Subscribe to our RSS Feed

မီဒီယာကိုခုတုံးလုပ်၍စီးပွားရှာနေသာ သန်းထွဋ်အောင် (သို့) Eleven Media

From : ဒေါက်တာဆိတ်ဖွား

အစိုးရရဲ့ ကားတင်သွင်းခွင့်မူဝါဒနဲ့ပတ်သက်ပြီး ထိပ်ဆုံးကနေ ပြင်းပြင်းထန်ထန်ဝေဖန်နေတဲ့ မီဒီယာကိုပြပါဆိုရင် ပွကြီး Eleven မီဒီယာကိုပြရမှာပါဘဲ ၊ အစိုးရက ၂၀၀၇ မော်ဒယ်အထက်ကားတွေကို ကားဝယ်ဘို့လုံလောက်တဲ့ နိုင်ငံခြားငွေအကောင့်တစ်ခုရှိတာနဲ့ တင်သွင်းခွင့်ပြုလိုက်တာကို ပြည်သူအများ စုကကြိုဆိုကြပေမယ့် Eleven မီဒီယာကတော့ ကားတွေကျပ်လာမယ် ၊ ထိခိုက်သူတွေရှိတယ် ၊ အစိုးရဟာ ၈ လအတွင်းမူဝါဒ ၆ ခါပြောင်းနေတယ် အစရှိသဖြင့် အစိုးရကိုတိုက်ခိုက်ဝေဖန်ပြီး သူကတော့ ပြည်သူတွေနစ်နာမှာစိုးသလိုလို ကားတွေကျပ်လာပြီး လမ်းတွေပိတ်လာမှာပဲစိုး သလိုလို ပြည်သူ့ဘက်ကပဲရပ်တည်နေတဲ့စေတနာ မီဒီယာကြီးလိုလို လုပ်နေတာကို အမြင်ကပ်လို့ ဒီဆောင်းပါးကိုရေးပါတယ် ။

ဒီပုံကို ဦးမင်္ဂလာရဲ့ ဖေ့စ်ဘုတ်ကနေယူထားတာပါ

ပထမဦးဆုံးသိထားရမှာက အမှတ် ၈၂ မြန်မာ့ဂုဏ်ရည်လမ်း သာကေတာမှာရှိတဲ့ Paing Paing Auto ကား Showroom ဟာ Eleven က CEO သန်းထွဋ်အောင်ရဲ့ မိန်းမ ဒေါ်ယဉ်မွန်ဦး ပိုင်ပါတယ် တန်ဘိုးကြီးကားပေါင်းစုံကို ဒီ Showroom မှာရနိုင်ပါတယ် ၊ပါမစ်ပေါင်းစုံကိုလည်း ၀ယ်ပါတယ် ၊ ဒီနေရာမှာကြုံတုန်း သန်းထွဋ်အောင်ရဲ့မိန်းမ ဒေါ်ယဉ်မွန်ဦး အကြောင်းကို ပြောချင်ပါတယ် သူဟာ တိုက်ပွဲမှာကျဆုံးသွားတဲ့ ဗိုလ်မှူးဟောင်းတစ်ဦးရဲ့သမီးဖြစ်ပါတယ် ၊ မြို့မကျောင်းထွက်ဖြစ်ပြီး အရင်က ဗိုလ်ချုပ်ဈေးမှာ ဆိုင်ဖွင့်ထားပါတယ် ။ ၁၀ တန်းအောင်ပြီးကာလမှာပဲ မြန်မာပြည်က နာမည်ကျော် သရုပ်ဆောင်ဒါရိုက်တာကြီး တစ်ဦးရဲ့ သား ( ယခုအမေရိကားတွင်နေထိုင်သူ) နဲ့ လူငယ်သဘာဝ ချစ်ကြိုက်နေရာကနေ သန်းထွဋ်အောင်က ယောက္ခမကို ငွေလမ်းခင်းပြီး ရုပ်ရှင်ထဲကလို ဗီလိန်ဆန်ဆန် ရယူထားတာဖြစ်ပါတယ် ။ဒီလိုပြောနေတာဟာ ကာယကံရှင်တွေကိုပုဂ္ဂိုလ်ရေး ထိခိုက်စေလိုတဲ့ အတွက်ကြောင့်မဟုတ်ပါဘူး ခုစာရေးသူဟာ သန်းထွဋ်အောင်အကြောင်း အူမချေးခါးကအစ သိနေတဲ့သူဆိုတာကို စာဖတ်သူများသိစေချင်တာပါ ။ထပ်ပြီးတိတိကျကျပြောရရင် သူမဟာ ဗေဒင်ယတြာတွေကို ယုံကြည်သူဖြစ်ပြီး ၁၉၇၄ အောက်တိုဘာ ၂ ၇က်နေ့ဖွား ဖြစ်တယ် ဆိုတာတွေပါ သိပါတယ် ။

