Subscribe to our RSS Feed

ရေနံကမ်းလွန်လုပ်ကွက်များ ဦးရာလူစနစ်ဖြင့် ပေးတော့မည်

From : ခေတ်လူငယ်


ရေနံနှင့်သဘာဝဓာတ်ငွေ့ကမ်းလွန်လုပ်ကွက်များအား တင်ဒါစနစ်မကျင့်သုံးတော့ဘဲ ဦးရာလူစနစ်ဖြင့် ချထားပေးမည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိက ပြောသည်။ “ ပြည်ပရင်းနှီးမြှုပ်နှံမှုကို များများဖိတ်ခေါ်ချင်တဲ့အတွက် ကြောင့်ပါ”ဟု ၎င်းက ပြောသည်။ လက်ရှိ၌ ကမ်းလွန်လုပ်ကွက်များအား ပြင်သစ်၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ဦးဆောင်မှုဖြင့် ရတနာသဘာဝဓာတ်ငွေ့စီမံကိန်း၊ ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်း၊ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၊ ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းတို့ကို ဆောင်ရွက်နေသည်။ ဦးရာလူစနစ်ဖြင့် ကမ်းလွန်လုပ်ကွက် ချထားပေးမှုတွင် ပင်လယ်ရေကြောင်း သွားလာရေးနှင့် ရေလုပ်ငန်းများ ထိခိုက်မှုမရှိစေရေးများအပါအဝင် ရေထုညစ်ညမ်းမှု မရှိစေရေး သဘောတူညီချက်များနှင့် တည်ဆဲဥပဒေနှင့် အညီချထားပေးမည်ဟု သိရသည်။ စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူက “အခုလည်း လာလုပ်ကြဖို့အတွက် ပြည်ပနိုင်ငံတွေ လာဆွေးနွေးနေပါပြီ” ဟု ပြောသည်။ ကုန်းပိုင်းလုပ်ကွက်များကိုမူ တင်ဒါစနစ်ဖြင့်သာ သွားမည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ သိရပြီး တင်ဒါခေါ်ယူထားသည့် လုပ်ကွက် ၁၈ ကွက်ထဲမှ ၁၀ ကွက်ကို ပြည်တွင်းမှ လုပ်ငန်းရှင်များပါဝင်မှုဖြင့် ချထားပေးခဲ့ပြီးဖြစ်သည်။ ကမ်းလွန်လုပ်ကွက် (၄) အား လက်ရှိ ဆောင်ရွက်နေပြီး ၎င်းတို့မှာ ပြည်ပနှင့် အစိုးရ ဖက်စပ်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း  သိရှိရသည်။
 

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်