Subscribe to our RSS Feed

ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်ထပ်မံဖွဲစည်း

From : hot news



ပထမအကြိမ် ပြည်သူလွှတ်တော် စတုတ္တပုံမှန်အစည်းဝေး (၂၆)ရက်မြောက်(၁၄.၈.၂၀၁၂)နေ့အစည်းအဝေးတွင် ပြည်သူလွှတ်တော် ဥက္ကဌသူရဦးရွှေမန်းမှ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာစမ်းစစ်သုံးသပ်ရေးကော်မရှင်အားယနေ့ ထပ်မံဖွဲ့စည်း လိုက်ကြောင်းသိရသည်။ အဖွဲဝင်များစာရင်းတွင် ဦးစိုးသိန်း ရသုံးခပ်မှန်းခြေငွေစာရင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း) ၊ ဦးကျော်စန်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းဒေသကြီးအုပ် ချူပ်ရေးမှူး ၊ ဦးခင်စိုး နိုင်ငံခြားရင်နှီးမြှပ်နှံမှုနှင့်ကုမ္ပဏီညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ငြိမ်း ၊ ဒေါ်မြတ်မြတ်စိုး နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူချုပ် (ငြိမ်း) ၊ ဦးညွှန့်ဝင်း မှုခင်းရဲတပ်ဖွဲမှူးရုံး (နေပြည်တော်) ရဲမှူးကြီး (ငြိမ်း) တို့အားဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်တွင်တာဝန်ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်