Subscribe to our RSS Feed

အာဏာ မမက်မောသော အမှန်စင်စစ် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဦးသိန်းစိန် ၂၀၁၅ တွင် နေရာဖယ်ပေးနိုင်


မြန်မာနိုင်ငံကို ဒီမိုကရေစီ စနစ် အသက်သွင်းပေးတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် သမ္မတကြီး ဦးသိန်းစိန်ဟာ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ထပ်မံဝင်ရောက်ချင်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ ဆက်လက်မယှဉ်ပြိုင်ဘဲ ရာထူးမှဖယ်ပေးလျှင်လည်း ဖယ်ပေး ဖွယ်ရှိကြောင်း သမ္မတ၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က ဘလွန်းဘာ့ဂ်ျ မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ထည့်သွင်းပြောကြားသွားပါတယ်။

''နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကောင်းတွေ ဖြစ်ပေါ်လာအောင် နိုင်ငံတော်သမ္မတကြီးအနေနဲ့ အခြေခံအုတ်မြစ်ကောင်းတွေ ချပေးနိုင်ခဲ့ပါတယ်၊ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုခရီး စဉ်မှာ နိုင်ငံတော်သမ္မတကြီးဟာ ဦးဆောင်ဦးရွက်မှုကောင်းကောင်း ပေးနိုင်ခဲ့ပါတယ်၊ သမ္မတရဲ့ လက်ရှိသမ္မတသက်တမ်းမှာ ပြုပြင်ပြောင်းလဲရေးတွေ အားရလောက်အောင် အောင် မြင်မှုရှိတာကို သမ္မတအနေနဲ့ မြင်ရမယ်ဆိုရင် သူလည်း ကျေနပ်အားရမယ်လို့ ယူဆနိုင်ပါတယ်၊ ဒီမိုကရေစီလမ်းစဉ် လျှောက်လှမ်းတဲ့နောက်တစ်ဆင့်ဟာ နောက်ခေါင်းဆောင်တွေရဲ့ လက်ထဲ ကို လွှဲပြောင်းပေးဖို့ရာလည်း ဖြစ်နိုင်ပါတယ်'' ဟု ဦးကိုကိုလှိုင်က တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားသွားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် သမ္မတ ဦးသိန်းစိန် ဟာ အသက် ၆၇ နှစ်ရှိပြီဖြစ်ပြီး ရာထူး လက်ခံပြီး ၁၄ လအတွင်းမှာပင် မြန်မာနိုင်ငံကို ဒီမိုကရေစီ နိုင်ငံ တစ်ခုအဖြစ် ရုပ်လုံးပေါ်အောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ မြန်မာနိုင်ငံအား ကမ္ဘာ့အသိုင်းအဝိုင်းနှင့် ပြန်လည်ချိတ်ဆက်နိုင်အောင် ကြိုး ပမ်းနိုင်ခဲ့သူဖြစ်ပါတယ်။

ယခင် တပ်မတော် အစိုးရ လက်ထက် ဝန်ကြီးချုပ် တစ်ဦးဖြစ်ပြီး စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သော ယနေ့ ဒီမိုကရေစီ ခေါင်းဆောင် ဦးသိန်းစိန် ဟာ အရပ်သားအစိုးရအဖွဲ့ကို ဦးဆောင်ပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားအများအပြားကို လွတ် ငြိမ်းချမ်းသာခွင့်ပေးခဲ့သလို၊ အတိုက်အခံ အယူသီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လက်ရှိ နိုင်ငံရေးလမ်းကြောင်းတွင် ပူးပေါင်းပါဝင်လာအောင် ညှိနှိုင်းစည်း ရုံးနိုင်ခဲ့ကြောင်း တွေ့ရပါတယ်။

လူဦးရေ ၆၄ သန်းရှိသော မြန်မာနိုင်ငံအတွက် ကမ္ဘာ့စီးပွားရေးတံခါးများကို ပြန်ဖွင့်ပေးနိုင်ခဲ့သလို၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ဝင်လာနိုင်အောင်လည်း တံခါးများ ဖွင့်လှစ်ပေးနိုင်အောင် ဦးဆောင်ကြိုးပမ်းလျက်ရှိကြောင်း တွေ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင်များက နေ့စဉ် ချီးကျူးခြင်းကို ခံနေရသူ၊ စံနမူနာပြ အဖြစ် ဥပမာပေး ခံရသူ တစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၂ ခုနှစ်တွင် ကမ္ဘာ့ သြဇာ အရှိဆုံး ပုဂ္ဂိုလ်များစာရင်းမှာလည်း ယခင်က ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ နှစ်ဦး ရွေးချယ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြုတ်သွားခဲ့ပါတယ်။ ဦးသိန်းစိန် တစ်ယောက်သာ တစ်ဦးတည်းသော မြန်မာ တစ်ဦး အဖြစ် ၂၀၁၂ ကမ္ဘာ့သြဇာအရှိဆုံး စာရင်း ဝင်ခဲ့ပါတယ်။

Myanmar Express

4 comments:

အစဉ်လေးစားလျက်ပါ

We believe that he is destined to shape Myanmar future.So we want him to stay office as long as he can.But have to respect his desire.Anyway three years is long way to go.Meanwhile we support "Mr President" to lead our country for second term of president in order to topple the opposition.

တ က ယ် ကြီး လား စိတ် မ ကောင်း စ၇ာ

လေးစားပါတယ် သမ္မတကြီး
သမ္မတကြီးလုပ်နေတာတွေဟာ ဘယ်တုန်းကမှ မမျှော်မှန်းရဲခဲ့တာတွေကို
ပြည်သူတွေကို လုပ်ပေးနေတာတွေပါ
သမ္မတကြီး ဆက်လက် တာဝန်ထမ်းဆောင်ပေးစေလိုပါတယ်
လေးစားဦးညွှတ်ပါတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်