Subscribe to our RSS Feed

လူသား ကပ်ဘေးအဖြစ် ရောက်ရှိနိုင်ရန် ကြက်ငှက်တုပ်ကွး အဆင့် တစ်ခုသာလို

From : MRTV4


H5n1 ရောဂါပိုးမှာ ကြက်ငှက်တုပ်ကွေး ရောဂါပိုး တစ်မျိုးဖြစ်ပြီး လူသားများ အကြားတွင် ကူးစက်နိုင်မှုမှာ ယခင်က ခန့်မှန်းထားသည်ထက် လျင်မြန်နိုင်ကြောင်း တွေရှိရပြီ ဖြစ်သည်။ အဖွဲ့နှစ်ဖွဲ ပါဝင်သော သုတေသန ပညာရှင်များမှာ ဓါတ်ခွဲခန်း အတွင်း အဆိုပါ ရောဂါပိုး၏ ဗီဇကို ပုံစံပြောင်းကြည့်ပြီးနောက် ယခုလို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ယခုလို တွေ့ရှိမှု့နှင့် ပတ်သက်ပြီး အစိုးရ အကြံပေး အဖွဲ့မှ ထုတ်ပြန်ခြင်း မပြုရန် ပိတ်ပင်ခဲ့ပြီး အကြမ်းဖက် သမားများ အနေဖြင့် အသုံးချသွားမည်ကို စိုးရိမ်၍ ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် ၎င်းတို့၏ လေ့လာမှုများကို သိပ္ပံ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်း အတွင်း ပြင်းထန်သည့် ငြင်းခုန်မှုများ ပြုလုပ်ပြီး ယခုလို ခွင့်ပြုလိုက်ခြင်းလည်း ဖြစ်သည်။ ယခုလို လေ့လာတွေ့ရှိချက်မှ တစ်ဆင့် ပြည်သူ့ ကျန်းမာရေး အတွက် ကောင်းမွန်သည့် အကျိုးအမြတ်များ ရရှိစေရန် လုပ်ဆောင်နိုင်တော့မည် ဖြစ်သည်ဟု အဆိုပါ သုတေသနကို ဦးဆောင်ခဲ့သူ Kawaoka မှ ပြောကြား သွားခဲ့သည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်