အစိုးရက ကားတွေစသွင်းခွင့်ပြုလိုက်တဲ့ ပထမအသုတ်မှာပဲ သန်းထွဋ်အောင် မိန်းမရဲ့ ကားတွေပါလာပါတယ် ။ ဒီမှာတင်ပြဿနာကစတော့တာပါဘဲ ၊ သူတို့သွင်းလာတဲ့အထဲမှာ ပါမစ်သတ်မှတ်ချက်နဲ့မကိုက်တဲ့ကားတွေပါလာတယ် ပထမသူတို့က ကာစတန်ကိုညှိတယ် ၊ မအောင်မြင်တော့ ဒီအောက်ကသတင်းကို Eleven မှာရေးချလိုက်ပါတယ် ။


ဒီသတင်းမှာ Highlight လုပ်ပြီး ရေးထားတာက .....


ဒီစာသားကိုကြည့်လိုက်တာနဲ့ သန်းထွဋ်အောင်ဟာ မိန်းမပြောတာတွေ တပည့်တွေပြောတာတွေကို အကြောင်းပြုပြီး သူတို့အကျိုးစီးပွားအတွက် မီဒီယာကိုအသုံးချနေတယ်ဆိုတာ ထင်ရှားနေပါတယ် ၊ ဒီနောက် သူတိုကတွေဟာ Custom က တားဆီးထားတဲ့ကားတွေအတွက် Custom ကို အဆက်မပြတ်လိုက်ပါတယ် ၊ တာဝန်ရှိသူတွေ က Customs ဥပဒေအရဆိုပါရင် သိမ်းဆည်းခြင်းထက် ကားအများစုမှာ ဒဏ်တပ်ရိုက်ခြင်းသာ အမြင့်ဆုံး ခံရနိုင်ကြောင်း ပြောတာကို ကားသိမ်းမခံရပဲ ဒဏ်ကြေးနဲ့တင်သူ့ကားတွေထုတ်လို့ရအောင်နဲ့ Custom တာဝန်ရှိသူတွေလည်း ကို ချီပြီးတုတ်ပြီးဖြစ်အောင် ဒီအောက်ကသတင်း ကို ၂၀၁၁ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ထပ်ထည့်လိုက်ပြန်ပါတယ် ။



Eleven က CEO သန်းထွဋ်အောင်ဟာသူ့ကိုယ်ကျိုးအတွက် မီဒီယာကိုသုံးပြီး လုပ်ခဲ့တဲ့အတွက် အကောက်အခွန်ဌာန တာဝန်ရှိသူတွေဟာ အတော်အလုပ်ရှုပ်ခဲ့ခေါင်းရှုပ်ခဲ့ရပြီး အစိုးရသတင်းစာတွေ အကောက်ခွန်ဌာနပိုင် ၀က်ဘ်ဆိုဒ်တွေကနေ ရှင်းရလင်းရအထိဖြစ်ခဲ့ရပါတယ် ။

