွန်ယက်များ

22 (48%)


၆/ ဒီမိုဖက်တီး, ခွန်ဒီးယမ် စသော နားတဖက်ပိတ် ဝါဒဖြန့် facebook များ

20 (44%)


၇/ ခေါင်းစဉ်ပေါင်းစုံဖြင့် သမဂ္ဂများ

17 (37%)


၈/ Eleven, The Voice, The Ladies စသော အတင်းအဖျင်းမီဒီယာများ

15 (33%)


၉/ သစ်ထူးလွင်, FNG, ဒေါက်တာလွဏ်းဆွေ စသော အတင်းဖွ blog များ

15 (33%)


Votes so far: 45
Days left to vote: 735


MyanmarExpress
May 01, 2013

ဘာ မှ စောက် သုံ မ ကြ ပါ ဘူး။ အ လ ကား အ ဖွား ကြီး။ သေ ကာ နီး အာ ဏာ ရူး နေ တာ

အခုလိုတော့မပြောကျပါနဲ့ဗျာ စိတ်တောင်မကောင်းဘူး
အသက်ကြီးလာရင်ဒီလိုပါဘဲ ကျနော်တို့အိမ်ဘေးကအဖွားကြီးဆို
နေ့တိုင်းပုတီးနဲ့လက်နဲ့မကွာဘူးဘာသာရေးလုပ်တာ
သေခါနီးတော့ပါးစပ်ကလင်လိုချင်တယ်ဘဲပြောနေတယ်
အသက်ကြီးလာရင်ဒီိလိုဘဲလား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်