Subscribe to our RSS Feed

အဖြစ်အပျက်သည် မီဒီယာနှင့် NLD တို့ ကြားဖြစ်ပွားသည့် အဖြစ်အပျက်မဟုတ်ပဲ သတင်းထောက် တဦး၏ အခွင့်အရေး ပြဿနာတရပ် ဖြစ်


From : YPI

သဘောထား ထုတ်ပြန်ကြေညာချက်

နေ့စွဲ မေလ ၁၁ ရက်၊ ၂၀၁၂ ခုနှစ်-Yangon Press International

ယခုလ ၈ ရက်နေ့က ဖြစ်ပျက်ခဲ့သည့် Express Times မှ သတင်းထောက်အား ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးဖြစ်သူ ကိုကျော်စိုးနိုင်က အိမ်သာသို့ ခေါ်ဆောင်သွားကာ ခြိမ်းခြောက်ပြောဆိုခြင်း၊ သတင်းမီဒီယာ အလုပ်ကို စော်ကားပြောဆိုခဲ့သည့် အဖြစ်အပျက်ကို အန်အယ်လ်ဒီပါတီမှ စုံစမ်းပေးပါရန် Yangon Press International အနေဖြင့် တိုက်တွန်းလိုက်ပါသည်။

နိုင်ငံရေးပါတီကြီး တခု၊ နိုင်ငံခေါင်းဆောင်တဦး၏ လုံခြုံရေး တာဝန်ရှိသူက သတင်းထောက် တစ်ဦးကို ယခုလို ကြမ်းတမ်းစွာပြုမူခြင်းနှင့် သတင်းမီဒီယာ အလုပ်ပေါ် နှိမ့်ချပြောဆိုခြင်းအပေါ်လည်း ၀မ်းနည်းကြောင်း သဘောထား ထုတ်ပြန်လိုက်ပါသည်။

ယခုဖြစ်ပျက်သည့် အဖြစ်အပျက်သည့် သတင်းမီဒီယာနှင့် အန်အယ်လ်ဒီပါတီတို့ အကြားဖြစ်ပွားသည့် အဖြစ်အပျက်မဟုတ်ပဲ သတင်းထောက် တဦး၏ အခွင့်အရေးနှင့် လုံခြုံရေး တာဝန်ရှိသူက သတင်းမီဒီယာများအပေါ် ဆက်ဆံပြုမူပုံ ကိစ္စ၊ ပြဿနာတရပ်အဖြစ်ရှုမြင်ပါသည်။

ယခုထုတ်ပြန်ချက်မှာ မည်သည့် လူပုဂ္ဂိုလ် အပေါ်တွင်မှ ချစ်ခြင်း မုန်းခြင်းမဟုတ်ပဲ၊ သတင်းသမားများ အခွင့်အရေးကိစ္စတရပ်ဟု ရှုမြင်ကာ ထုတ်ပြန်ခြင်းဖြစ်သည်။

Myanmar Express

1 comments:

ထက်ထက်မိုးဦးပါရိုက်လိုက်တော့ သတင်းသမားတွေ
တော်တော်အော်လိုက်ကြတယ်ဗျာ။ အခုကျတော့ ဘာလို့
မအော်ကြတာလည်း။ ခင်ဗျားတို့မီဒီယာတွေမှာ ဖြောင့်မတ်
မှုရှိဖို့ အရေးကြီးတယ်ဗျ။ ခုလိုမျိုး ဘက်လိုက်နေကြမယ်
ဆိုရင်တော့ စတုတ္ထမဏ္ဍိုင်မဖြစ်ဘဲ ၀ဲစားတွေဘဲဖြစ်လာ
လိမ့်မယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်