ဒီလို အစိုးရနဲ့ ဌာနဆိုင်ရာ တွေကိုအမျိုးမျိုးဖိအားပေးပြီးရလာတဲ့ကားတွေရော နောက်ထပ်ရောက် လာလတံ့သော ကားတွေရော ဟာ အစိုးရရဲ့ ပါမစ်မလိုပဲ ကားသွင်းခွင့်ပြုခဲ့တဲ့မူဝါဒကြောင့် ဈေးတွေထိုးကျ ၀ယ်မယ့်သူမရှိဖြစ်သွားခဲ့ရတဲ့အပြင် ၊ ပြည်ပကနေအချိန်လုပြီးပြန်လာလုပ်တဲ့ သင်္ဘောသားတွေဆီကနှိမ် ၀ယ်ထားတဲ့ ပါမစ်တွေ အခြားနိုင်ငံခြားဝင်ငွေရှိသူတွေ ထံကအောက်ကြေးနဲ့ဝယ်ထားတဲ့ ပါမစ်တွေဟာ အစိုးရရဲ့အခုမူဝါဒကြောင့် တစ်ပြားမှမတန်ဘူးဖြစ်သွားခဲ့တယ် ဒီလိုမိအေး ၂ခါ ၃ ခါနာဖြစ်သွားတဲ့သန်းထွဋ်အောင်ဟာ အစိုးရရဲ့ ဒီမူဝါဒကို အတိုက်အခံလုပ်ဘို့ကြိုးစားတဲ့အနေနဲ့ လမ်းတွေမကောင်းသေးဘူး ၊ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်မယ် ၊ ကားသွင်းခွင့်ပြုသော်လဲ ပြည်သူများ အကျိုးမခံစားရသေး ဘတ်စ်ကားစုတ်များမြင့်သာသွားနေရ ၊ အစရှိတဲ့ သတင်းတွေကို ဆက်တိုက်ရေးပြီး အစိုးရကိုဝေဖန်နေတာဖြစ်တယ် ။

ဒီခေတ်မှာမီဒီယာအများစုဟာ ကိုယ့်ထမင်းကိုယ်အနိုင်နိုင်စားပြီး ပြည်သူ့အကျိုးဆောင်ရွက်နေကြတာ များပါတယ် သတင်းထောက်လေးတွေဆိုရင် တော်တော့်ကို အပင်ပန်းဆင်းရဲခံပြီး သတင်းတွေရယူနေတာ တွေ့နေရပါတယ် ၊ ဒါပေမယ့် ကျိကျိတက်ချမ်းသာပြီး ပြည်သူ့အကျိုးပဲလုပ်နေ သလိုလိုနဲ့ ကိုယ်ကျိုးလုပ်နေတဲ့ သန်းထွဋ်အောင်လို လူမျိုးက သူတော်ကောင်းယောင်ဆောင်ပြီး မြန်မာ့ မီဒီယာလောကထဲမှာပါနေတော့ မီဒီယာနာတယ် ။ မြန်မာ့မီဒီယာ တစ်လှေလုံးမပုတ်ချင်ရင် ငခုံးမသန်းထွဋ်အောင်ကို မြန်မြန် ဖယ်ထုတ်ပစ်ရမယ် ။

ပြည်သူအပေါင်း Eleven ရဲ့ရန်တိုက်ခြင်းဘေးမှ ကင်းဝေးပါစေ


Myanmar Express

10 comments:

like it!!1000 times,bravo

i am democratic person, even though i don't agree with the majority of news shown in this website, but i do like this article,eleven media has no media ethic at all,they use their media for their own profit but they make it looking like they're hero n standing infront of people, shit media

အော်..ခုတော့ပေါ်ပြီပေါ့ နောက်ထပ် လဲကျန်ပါသေးတယ် ကိုယ်ကြိုးအတွက် တစ်ခုပဲကြည့်တဲ့ မီဒီယာတွေ အများကြီး ကျန်ပါသေးတယ်

အင်------------------ ဒီကောင် ကို အရှင် ထားလို့ မရ တော့ ဘူ။ ဒီကောင် နောက်ထပ် ထပ် ရှုပ် ရင် ကြည့်ထားလိုက် ဘာဖြစ်မလဲဆိုတာ။

Thanks a lot for this post.Now we know what the Eleven Media is.

that is true. News must be fare.

good post .Eleven group is sitting on both side as in army situation time he is partner of army header . Now in NLD side . very funny.

