Subscribe to our RSS Feed

ကချင်ပြည်နယ် တိုက်ပွဲများကြောင့်မိဘမဲ့ဖြစ်သွားသော ကလေး ၃၀ဦး ရှိလာ

From : အိဖြူမွန်


ကချင်ပြည်နယ်တွင် ဖြစ်ပွားသော  လက်နက်ကိုင် ပဋိပက္ခများကြောင့် မိဘသေဆုံး၍ မိဘမဲ့ဖြစ်သွားသော ကလေးငယ်ပေါင်း ၃၀ ဦးရှိပြီဖြစ်ကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ ဓမ္မဆရာ ဦးကွမ်ရှောင်က ပြောသည်။
ထိုမိဘမဲ့ကလေးငယ်များကို မြစ်ကြီးနားမြို့နှင့် ဗန်းမော်မြို့ပေါ်တွင် သီးသန့်ကယ်ဆယ်ရေးစခန်းနှစ်ခုဖွင့်၍ စောင့်ရှောက်ထားကြောင်း၊ ကလေးများတွင် ယခင်မိဘတစ်ဦးကျန်သော်လည်း  ကျန်ရစ်သူသည် စစ်အတွင်း ထပ်မံသေဆုံး၍ မိဘမဲ့ဖြစ်သွားသူများဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်ကရှင်းလင်းပြောကြားသည်။
“နဂိုက အမေသေတယ်။ အဖေကျန်တယ်။ စစ်ဖြစ်တော့ အဖေသေရတယ်စသဖြင့် နည်း လမ်းပေါင်းစုံနဲ့ မိဘမဲ့ကလေးတွေ ဖြစ်လာကြတာပါ။ မွေးစားဖို့တော့ သဘောမတူဘူး။ အခုချိန်က မငြိမ်းချမ်းသေးလို့။ ငြိမ်းချမ်းတဲ့အခါကျရင် အမျိုးနီးစပ်တော်တဲ့ လူတွေကို ရှာပြီးပေးမယ်”ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
 
 Myanmar Express 

1 comments:

ဦး ကွမ် ရှောင် ကို မေး ချင် တာ လေး တွေ ရှိ ပါ တယ်-
မိ ဘ မဲ့ ဖြစ် သွား တဲ့ က လေး တွေ ရှိ တယ် ဆို တော့ သား သမီး ချင်း ကို ယ် ချင်း စာ မိ ပါ တယ် ၊ ခင် ဗျား တို့ က တော့ အော် လည်း အော် နိုင် ပါ ပေ တယ် ၊စစ် ဖြစ် တယ် ဆို ရင် နှစ် ဘက် လုံး ထိ ခိုက် နစ် နာ မှု တွေ ရှိ စ မြဲ ပါ၊ က ချင် သောင်း ကျန်း သူ ကြောင့် ကျ ဆုံး သွား တဲ့ တပ် မ တော် သား တွေ မှာ လည်း သား သမီး တွေ ကျန် ရစ် မှာ ပါ၊ခင် ဗျား ဖြေ ပေး စေ ချင် တာ တွေ ကတော့၊(၁) ပထမ မိ ခင် သေ တယ် နောက် ဖ ခင် သေ တယ် ဆို တော့ အ မေ မရှိ တဲ့ သား သ မီး တွေ ကို ပစ် ပြီး ဖ ခင် က ဘယ် သွား နေ လို့ လဲ၊(၂)ဖ ခင် က ရော သောင်း ကျန်း သူ ထဲ က မ ဖြစ် နိုင် ဘူး လား (၃)ဖြစ် ခဲ့ တယ် ဆို ရင် သူ တို့ ပစ် လို့ မိုင်း ခွဲ လို့ သေ သွား တဲ့ သူ တွေ မှာ ရော သား သ မီး တွေ မ ကျန် နိုင် ဘူး လား(၄) ကျန် ခဲ့ နိုင် တယ် လို့ စဉ်း စားမိ ရင် အဲ ဒီ သူ တွေ အ တွက် ခင် ဗျား ဘယ် နှစ် ကြိမ် ဆု တောင်း ပေး ဘူး သ လဲ- -ကဲ ဖြေ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်