Subscribe to our RSS Feed

မိုဘိုင်းဖုန်းကတ်များ ပျက်စီးခဲ့ပါက အခမဲ့ လဲလှယ်ပေးမည်

From :သာအောင်

 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မိုဘိုင်းဖုန်းကတ်များ ပျက်စီးခဲ့ပါက အခမဲ့ ပြန်လည်လဲလှယ်ပေးတော့မည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ ကတ်ပျောက်၊ ကတ်ပျက်များကို ယခင်က တစ်သိန်းကျပ် သတ်မှတ်ထားရာမှ ငါးသောင်းကျပ်သို့ လည်းကောင်း၊ အဆိုပါ ငါသောင်းကျပ်မှ နှစ်သောင်းကျပ်သို့ လည်းကောင်း အသီးသီးလျှော့ချပေးခဲ့သည့်အပြင် ယခုအခါ၌ ကတ်ပျက်များကို အခမဲ့ အဖြစ်သို့ လည်းကောင်း၊ ကတ်ပျောက်များကိုမှု ယခင်အတိုင်းနှစ်သောင်းကျပ်အဖြစ်သို့ လည်းကောင်း ပြင်ဆင်သတ်မှတ်ခဲ့သည်ဟု သိရသည်။ ကတ်ပျောက်ဆုံးမှုအတွက် လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ လာရောက်လျှောက်ထားရမှာဖြစ်ပြီး ကတ်ပျက်စီးမှုအတွက်ကိုမှု ပျက်စီးသည့် ကတ်ပါရှိလျှင် လဲလှယ်ပေးမည်ဟု သိရသည်။ ရန်ကုန်မြို့၌ ကတ်ပျောက်၊ ကတ်ပျက်များကို ပန်းဆိုးတန်းဆက်သွယ်ရေးရုံး၊ အလုံဆက်သွယ်ရေးရုံး၊ လမ်း ၄၀ ဆက်သွယ်ရေးရုံး၊ ရန်ကုန်စာတိုက်ကြီး၊ ရွှေဂုံတိုင်ဆက်သွယ်ရေးရုံးအပြင် ဒေသတွင်းမိုဘိုင်း ဖုန်းလိုင်းရောင်းချပိုင်ခွင့်ရရှိသည့် ရတနာပုံတယ်လီပို့ ကုမ္ပဏီနှင့် Elite Tech ကုမ္ပဏီတို့၌ လဲလှယ်ဆောင်ရွက်နိုင်ပါသည်။
 
 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်