Subscribe to our RSS Feed

ဒုတိယဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း မနက်ဖြန် ပြည်ထောင်စုလွှတ်တော်တွင် ဒုသမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမည်


From : The Voice

လစ်လပ်နေသော ဒုတိယသမ္မတနေရာ အတွက် တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့က တင်သွင်းသည့် ဒုတိယသမ္မတ အမည်ကို မနက်ဖြန် (သြဂုတ်လ ၁၅ရက်) တွင်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်၌ ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်၏ အခမ်းအနားအစီအစဉ်တွင် ဖော်ပြထားချက် အရသိရသည်။

ယင်းနေ့တွင်ပင် အမည်စာရင်းတင်သွင်းခံရသော ပုဂ္ဂိုလ်က ဒုတိယသမ္မတ အဖြစ် ကတိသစ္စာပြုမည်ဖြစ်သည်။

စစ်တက္ကသိုလ် အမှတ်စဉ် (၁၆) ဆင်း ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ဒုသမ္မတလောင်း အဖြစ် ရွေးချယ်လိုက်သည်ဟု သတင်းများ ထွက်ပေါ်နေပြီး The Voice Weekly ကအတည်ပြုနိုင်ရေးကြိုးစားနေသည်။

ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း သည် ယခု စက်မှု့ဝန်ကြီး ဦးစိုးသိန်း နောက် ရေတပ် အကြီးအကဲ ဖြစ်လာသူဖြစ်သည်။

Myanmar Express


3 comments:

ကောင်းတယ်။

ပြည်သူအကျိုးကို ကောင်းမွန်စွာထမ်းဆောင်နိုင်ပါစေ ကြိုဆိုပါသည်

ဂုဏ်ယူဝမ်းမြောက်စွာကြိုဆိုပါတယ်။ နိုင်ငံအကျိုးအတွက်
အောင်မြင်စွာဆောင်ရွက်နိုင်သူဖြစ်ပါစေကြောင်း ဆုမွန်
ကောင်းတောင်းလျှက်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်