Subscribe to our RSS Feed

ငွေလဲနှုန်း ပုံစံပြောင်းလဲ မှုကြောင့် အိတ်စပို့ လုပ်ငန်းများ ချောမွေ့ လာ

From : MRTV-4



ဧပြီလ ၂ ရက်နေ့မှ စတင်ကာ ပြည်တွင်းမှာ အမျိုးမျိုး ဖြစ်ပေါ်နေတဲ့ ငွေလဲလှယ် နှုန်းတွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ စီမံ အုပ်ချုပ်သည့် နှုန်းရှင်

စနစ်နဲ့ နိုင်ငံခြား ငွေလဲလှယ်မှု နှုန်းထား တွေကို သတ်မှတ်ပေးခဲ့ရာ ဒီလို သတ်မှတ် ပေးမှုကြောင့် အိတ်စပို့ လုပ်ငန်းရှင်တွေ အနေနဲ့ လုပ်ငန်း ဆောင်ရွက်မှုတွေ ပိုမိုချောမွေ့ လာတယ်လို့ ပြည်ပသို့ ပဲတင်ပို့နေတဲ့ လုပ်ငန်းရှင်တွေ ထံက သိရပါတယ်။ အရင်က နိုင်ငံခြား ငွေလဲလှယ်မှုကို နှုန်းရှင် အဖြစ် မသတ်မှတ်မီက နိုင်ငံခြား ငွေလဲလှယ် နှုန်းထားတွေရဲ့ ပြောင်းလဲမှုတွေ မြန်ဆန်တဲ့ အတွက် လုပ်ငန်းရှင် တွေဟာ လုပ်ငန်း လုပ်ကိုင်မှု အပိုင်းတွေမှာ အဆင်မပြေ ဖြစ်ခဲ့ရပါတယ်။

အဲ့ဒီ အတွက် လုပ်ငန်း ကြန့်ကြာ နှောင့်နှေး တာတွေ ဖြစ်ပေါ်ကာ အိတ်စပို့ လုပ်ငန်းတွေ နှေးကွေး ခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ များလာတာနဲ့ အမျှ ပြည်တွင်းရဲ့ ပို့ကုန် လုပ်ငန်းတွေရဲ့ အလားအလာ ပိုမိုကောင်းမွန် လာပြီး ဈေးကွက် ရရှိမှု တွေလည်း ပိုမို အဆင်ပြေ လာစေမှာ ဖြစ်တယ်လို့ သိရပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်