Subscribe to our RSS Feed

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (T.N.D.P) အား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (T.N.D.P)အား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း၊ ကြေညာချက်အမှတ် (၂၆/၂၀၁၂)ကို ၂၀၁၂ ခုနှစ်၊ မေလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။  မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁) ရပ်ကွက်၊ ၄၀ x ၄၁၊ ၆၇ x ၆၈ လမ်းကြား၊ ကံ့ကော်လမ်းအမှတ် (ဓ-၁/၇၀-ခ) တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (T.N.D.P)အား ၂၀၁၂ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုလိုက်သည်။ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (T.N.D.P) ၏ မှတ်ပုံတင်အမှတ်မှာ (၅၃)ဖြစ်ကြောင်း သိရှိရသည်။
 

Myanmar Express 

1 comments:

ရှမ်းနီ ---- ဘယ်ဖက်က ရှမ်းတွေကို ကိုယ်စားပြုမှာလဲ အဲ့ဒီ ပါတီ ထောင်တဲ့သူတွေထဲမှာ ဘယ်သူတွေ ပါဝင်လဲ ? သိရသလောက်ကတော့ ရှမ်းပြည်က ရှမ်းတွေက ရှမ်းနီတွေကို လူရိုင်း ရှမ်းတွေလို့ သတ်မှတ်တာလေ ...... တည်ထောင်တဲ့ သူတွေကို သိချင်ပါတယ် ..............

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်