Subscribe to our RSS Feed

အရက်နှင့် အားဖြည့်အချိုရည်များ ရောစပ်သောက်သုံးမှုသည် အန္တရာယ်ရှိသော လိင်ဆက်ဆံမှုဆီ ဦးတည်

From : 7 Day News Journal

အရက်နှင့် အားဖြည့်အချိုရည်များ ရောစပ်သောက်သုံးမှုမှနေ၍ အမေရိကန်ကောလိပ်အရွယ် ကျောင်းသားများတွင် လိင်ကိစ္စကို လွယ်လွယ် သဘောထားခြင်းနှင့် အန္တရာယ်ရှိသော ပြုမူမှုပိုများလာကြောင်း အမေရိကန်သုတေသန တစ်ရပ်က တွေ့ရှိခဲ့သည်။ ယင်းသို့ ရောစပ်သောက်သုံးမှုကြောင့် အမေရိကန်နိုင်ငံ ကောလိပ်ကျောင်း အများအပြားတွင် ဖြစ်ပေါ်နေသော နောက်ကြောင်း ရာဇဝင် မသိသူများနှင့် အလွယ်တကူ လိင်ဆက်ဆံသော ယဉ်ကျေးမှုကို ပံ့ပိုးပေးခြင်း ဖြစ်နိုင်ကြောင်း နယူးယောက်ပြည်နယ် ဘတ်ဖလိုး တက္ကသိုလ်မှ သုတေသီ ကက်သလင်းအီးမီလ်လာက ပြောကြားသည်။ ကဖိန်းဓာတ်ပါသော အချိုရည်များကြောင့် အရက်သောက်သုံးမှုကို လွန်ကဲသွားစေကြောင်း ကဖိန်းဓာတ်ကြောင့် မိမိမည်မျှ မူးနေသည်ကို မခန့်မှန်းနိုင်တော့ကြောင်း ယင်းမှနေ၍ နောက်ကြောင်း ရာဇဝင် မသိသူများနှင့် လိင်ဆက်ဆံခြင်းဆီသို့ ဦးတည်နိုင်ကြောင်း သုတေသီများက ပြောကြားသည်။ သာမန်အချိန်များတွင် ယင်းသို့သော လိင်ဆက်ဆံဘက်များနှင့် ဆုံစည်းချိန်တွင် ကွန်ဒုံးကဲ့သို့ အကာအကွယ်ပစ္စည်းများ အသုံးပြုသော်လည်း အမူးလွန်နေ၍ အကာအကွယ်ပစ္စည်း သုံးစွဲမှု နည်းပါးသွားလေ့ရှိရာ လိင်မှကူးစက်သော ရောဂါများနှင့် မလိုလားသော သန္ဓေတည်ခြင်း စသော အန္တရာယ်များ မြင့်တက်လာသည်ဟု သုတေသီများက ကဖိန်း သုတေသန ဂျာနယ်တွင် ဖော်ပြထားသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်