From : ခေတ်လူငယ်
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ငါးကြီးကရက်ကျေးရွာအုပ်စုရှိ ကျေးရွာငါးရွာတွင် ဧပြီ ၃၀ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်မှုကြောင့် တဲအိမ်အလုံး ၃၀ နှင့် ဟာလာဆန်စက်တစ်လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။ လေပြင်းတိုက်ခတ်ရာ ကျေးရွာအုပ်စုသုံးအုပ်စုမှ ကျေးရွာရှစ်ရွာတွင် တဲအိမ် ၆၂ လုံး ပြိုကျခဲ့ပြီး ဘုန်းကြီးကျောင်းတစ်ကျောင်း အမိုးလန် ပျက်စီးကာ တဲအိမ်များ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁၈၆၀၀၀၀ ခန့်နှင့် ဘုန်းကြီးကျောင်း အမိုးလန်ပျက်စီးမှု တန်ဖိုး ၃၀၀၀၀ ခန့် စုစုပေါင်း ငွေကျပ် ၁၈၉၀၀၀၀ ခန့်ဖြစ်ကြောင်း၊ လေဘေးဒုက္ခသည်များမှာ အိမ်ထောင်စု ၆၂ စုမှ လူဦးရေ (၁၂)နှစ်အထက် ကျား ၈၄ ဦး၊ မ ၈၆ ဦးနှင့် (၁၂)နှစ်အောက် ကျား ၄၅ ဦး၊ မ ၅၄ ဦး စုစုပေါင်း ၂၆၉ ဦးဖြစ်ကြောင်း သိရသည်။ ထိုလေဘေးသင့် ကျေးရွာများရှိ အဆောက်အအုံများ ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ၊ ပစ္စည်းသယ်ယူ ရွှေ့ပြောင်းရေးလုပ်ငန်းများကို တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့အပြင် မေ ၁ ရက်ညနေ ၃ နာရီခွဲခန့်က ငါးဖမ်းလှေငယ် ၁၁ စင်းဖြင့် ငါးဖမ်းနေကြစဉ် လေပြင်းတိုက်ကာ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ငါးဖမ်းလေငယ်များ တိမ်မှောက်သွားခဲ့ကြောင်း သိရသည်။ ထိုဖြစ်စဉ်ကြောင့် ငါးဖမ်းလှေငယ် ၁၁ စင်းလုံး တိမ်းမှောက်သွားခဲ့ရပြီး လှေပေါ်ပါလာသူ အမျိုးသမီးတစ်ဦး သေဆုံးကာ ကျန်ရှိသော လှေပေါ်ပါလာသူများ ကမ်းစပ်သို့ ရေကူးလွတ်မြောက်သွားခဲ့ကြောင်း၊ သက်ဆိုင်ရာမှ လှေနှင့် အလောင်းအား ဆယ်ယူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်