သန်းထွဋ်အောင်ဆိုတဲ့ ကောင် က သူ့ကိုယ်သူ မြန်မာပြည်မှာ အတော်ဆုံးဆိုပြီး ထင်နေတဲ့ ကောင်၊

ဒေါ်အောင်ဆန်းစုကြည်တောင်သူ့ လောက်မတော်ဘူး ထင်နေတဲ့ကောင်

အားကစားဂျာနယ်ကိုတောင် တစ်ပတ်ည်းကို နှစ်စောင် ခွဲထုတ်ကတည်းက ဘယ်လောက်လောဘကြီးတယ်ဆိုတာပေါ်လွင်နေတယ်

ဒီကောင်က SSC ကိစ္စတုန်းကလည်း သန်းထဋ်အောင် ကသူ့ ရှယ်ယာဝင်ထားတဲ့ အာရှတော်ဝင်ဆေးရုံ သာအောင် SSC ကို န်ာမည်ပျက်အောင် သူပိုင် မီဒီယာကို ကိုယ်ကျိုးစီးပွားအတွက်အသုံးချတယ်။

အာရှတော်ဝင် ကကော ဘာထူးလဲ။ ၀န်ဆောင်မှု က စုတ်ပြတ်နေတာပဲ။

SSC နဲ့ နင်လားငါလားပဲ။ အာရှတော်ဝင်အကြောင်းတစ်ခါမှ မရေးဘူး သန်းထွဋ်အောင်ရှယ်ယာပါနေလို့ 

အမှန်တော့ သန်းထဋ်အောင် က မြန်မာပြည်က ခရိုနီတွေထဲ က တစ်ယောက်ပဲ။

ဇော်ဇော်၊ တေဇ တို့ ရဲ့ စီးပွားရေးဂွင်တွေလိုမျိုး.

သန်းထွဋ်အောင်ရဲ့နောက်ကွယ် က စီးပွားရေးဂွင်ကြီးတွေ။ ငွေမည်းကိစ္စတွေ ဖေါ်ထုတ်ပေးပါ။

သန်းထွဋ်အောင်ပိုင်ဆိုင် မှု တွေ ကို စစ်ဆေးပြီး ထောင်ချသင့်တယ်။


11 က သူသိသူတတ်ကောင်တွေလည်း စိတ္တဇဆေးရုံမြန်မြန်ပို့ သင့်တယ်။

ပြည်တွင်းမှာ မီဒီယာပေါင်းများ စွာ ရှိတယ်။

11 က ကောင်တွေ (သန်းထွဋ်အောင် က ရှေ့ဆုံး) က စောက်ကျက်သရေ အယုတ်ဆုံးပဲ

ရိုဟင်ဂျာကိစ္စလာည်း ပြည်ပမီဒီယာတွေ နဲ့ ရိုက်စား ကိစ္စလုပ် ထားတော့ မပြောရဲဘူး။


သတင်းထောက် ကို NLD က ဆက်ဆံပုံ ကို လည်း ရူးချင်ယေင်ဆောင်နေတယ်။

လူလည်ကြီး ခရိုနီကြီး သန်းထွဋ်အောင် ကို တရားမ၀င် ကြွယ်ဝချမ်းသာမှုတွေ ကို စစ်ဆေးပြီး တရားဥပဒေဘောင်ပြင်ပ က ပါးပါးလေးတွေ လုပ်ထားတာ တွေ့ ရင်ထောင်ချပေးပါ။

သန်းထွဋ်အောင်ရဲ့ အကပ် က ဘာကောင်ကြီးဆိုတာလည်း ဖေါ်ါ်ပြပေးပါ။

အကပ်မရှိပဲ သန်းထွဋ်အောင်ဆိုတဲ့ ကောင်ဒီလောက်မဟောင်ရဲဘူး

express time ကိုတော့ကြိုက်သွားပြီ ဟေ့ ပြည်သူဘက်တော် သား နောက် တစ်ခု ပေါ်လာ သာပေါ့ ရေးသာရေး ပွင့် ပွင့် လင်းလင်း အားကိုးပါတယ်......

ဟုတ်တယ် ထောက်ခံတယ် သူ့ဂျာနယ်မှာ ကားအေ
ကြာင်း အမှန်အတိုင်း comment ဝင်ရေးတာ account ကို block လုပ်လိုကတယ်။ ပထမတော့ ဘာဖြစ်လို့ block လုပ်သလဲ မသိဘူး myanmar experss က ဖော် တော့ မှ ပဲ သိတော့တယ် ကျေးဇူး ပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်